Connect with us

Hi, what are you looking for?

သတင်း

စစ်အုပ်စုလုပ်မည့် အတုအယောင်ရွေးကောက်ပွဲ ပြတ်သားစွာဆန့်ကျင်ကြရန် ယာယီသမ္မတထပ်လောင်းတိုက်တွန်း

“အထူးသဖြင့် စစ်ကောင်စီက ကျင်းပပြုလုပ်တဲ့ အတုအယောင်ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး တုံ့ပြန်မယ့်ကိစ္စဖြစ်တယ်”ဟု ယာယီသမ္မတက ပြောကြားသည်။

စစ်အုပ်စုလုပ်မည့် အတုအယောင်ရွေးကောက်ပွဲ ပြတ်သားစွာဆန့်ကျင်ကြရန် ယာယီသမ္မတထပ်လောင်းတိုက်တွန်း
စစ်အုပ်စုလုပ်မည့် အတုအယောင်ရွေးကောက်ပွဲ ပြတ်သားစွာဆန့်ကျင်ကြရန် ယာယီသမ္မတထပ်လောင်းတိုက်တွန်း

▪️စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်သည့် မည်သည့် အာဏာဖီဆန်ရေးကိစ္စမဆိုသေးဖွဲသည်ဟူ၍ မရှိဟု ပြော

စစ်အုပ်စု၏ ရွေးကောက်ပွဲသည် ၎င်းတို့ အာဏာသက်ဆိုးရှည်ရေးနှင့် ရင်ဆိုင်နေရသည့် စစ်ရေး၊နိုင်ငံရေး၊ အထွေထွေအကြပ်အတည်းများကို လျှော့ချနိုင်ရေး ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်၍ ပြည်သူတစ်ရပ်လုံး ဆန့်ကျင်ကြရန် အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက တိုက်တွန်းသည်။

“နိုင်ငံရေးလှည့်ကွက်၊ နိုင်ငံရေး ထောင်ချောက်သာဖြစ်ပြီး တရားမဝင်၊ အတုအယောင် ရွေးကောက်ပွဲကို ကျွန်ုပ်တို့ ပြည်သူတရပ်လုံးက ပြတ်ပြတ်သားသား ဆန့်ကျင်ဖို့ လိုပါတယ်” ဟု ယာယီသမ္မတက ကပြောသည်။

ယနေ့ကျင်းပသည့် အစိုးရ အဖွဲ့အစည်းအဝေး၌ ယာယီသမ္မတက ယခုကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

၂၀၂၃တွင် စစ်ကောင်စီက အတုအယောင်ရွေးကောက်ပွဲကို မဖြစ်ဖြစ်သည့်နည်းဖြင့် ကျင်းပပြီး နိုင်ငံတကာ၏ တရားဝင်မှုရအောင် နိုင်ငံရေး ထွက်ပေါက်ရှာမည်ဆိုသည်ကို တွေ့နေရသည်ဟု ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

“ဥပဒေအရပ်ရပ်ကို ချိုးဖောက်ပြီး နိုင်ငံတော်အာဏာကို အကြမ်းဖက်လုယူရန် ကြိုးစားနေရုံ သာမက ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို နေ့စဥ်နှင့်အမျှ သတ်ဖြတ်၊ ညှင်းပမ်း နှိပ်စက်၊ ဖျက်ဆီးနေသော အကြမ်းဖက် စစ်အုပ်စုအနေဖြင့် ရွေးကောက်ပွဲတရပ် ကျင်းပရန် အခွင့်အာဏာ လုံးဝမရှိပေ။ ၎င်းတို့ ကျင်းပမည်ဆိုသော “ရွေးကောက်ပွဲ” ဆိုတာ လက်ရှိမြန်မာ့နိုင်ငံရေး အကြပ်အတည်း၊ ပြဿနာ၏ ထွက်ပေါက်နှင့် အဖြေ လုံးဝမဟုတ်ရုံသာမက ပြဿနာကို ပိုမိုရှုတ်ထွေးစေမည့်၊ ပိုမို ခက်ခဲကြပ်တည်းစေမည့် လုပ်ရပ်သာဖြစ်ပြီး ရွေးကောက်ပွဲ ဟူသော အသုံးအနှုန်းကို သုံးစွဲရန်ပင် ထိုက်တန်မှုမရှိသည့် အမှန်တရားကို ဖုံးကွယ်ပုံဖျက်မှု (Deception) သာ ဖြစ်ပါတယ်”ဟုလည်း ယာယီသမ္မတက ပြောသည်။

ယာယီသမ္မတ၏ မိန့်ခွန်းတွင် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ဖီဆန်တော်လှန်ခြင်း နှင့်ပတ်သက်ပြီး အလေးထား ပြောကြားခဲ့သည်။နွေဦးတော်လှန်ရေး စတင်ပြီးချိန်ကလည်းက ပြည်သူ့အာဏာဖီဆန်ရေးလှုပ်ရှားမှုသည် အုံလိုက်ကျင်းလိုက် အားကောင်းခဲ့ပြီး စစ်အာဏာရှင် စနစ်၌ ထောက်တိုင်အဖြစ် ပူးပေါင်းပါဝင်နေသူများကို လူမှုရေးပြစ်ဒဏ်ခတ်ခြင်း၊ သပိတ်မှောက်ဆန့်ကျင်ခြင်းများ ကျယ်ပြန့်စွာ ဖြစ်ထွန်းခဲ့သည်ဟု ဆိုသည်။

“ပြည်သူ့အာဏာဖီဆန်ရေးလှုပ်ရှားမှုဆိုတာ “ရုံးမတက်ဘူး”ဆိုတဲ့ လှုပ်ရှားမှုထက် ပိုမိုကျယ်ပြန့်တာကိုလည်း တွေ့ရပါတယ်။ ဒါ့ကြောင့် တခြားသော ပြည်သူ့အာဏာဖီဆန်ရေးလှုပ်ရှားမှု တွေကိုလည်း ကျယ်ကျယ်ပြန့်ပြန့် ထပ်မံလုပ်ဆောင်နိုင်တာ တွေ ရှိနေသေးတယ်ဆိုတာ မမေ့ကြဖို့ နှိုးဆော်ချင်ပါတယ်။ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့ မည်သည့်အာဏာဖီဆန်ရေးကိစ္စမဆို သေးဖွဲသည်ဟူ၍ မရှိပါဘူး…။ ဒီအမြင် ဒီအယူအဆကို အခြေခံပြီး လူထုကကျယ်ကျယ်ပြန့်ပြန့်နဲ့ နည်းနာပေါင်းစုံ ကဏ္ဍပေါင်းစုံမှာ အသွင်သဏ္ဍာန်ပေါင်းစုံနဲ့ စစ်အာဏာရှင်ကို အာဏာဖီဆန်ဖို့ လှုံ့ဆော်စည်းရုံးနေရမယ်လို့ ယူဆပါတယ်”ဟု ယာယီသမ္မတက ပြောသည်။

၂၀၂၃ သည် စစ်ရေး၊ နိုင်ငံရေး အချိုးအကွေ့များဖြစ်လာနိုင်မည့်နှစ်ဟု ယူဆကြောင်း၊ ထို့ကြောင့် တော်လှန်ရေး လမ်းစဉ်များ၌ မဟာဗျူဟာအရ မမှားစေရန် လိုအပ်သကဲ့သို့ နည်းဗျူဟာ အရ အလွဲအချော်များ မဖြစ်စေရန်လိုအပ်ကြောင်း ယာယီသမ္မတက ပြောသည်။

“အထူးသဖြင့် စစ်ကောင်စီက ကျင်းပပြုလုပ်တဲ့ အတုအယောင်ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး တုံ့ပြန်မယ့်ကိစ္စဖြစ်တယ်”ဟု ယာယီသမ္မတက ပြောကြားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်၊ဂုံညင်းဆိပ်တိုက်နယ်ပကဖတာဝန်ခံ မြတ်စိုးနဲ့ဇနီးဖြစ်သူတို့ စစ်အုပ်စုနဲ့ ပူးပေါင်းသွားပြီးနောက် တော်လှန်ရေးတပ်တွေရဲ့အခွန်ဂိတ်တွေကို စစ်တပ်က‌ လေကြောင်းကဗုံးကြဲတာ​ကြောင့် ကျေးရွာ၇ရွာခန့်ကပြည်သူတွေ ရှောင် တိမ်း နေကြရတယ်လို့ဒေသခံ တွေကပြောပါတယ်။

နိုင်ငံတကာ

ဖိလစ်ပိုင် နိုင်ငံရဲ့ မွတ်ဆလင် အများစု နေထိုင်ရာ ဒေသမှာ ပထမဆုံး ကျင်းပမယ့် ရွေးကောက်ပွဲ မတိုင်ခင် ပစ်ခတ်မှုတွေ ဖြစ်ပွားလို့ ၃ ဦးသေ၊ ၁၅ ဦး ဒဏ်ရာရခဲ့ပါတယ်။

သတင်း

ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီးဦးကျော်မိုးထွန်းနဲ့ပတ်သက်လို့ အာဏာသိမ်းစစ်တပ်လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကို ကြည့်ရင် စစ်အုပ်စုအနေနဲ့ ကြံရာမရ(Desparation)ဘယ်လောက်ဖြစ်နေသလဲဆိုတာပြသနေတယ်လို့သံအမတ်ကြီးဦကျော်မိုးထွန်းက လူထုနွေဦးကို ပြောပါတယ်။

သတင်း

မြန်မာ့အရေးဆုံးဖြတ်မယ့်အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ILO ရဲ့အစည်းအဝေးကို အာဆီယံနိုင်ငံတွေရဲ့ပံ့ပိုးမှုနဲ့ တက်ရောက်ခွင့်ရဖို့ အာဏာသိမ်းစစ်တပ်က ကြိုးပမ်းနေတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂ အဖွဲ့ချုပ် CTUM ဗဟိုအလုပ်အမှုဆောင်ဒေါ်ခိုင်ဇာအောင်ကပြောပါတယ်။