Connect with us

Hi, what are you looking for?

သတင်း

စမ်းချောင်းတွင် လက်ဖက်ရည်ဆိုင်ထိုင်နေသည့် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ ပစ်ခတ်ခံရ

အခင်းဖြစ်ပွားပြီးနောက် စစ်ကောင်စီဝင်အများအပြား ရောက်ရှိလာပြီး စမ်းချောင်းရှိ သဇင်လမ်းအား ပိတ်ဆို့၍ စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း ရပ်ကွက်နေပြည်သူများက ပြောသည်။

(အခင်းဖြစ်ပွားသည့်ဆိုင်အား စစ်ကောင်စီဝင်များက စစ်ဆေးမှုများ ပြုလုပ်နေစဥ်၊ဓာတ်ပုံ - CJ)
(အခင်းဖြစ်ပွားသည့်ဆိုင်အား စစ်ကောင်စီဝင်များက စစ်ဆေးမှုများ ပြုလုပ်နေစဥ်၊ဓာတ်ပုံ - CJ)

▪️အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးသေပြီး ဆယ်အိမ်မှူးဒဏ်ရာရရှိဟုဆို

ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်တွင် ယနေ့ (ဒီဇင်ဘာ ၂၂) နံနက်ပိုင်းက လက်ဖက်ရည်ဆိုင်ထိုင်နေသည့် စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ သေနတ်ဖြင့် ပစ်ခတ်ခံရကြောင်း ဒေသခံများက ပြောသည်။

ယနေ့ နံနက် ၁၀နာရီခွဲဝန်းကျင်တွင် စမ်းချောင်းမြို့နယ် ဝေဠုဝန်မြောက်ရပ်ကွက်ရှိ စူပါလက်ဖက်ရည်ဆိုင်၌ထိုင်နေသည့် အုပ်ချုပ်ရေးမှူးဝေဖြိုးအောင်၊ ရာအိမ်မှူး ထွန်းထွန်းနှင့် ဆယ်အိမ်မှူးတို့ကို အမည်မသိလူအချို့က သေနတ်ဖြင့် ဝင်ရောက်ပစ်ခတ်ခဲ့ရာ ဖြိုးဝေအောင်နှင့် ထွန်းထွန်းတို့ သေဆုံးခဲ့ပြီး ဆယ်အိမ်မှူးတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“သေနတ်သံ ငါးချက်၊ ခြောက်ချက်လောက် ကြားလိုက်ရတယ်။ အုပ်ကြီးနဲ့ ရာအိမ်မှူး ထွန်းထွန်းတို့ ပွဲချင်းပြီး သေသွားတယ်။ ဆယ်အိမ်မှူးတစ်ယောက်တော့ ဒဏ်ရာရသွားတယ်လို့ သိရပါတယ် “ဟု စမ်းချောင်းမြို့နယ်နေ ပြည်သူတစ်ဦးက ပြောသည်။

Public Service Announcement
Public Service Announcement

အခင်းဖြစ်ပွားပြီးနောက် စစ်ကောင်စီဝင်အများအပြား ရောက်ရှိလာပြီး စမ်းချောင်းရှိ သဇင်လမ်းအား ပိတ်ဆို့၍ စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း ရပ်ကွက်နေပြည်သူများက ပြောသည်။

Public Service Announcement

Public Service Announcement

“အုပ်ကြီး ပစ်ခံရပြီး ၁၁နာရီလောက်ကနေစပြီး စစ်ကားတွေနဲ့ သဇင်လမ်းကို တောက်လျောက်စစ်နေတယ်။ ဘယ်သူတွေပစ်သွားတာလဲ တွေ့လိုက်လားဆိုပြီး လိုက်မေးနေတယ်။ စစ်သားအင်အား ၁၅ ယောက်ကျော်လောက် ပါပါတယ်။ CCTV ရှိ၊ မရှိ ကိုလည်း တစ်လမ်းလုံး လိုက်ကြည့်နေပါတယ် “ဟု ရပ်ကွက်နေပြည်သူတစ်ဦးက ပြောသည်။

ဝေဖြိုးအောင်သည် ရဲဝန်ထမ်းဟောင်းတစ်ဦးဖြစ်ပြီး စစ်ကောင်စီက ကျင်းပရန်စီစဥ်နေသည့် ရွေးကောက်ပွဲ ဆိုင်ရာကိစ္စရပ်များကို ကူညီလုပ်ဆောင်သူတစ်ဦးလည်း ဖြစ်ကြောင်း စမ်းချောင်းမြို့ရှိ ပြည်သူအချို့က ဆိုသည်။

“နေရာမှာတင်သေတယ်။သူ့ကို တည်ပစ်တာ။သူက ဒီက နယ်ခံပဲ။ရဲတပ်ကြပ်ကြီးအနေနဲ့ ထွက်ထားတာ”ဟု အခင်းဖြစ်ပွားရာနေရာအနီး နေထိုင်သူက လူထုနွေဦးသို့ ရှင်းပြသည်။

ဆက်စပ်သတင်းများ

သတင်း

​မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့နယ်၊ ရှမ်းပွဲရပ်ကွက်မှာ စစ်ကောင်စီ လက်အောက်ခံ ရပ်ကွက်အုပ်ချုပ်ရေးမှူးရွေးချယ်ပွဲ ပြုလုပ်ရာ ပြည်သူတွေမလာလို့ ပွဲပျက်သွားကြောင်း ဒေသခံတွေက ပြောပါတယ်။

အတွေးအမြင်

မွေးနေ့ကိတ်တစ်လုံးဟာ သူ့ထိုင်ခုံကို လှုပ်ခတ်သွားစေမယ်ဆိုတာကို နယ်ပိုင်ကြီး ဦးဇော်မိုးတစ်ယောက် မတွေးမိခဲ့ရိုးအမှန်ပါ။ နယ်ပိုင်ကြီးဆိုတာက အာဏာသိမ်းစစ်တပ်ရဲ့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ ဦးစီးမှူး(အုပ်ချုပ်ရေးမှူး)ကို ခေါ်တာပါ။ ဦး​ဇော်မိုးက ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ဟဲဟိုးမြို့က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ အုပ်ချုပ်ရေးမှူးတစ်ယောက်ပါ။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။