Connect with us

Hi, what are you looking for?

သတင်း

ဒီပဲယင်းအရှေ့ခြမ်းတွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် အကြောင်းမဲ့ပစ်ခတ်နေ

ဒီပဲယင်းမြို့နယ်တွင် ဒီဇင်ဘာ ၂ ရက်မှ ၁၂ ရက်အထိ ၁၀ရက်အတွင်း စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် ကျေးရွာ ၁၈ရွာရှိ အိမ်ပေါင်း ၁၆၀၀ ကျော်မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသခံအဖွဲ့များက ပြောသည်။

ညောင်လှကျေးရွာအတွင်း လက်နက်ကြီးဖြင့် ပစ်ခတ်ခံရပြီးနောက် တွေ့ရစဥ်၊ဓာတ်ပုံ-ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေး၊ NH
ညောင်လှကျေးရွာအတွင်း လက်နက်ကြီးဖြင့် ပစ်ခတ်ခံရပြီးနောက် တွေ့ရစဥ်၊ဓာတ်ပုံ-ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေး၊ NH

‌‌ဒေသခံပြည်သူများထွက်ပြေးတိမ်းရှောင်နေရပြီး အမျိုးသမီးတစ်ဦးလက်နက်ကြီးကျည်ထိ

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အရှေ့ခြမ်းတွင် စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးဖြင့်ပစ်ခတ်နေ၍ ဒေသခံပြည်သူအများအပြား ထွက်ပြေးတိမ်းရှောင်နေရပြီး အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိထားကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ယနေ့(ဒီဇင်ဘာ ၁၇ ရက်)နံနက် ၁၀ နာရီခန့်က ရေဦးမြို့ပေါ်မှ အင်အား၆၀ခန့်ပါ စစ်ကောင်စီတပ်သည် ယာဥ်နှစ်စီးဖြင့် ကုက္ကိုစု၊ ရွာသာလေးကျေးရွာဘက် ထွက်လာခဲ့သည်။ ထိုစစ်ကောင်စီတပ်သည် ဒီပဲယင်းအရှေ့ခြမ်းကျေးရွာများသို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့က ပြောသည်။

အဆိုပါပစ်ခတ်မှုကြောင့် ဒီပဲယင်းအရှေ့ခြမ်း ညောင်လှကျေးရွာထဲသို့ လက်နက်ကြီး ခုနစ်ချက်ခန့်ကျရောက်ခဲ့ပြီး အသက်(၄၀)အရွယ် ဒေသခံအမျိုးသမီးတစ်ဦး ခြေထောက်ထိမှန်ဒဏ်ရာရရှိခဲ့သည်။

ထို့အပြင် ဒေသခံ‌ပြည်သူအများအပြားလည်း ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

“စစ်ကောင်စီတပ်က ရေဦးနယ် ကုက္ကိုစုရွာကနေ ဒီပဲယင်းနယ် ညောင်လှကျေးရွာဘက်ကို ၁၂၀ မမ နဲ့ အချက် ၂၀ကျော် ထုခဲ့တယ်။”ဟု ဗိုလ်ကျားကြီးအဖွဲ့က ပြောသည်။

ထိုသို့ ပစ်ခတ်ခံရသော ညောင်လှကျေးရွာသည် ယခုလအစောပိုင်းအတွင်း စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုများကြောင့် နေအိမ် ၂၀၀ခန့် မီးလောင်ဆုံးရှုံးခဲ့ရသည်။

ဒီပဲယင်းမြို့နယ်တွင် ဒီဇင်ဘာ ၂ ရက်မှ ၁၂ ရက်အထိ ၁၀ရက်အတွင်း စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် ကျေးရွာ ၁၈ရွာရှိ အိမ်ပေါင်း ၁၆၀၀ ကျော်မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသခံအဖွဲ့များက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်ကနေ ဧရာဝတီမြစ်အတိုင်းစစ်သင်္ဘောတွေစုန်လာပြီး မြစ်ကမ်း​ဘေးတ​လျှောက်လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် မြစ်ကမ်းဘေး ကျေးရွာက ပြည်သူတွေ ဂရုပြု နေထိုင်ကြဖို့ တော်လှန်ရေးတပ်တွေကသတိပေးထားပါတယ်။

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အနောက်ခြမ်းရှိကျွန်းကြီးရွာမှာတပ်စွဲထားတဲ့ စစ်တပ်က ဒီက​နေ့မနက်ပိုင်းမှာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ​​ကြောင့် ဝက်လက်မြို့နယ်အရှေ့ခြမ်းကိုကျပြီး လင်မယားနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

နိုင်ငံတကာ

နိုင်ငံရဲ့ လက်နက်ကြီး ပစ်အားကို လက်တွေ့ စမ်းသပ်တဲ့ လေ့ကျင့်ပစ်ခတ်မှုတစ်ခု လုပ်ဆောင်ခဲ့ကြောင်း မြောက်ကိုရီးယားက ထုတ်ပြန်ပါတယ်။

သတင်း

စစ်တွေမြို့နယ်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်နေရာတွေမှာ တိုက်ပွဲဖြစ်နေချိန် စစ်တွေမြို့ပေါ် အထက(၄)စာသင်ကျောင်းဝင်းထဲနဲ့ စံပြရပ်ကွက်ထဲကို ဒီနေ့ မနက်ပိုင်းမှာ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲခဲ့တယ်လို့ မြို့ခံတွေက ပြောကြပါတယ်။