Connect with us

Hi, what are you looking for?

သတင်း

ပခုက္ကူရှိ စစ်ဆေးရေးဂိတ်ကို PDF တိုက်ခိုက်ရာ စစ်ကောင်စီတပ် သုံးဦးသေ၊ တစ်ဦးဒဏ်ရာပြင်းထန်

စစ်ဆေးရေးပြုလုပ်နေသော စစ်ကောင်စီတပ်သား လေးဦးအား ဝင်ရောက်ပစ်ခတ်ခဲ့ရာ သုံးဦးမှာ နေရာတင် ပွဲချင်းပြီး သေဆုံးပြီး ကျန် တစ်ဦးမှာ အပြင်းအထန်ဒဏ်ရာရရှိပြီး သေဆုံးနိုင်ချေရှိကြောင်း ထုတ်ပြန်သည်။

(သိမ်းဆည်းရမိသော ကားနှင့် လက်နက်ပစ္စည်းများအား တွေ့ရစဥ်၊ ဓာတ်ပုံ - Earthquake PDF)
(သိမ်းဆည်းရမိသော ကားနှင့် လက်နက်ပစ္စည်းများအား တွေ့ရစဥ်၊ ဓာတ်ပုံ - Earthquake PDF)

▪️သေနတ် ၂လက်၊ ကားတစ်စီးနှင့်ကျည်များ သိမ်းဆည်းရရှိဟု Earthquake PDF အသိပေး

မကွေးတိုင်း ပခုက္ကူမြို့ရှိ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်တစ်ခုကို ယနေ့ နေ့လယ်ပိုင်းက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်ရှိခဲ့သည်ဟု Earthquake ပြည်သူ့ကာကွယ်ရေးတပ်(PDF) က သတင်းထုတ်ပြန်သည်။

ဒီဇင်ဘာ ၁၈ရက် နေ့လယ် ၁နာရီခွဲခန့်တွင် ပခုက္ကူတက္ကသိုလ်နှင့် ခြောက်ကန်ကျေးရွာအကြားရှိ စစ်ဆေးရေးဂိတ်အား တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

စစ်ဆေးရေးပြုလုပ်နေသော စစ်ကောင်စီတပ်သား လေးဦးအား ဝင်ရောက်ပစ်ခတ်ခဲ့ရာ သုံးဦးမှာ နေရာတင် ပွဲချင်းပြီး သေဆုံးပြီး ကျန် တစ်ဦးမှာ အပြင်းအထန်ဒဏ်ရာရရှိပြီး သေဆုံးနိုင်ချေရှိကြောင်း ထုတ်ပြန်သည်။

(သိမ်းဆည်းရမိသော ကားနှင့် လက်နက်ပစ္စည်းများအား တွေ့ရစဥ်၊ ဓာတ်ပုံ - Earthquake PDF)
(သိမ်းဆည်းရမိသော ကားနှင့် လက်နက်ပစ္စည်းများအား တွေ့ရစဥ်၊ ဓာတ်ပုံ – Earthquake PDF)

အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်မှ MA3 (၁)လက်၊ အူစီ(၁)လက်၊ G3 ကျည် (၅၀၀)၊ G3 ကျည်ဘောက်(၂)ခု၊ ကား(၁)စီး၊ လက်ထိပ်၊ ဆပ်ကြေးကောက်ခံသော စာအုပ်(၁)အုပ်၊ မှတ်ပုံတင်၊ ဖိနပ်၊ ဦးထုပ်၊ ငွေသား(၃)သိန်းနှင့် လက်ကိုင်ဖုန်း(၂)လုံးတို့ကို သိမ်းဆည်းရမိခဲ့သည်ဟု ဓာတ်ပုံများနှင့်အတူ ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ယခု စစ်ဆင်ရေးအတွင်း ပြည်သူကာကွယ်ရေးတပ်ဖွဲ့ဝင်များ ထိခိုက်ကျဆုံးမရှိဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့သည်ဟု အသိပေးထားသည်။

Public Service Announcement
Public Service Announcement

“တစ်ယောက်က ထွက်ပြေးဆို ဒဏ်ရာအပြင်းအထန်ရပြီး ဆေးရုံရောက်သွားတယ်ပြောတယ်။ ဆေးရုံရောက်ချိန်မှာ အမျိုးသားအင်္ဂါပါမလာတော့ဘူးလို့ သိရတယ်။ သေဖို့ များမယ်ထင်ပါတယ်”ဟု Earthquake People’s Defence Force မှ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

ထို့အပြင် စစ်ကောင်စီစစ်ဆေးရေးဂိတ်အား တိုက်ခိုက်ရန်သွားရောက်ရာတွင် အသုံးပြုခဲ့သည့် ဖောကားတစ်စီးမှာ စစ်တပ်ဂိတ်အနီးအရောက်တွင် စက်ချို့ယွင်းကာနှိုးမရတော့၍ ယင်းဖောကားကိုထားခဲ့ပြီး သိမ်းဆည်းရမိသောကားဖြင့် ပြန်ခဲ့ရကြောင်း ၎င်းတော်လှန်ရေးရဲဘော်က ရှင်းပြသည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

ပခုက္ကူမြို့အခြေစိုက် တပ်မ(၁၀၁)က စစ်ကြောင်းတွေ မြိုင်မြို့နယ်က တွင်းမပြည်သူ့စစ်ကျေးရွာကို ဦးတည်လာနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

စစ်သား ၁၄ ဦး အညံ့ခံ၊ လက်နက်ခဲယမ်းတွေသိမ်းရ၊စစ်ရာဇဝတ်မှုကျူးလွန်သူတွေကိုစစ်ဥပ​ဒေနဲ့အ​ရေးယူမည်