Connect with us

Hi, what are you looking for?

သတင်း

ရခိုင်မှာ ရွေးကောက်ပွဲအတွက် စစ်ကောင်စီ မဲစာရင်းကောက်မယ်လို့ဆို

မဲစာရင်းကောက်ယူမယ့်သူတွေအတွက် သင်တန်းကို ရခိုင်ပြည်နယ် ၊စစ်တွေမြို့ ဦးဥတ္တမခန်းမမှာ မနေ့က ပြုလုပ်ခဲ့တာလည်းဖြစ်ပါတယ်။

ဓာတ်ပုံ - သိကြားစေချင် ငွေသဇင်/FB
ဓာတ်ပုံ - သိကြားစေချင် ငွေသဇင်/FB

လာမယ့် ၂၀၂၃ ခုနှစ်ထဲ ကျင်းပမယ်ဆိုတဲ့ ရွေးကောက်ပွဲအတွက် ရခိုင်ပြည်နယ်မှာ မဲစာရင်းကောက်ယူတာတွေကို စစ်ကောင်စီက လာမယ့် နှစ် ဇန်နဝါရီလ ၉ ရက်မှာစတင်တော့မယ်လို့ဆိုပါတယ်။

အိမ်တိုင်ရာရောက်လူဦးရေစာရင်းကောက်မှာဖြစ်ပြီး ဒီလို ကွင်းဆင်းစာရင်းကောက်ဖို့ အဖွဲ့ ၁၂၉၀ ဖွဲ့ထားကာ အဖွဲ့ဝင်အင်အား ၆၉၄၀ ဦးနဲ့ ကောက်ယူမယ်လို့ စစ်ကောင်စီခန့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်က မနေ့က ပြောပါတယ်။

မဲစာရင်းကောက်ယူမယ့်သူတွေအတွက် သင်တန်းကို ရခိုင်ပြည်နယ် ၊စစ်တွေမြို့ ဦးဥတ္တမခန်းမမှာ မနေ့က ပြုလုပ်ခဲ့တာလည်းဖြစ်ပါတယ်။

AA နဲ့ အပစ်ရပ်ပြီးနောက် ရက်သတ္တပတ်အနည်းငယ်အကြာမှာပဲ စစ်ကောင်စီက မဲစာရင်းကောက်ဖို့စိုင်းပြင်းနေတာလည်းဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲတွေ က အင်အားကောင်းခဲ့တဲ့ ရခိုင်အမျိုးသားပါတီ ရဲ့ ပါတီ ဝင်ဟောင်း လည်းဖြစ် ၊လွှတ်တော်ကိုယ်စားလှယ်ဟောင်းဖြစ်သူ ဦးဖေသန်းကတော့ စစ်ကောင်စီရဲ့ရွေးကောက်ပွဲ ကို လူထုက စိတ်ဝင်စားမှုမရှိဘူးလို့ မီဒီယာကိုဖြေထားပါတယ်။

ဒါအပြင် နိုင်ငံတကာကလည်း ထောက်ခံမှုမရှိသလို လွတ်လပ်တရားမျှတ မှာမဟုတ်ပေမယ့် စစ်ကောင်စီကတော့ ရွေးကောက်ပွဲကို ဖြစ်သလို ကျင်းပလိမ့်မယ်လို့ ဦးဖေသန်းက သုံးသပ်ထားပါတယ်။

စစ်ကောင်စီခေါင်းဆောင်ဟာ ၂၀၂၃ ခုနှစ် သြဂုတ်လအတွင်း ရွေးကောက်ပွဲကျင်းပမယ်လို့ အာဏာသိမ်းချိန်ကတည်းက ပြောဆိုထားပါတယ်။

အဲဒီရွေးကောက်ပွဲကို ပြည်သူထောက်ခံမဲပေးတဲ့ ပါတီအနိုင်ရတဲ့ စနစ်မျိုးမဟုတ်ဘဲ ရရှိတဲ့ မဲအရေအတွက်အလိုက် ဝင်ပြိုင်တဲ့ ပါတီ တွေကိုယ်စားလှယ်ရတဲ့အချိုးကျ ကိုယ်စားပြု စနစ် နဲ့ကျင်းပဖို့လည်းပြင်ဆင်ထားပြီဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ NLD ပါတီကတော့ တရားမဝင် အာဏာသိမ်း စစ်ကောင်စီရဲ့ရွေးကောက်ပွဲကို ဘယ်နည်းနဲ့မျှ လုံးဝ အသိအမှတ်ပြုမှာမဟုတ်ကြောင်း တရားဝင်ထုတ်ပြန်အသိပေးထားပါတယ်။

အမေရိကန်အစိုးရကလည်း စစ်ကောင်စီရဲ့ရွေးကောက်ပွဲကို ထောက်ခံမှာမဟုတ်ဘူးလို့ ပြီးခဲ့တဲ့ လပိုင်းတွေထဲက ကြိုတင် ပြောဆိုထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဖိလစ်ပိုင် နိုင်ငံရဲ့ မွတ်ဆလင် အများစု နေထိုင်ရာ ဒေသမှာ ပထမဆုံး ကျင်းပမယ့် ရွေးကောက်ပွဲ မတိုင်ခင် ပစ်ခတ်မှုတွေ ဖြစ်ပွားလို့ ၃ ဦးသေ၊ ၁၅ ဦး ဒဏ်ရာရခဲ့ပါတယ်။

ဆောင်းပါး

ဂျာမနီ၏ ရွှေ့ပြောင်းနေထိုင်မှု အပြောင်းအ လဲနဲ့ အာရှကျောင်းသား​တွေရဲ့ အိပ်မက်

သတင်း

အကျိုးဆောင်လိုင်စင်မရှိဘဲပြည်ပမှာအလုပ်လုပ်ကိုင်ဖို့အတွက် ပို့ဆောင်ပေးနေတဲ့ ရခိုင်ပြည်နယ် မြောက်ဦးနဲ့ ချင်းပြည်နယ်ပလက်ဝမြို့နယ်က အမျိုးသမီးနှစ်ဦးကိုပြည်ပအလုပ်အကိုင်ဆိုင်ရာဥပဒေပုဒ်မ၂၆နဲ့အမှုဖွင့် အရေးယူ ထားတယ်လို့ အာရက္ခတပ်တော်(AA)လက်အောက်ခံရဲတပ်ဖွဲ့က စက်တင်ဘာ ၆ ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။