Connect with us

Hi, what are you looking for?

သတင်း

အင်းတော်နယ် စက်တောကုန်းရွာ နေအိမ် ၄၀ ကျော်နှင့် စပါးကျီ ၃၀ကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး

အင်းတော်မြို့နယ်တွင် စစ်ကောင်စီတပ်များ မီးရှို့၍ ဒီဇင်ဘာ ၁၆ရက်မှ ၂၀ရက်အတွင်း ရွာပေါင်း ၆ရွာမှ အိမ်ခြေ ၁၀၀ကျော် မီးလောင်ပျက်စီးခဲ့ရသည်ဟု ဆိုသည်။

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ် စက်တောကုန်းကျေးရွာကို စစ်ကောင်စီတပ်က ယမန်နေ့(ဒီဇင်ဘာ ၂၀ရက်)တွင် မီးရှို့ဖျက်ဆီးခဲ့ရာ အိမ်ခြေ ၄၁လုံးနှင့် စပါးတိုက်(စပါးကျီ) ၃၀မီးလောင် ပျက်စီးခဲ့ကြောင်း Indaw Revolution က ယနေ့ ထုတ်ပြန်သည်။

အင်းတော်မြို့နယ်တွင် စစ်ကောင်စီတပ်များ မီးရှို့၍ ဒီဇင်ဘာ ၁၆ရက်မှ ၂၀ရက်အတွင်း ရွာပေါင်း ၆ရွာမှ အိမ်ခြေ ၁၀၀ကျော် မီးလောင်ပျက်စီးခဲ့ရသည်ဟု ဆိုသည်။

လက်ရှိတွင် စစ်ကောင်စီတပ်များသည် နတ်မဟုတ်ကြီးရွာကို ရောက်ရှိနေပြီး ဖားပန်နှင့် ပင်ဝယ် ကြား တောထဲ၌လည်း နန့်စီးအောင်ဘက်မှ ဆင်းလာသည့် အင်အား ၁၀၀ကျော်ခန့် စစ်ကြောင်း ရောက်ရှိနေကြောင်း အသိပေးထားသည်။

“ပြည်သူများ ပြည်သူအချင်းချင်း ဂရုစိုက်ပြီး ကူညီပေးကြပါ”ဟု Indaw Revolution က တိုက်တွန်းထားသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်သည် နတ်မဟုတ်ကြီးရွာကို ပြီးခဲ့သည့် နိုဝင်ဘာအတွင်းက မီးရှို့ဖျက်ဆီးခဲ့ပြီး ယခု ဒီဇင်ဘာတွင် ဂျုံးဂျုံးကျ ရွာသစ်၊ ဂျုံးဂျုံးကျရွာမ၊ ပိန်းအင်း၊ မအူကုန်း၊ စက်တောကုန်း ကျေးရွာများကို မီးရှို့ဖျက်ဆီးခဲ့သည်။

Public Service Announcement
Public Service Announcement

ထို့ပြင် ဒီဇင်ဘာ ၁၈ရက်က ပိန်းအင်းရွာအနီး၌ ဒေသခံပြည်သူ လေးဦးကို သတ်ဖြတ်ပြီး ရွာဘုန်းကြီးကျောင်းအတွင်း မြှုပ်နှံသွားကြောင်း Indaw Revolution က အသိပေးထားသည်။

အင်းတော်မြို့နယ်ကို ဝင်ရောက်လာသည့် စစ်ကောင်စီတပ်၏ မီးရှို့စစ်ကြောင်းကို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းအဖွဲ့က ခုခံတိုက်ခိုက်ခဲ့ရာ တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။ ဒီဇင်ဘာ ၁၆ရက်မှ ၁၈ရက်အထိ သုံးရက်ဆက် တိုက်ပွဲဖြစ်ခဲ့ပြီး ဒီဇင်ဘာ ၁၇ရက် ဂျုံးဂျုံးကျရွာအနီးတိုက်ပွဲ၌ စစ်ကောင်စီတပ်က သေဆုံးထိခိုက်များပြားခဲ့သည်ဟု အင်းတော် PDF ရဲဘော်က ပြောကြားထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) ဖာပွန်ခရိုင်(မူတြော်ခရိုင်) တပ်မဟာ(၅)နယ်မြေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ စာသင်ကျောင်းနဲ့ နေအိမ်အဆောက်အဦး ပျက်စီးခဲ့ကြောင်း ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက်(KPSN)က ထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်နဲ့ စစ်တပ်လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ်က ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်က စစ်ရှောင်ပြည်သူတွေရဲ့ နေအိမ်တွေကို ဖြုတ်ယူရောင်းစားနေတယ်လို့ ဒေသခံသတင်း ရင်းမြစ်တချို့က ပြောပါတယ်။