Connect with us

Hi, what are you looking for?

သတင်း

ရွှေဘိုမြို့တွင် စစ်ကောင်စီတပ်က ဆိုင်ကယ်တစ်စီးအား အကြောင်းမဲ့ လိုက်လံပစ်ခတ်ခဲ့၍ ပြည်သူတစ်ဦးသေဆုံး

ရွှေဘိုခရိုင်အတွင်းရှိ ကျေးရွာအများအပြားသည် စစ်ကောင်စီတပ်ကို ဆန့်ကျင်တော်လှန်မှုအားကောင်းပြီး စစ်အုပ်စု၏ အကြမ်းဖက်ဖမ်း​ဆီးခြင်း၊ ရိုက်နှက်နှိပ်စက်သတ်ဖြတ်ခြင်း၊ အိမ်မီးရှို့ဖျက်ဆီးခြင်းများ ရင်ဆိုင်ကြုံတွေ့နေရသည်။

ရွှေဘိုမြို့တွင် စစ်ကောင်စီတပ်က ဆိုင်ကယ်တစ်စီးအား အကြောင်းမဲ့ လိုက်လံပစ်ခတ်ခဲ့၍ ပြည်သူတစ်ဦးသေဆုံး
ရွှေဘိုမြို့တွင် စစ်ကောင်စီတပ်က ဆိုင်ကယ်တစ်စီးအား အကြောင်းမဲ့ လိုက်လံပစ်ခတ်ခဲ့၍ ပြည်သူတစ်ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ပေါ်တွင် စစ်ကောင်စီတပ်က ဒေသခံပြည်သူနှစ်ဦးစီးနင်းလာသည့် ဆိုင်ကယ်တစ်စီးအား ကားဖြင့် အကြောင်းမဲ့လိုက်လံပစ်ခတ်ခဲ့၍ တစ်ဦးသေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။

ဒီဇင်ဘာ ၂၁ ရက် မွန်းလွဲ ၁ နာရီကျော်က ရွှေဘိုမြို့၌ စစ်ကောင်စီတပ်သားများ စစ်ဆေးနေ၍ ပြန်လှည့်မောင်းနှင်သွားသော လူနှစ်ဦးစီးနင်းလာသည့်ဆိုင်ကယ်ကို စစ်ကောင်စီတပ်သားနှင့်ရဲများက ကားတစ်စီးဖြင့် လိုက်လံပစ်ခတ်ခဲ့ရာ ဘိုးဘွားရိပ်သာလမ်းတောင်ဘက်အနီးတွင် လဲကျခဲ့ပြီး တစ်ဦးသေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။

အလားတူ ထိုနေ့ မွန်းတည့် ၁၂နာရီခန့်က ရွှေဘိုမြို့နယ်၊ ရွှေဘို – ဆိပ်ခွန်လမ်းပိုင်း၊ ချီပါမျိုးသန့်ခြံအနီးတွင် စစ်ကောင်စီတပ်သားနှင့် ရဲများ အင်အားအများအပြားဖြင့် စစ်ဆေးလျက်ရှိပြီး ပြည်သူ ငါးဦးကို လက်ပြန်ကြိုးတုပ်ဖမ်းဆီးကာ ဆိုင်ကယ်များကိုလည်း သိမ်းဆည်းသွားကြောင်း ဒေသခံများက ပြောသည်။

ဒီဇင်ဘာ ၁၈ ရက် နံနက် ၁၁နာရီခန့်ကလည်း ရွှေဘိုမြို့နယ်၊ မအူပင်ကျေးရွာတွင် စပါးရိတ်သိမ်းနေသည့် ဒေသခံပြည်သူ ဦးဖိုးသီတိုးအား ဆင်အင်းရွာမှ စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့များက ပစ်သတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

“ရွာတွေဘက်ကနေ မြို့ပေါ်တက်လာပြီး စျေးရောင်းတဲ့သူတွေကိုလည်း တအားရစ်တယ်။ တောထဲက တောင်သူတွေဘဝက ခက်ခဲပီးရင်း ပိုခက်ခဲလာပြီ။ တောထဲမထွက်တော့ သီးနှံမရိတ်သိမ်းရင် စားဖို့ကမလွယ်၊ တောထဲသွားရတော့လဲ ကိုယ့်အသက်ကိုယ်တောင် မပိုင်ကြတော့ဘူး။”ဟု ဒေသခံတစ်ဦးက ပြောသည်။

ရွှေဘိုခရိုင်အတွင်းရှိ ကျေးရွာအများအပြားသည် စစ်ကောင်စီတပ်ကို ဆန့်ကျင်တော်လှန်မှုအားကောင်းပြီး စစ်အုပ်စု၏ အကြမ်းဖက်ဖမ်း​ဆီးခြင်း၊ ရိုက်နှက်နှိပ်စက်သတ်ဖြတ်ခြင်း၊ အိမ်မီးရှို့ဖျက်ဆီးခြင်းများ ရင်ဆိုင်ကြုံတွေ့နေရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဆိုင်ကယ်စီးနင်းသူတွေကို လိုက်လံစစ်ဆေးဖမ်းဆီးပြီး ကျပ်သိန်းချီတောင်းနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊တောင်ဥက္ကလာပမြို့နယ်မှာ အမျိူသမီး ၁ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ခဲ့တယ်လို့ သွားရောက်ကူညီပေးခဲ့တဲ့ မေတ္တာသီတာရေစင်လူမှုကူညီရေးအသင်းက အသိပေးထားပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။