Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ရွှေဘိုမြို့တွင် စစ်ကောင်စီတပ်က ဆိုင်ကယ်တစ်စီးအား အကြောင်းမဲ့ လိုက်လံပစ်ခတ်ခဲ့၍ ပြည်သူတစ်ဦးသေဆုံး

ရွှေဘိုခရိုင်အတွင်းရှိ ကျေးရွာအများအပြားသည် စစ်ကောင်စီတပ်ကို ဆန့်ကျင်တော်လှန်မှုအားကောင်းပြီး စစ်အုပ်စု၏ အကြမ်းဖက်ဖမ်း​ဆီးခြင်း၊ ရိုက်နှက်နှိပ်စက်သတ်ဖြတ်ခြင်း၊ အိမ်မီးရှို့ဖျက်ဆီးခြင်းများ ရင်ဆိုင်ကြုံတွေ့နေရသည်။

ရွှေဘိုမြို့တွင် စစ်ကောင်စီတပ်က ဆိုင်ကယ်တစ်စီးအား အကြောင်းမဲ့ လိုက်လံပစ်ခတ်ခဲ့၍ ပြည်သူတစ်ဦးသေဆုံး
ရွှေဘိုမြို့တွင် စစ်ကောင်စီတပ်က ဆိုင်ကယ်တစ်စီးအား အကြောင်းမဲ့ လိုက်လံပစ်ခတ်ခဲ့၍ ပြည်သူတစ်ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ပေါ်တွင် စစ်ကောင်စီတပ်က ဒေသခံပြည်သူနှစ်ဦးစီးနင်းလာသည့် ဆိုင်ကယ်တစ်စီးအား ကားဖြင့် အကြောင်းမဲ့လိုက်လံပစ်ခတ်ခဲ့၍ တစ်ဦးသေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။

ဒီဇင်ဘာ ၂၁ ရက် မွန်းလွဲ ၁ နာရီကျော်က ရွှေဘိုမြို့၌ စစ်ကောင်စီတပ်သားများ စစ်ဆေးနေ၍ ပြန်လှည့်မောင်းနှင်သွားသော လူနှစ်ဦးစီးနင်းလာသည့်ဆိုင်ကယ်ကို စစ်ကောင်စီတပ်သားနှင့်ရဲများက ကားတစ်စီးဖြင့် လိုက်လံပစ်ခတ်ခဲ့ရာ ဘိုးဘွားရိပ်သာလမ်းတောင်ဘက်အနီးတွင် လဲကျခဲ့ပြီး တစ်ဦးသေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။

အလားတူ ထိုနေ့ မွန်းတည့် ၁၂နာရီခန့်က ရွှေဘိုမြို့နယ်၊ ရွှေဘို – ဆိပ်ခွန်လမ်းပိုင်း၊ ချီပါမျိုးသန့်ခြံအနီးတွင် စစ်ကောင်စီတပ်သားနှင့် ရဲများ အင်အားအများအပြားဖြင့် စစ်ဆေးလျက်ရှိပြီး ပြည်သူ ငါးဦးကို လက်ပြန်ကြိုးတုပ်ဖမ်းဆီးကာ ဆိုင်ကယ်များကိုလည်း သိမ်းဆည်းသွားကြောင်း ဒေသခံများက ပြောသည်။

ဒီဇင်ဘာ ၁၈ ရက် နံနက် ၁၁နာရီခန့်ကလည်း ရွှေဘိုမြို့နယ်၊ မအူပင်ကျေးရွာတွင် စပါးရိတ်သိမ်းနေသည့် ဒေသခံပြည်သူ ဦးဖိုးသီတိုးအား ဆင်အင်းရွာမှ စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့များက ပစ်သတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

“ရွာတွေဘက်ကနေ မြို့ပေါ်တက်လာပြီး စျေးရောင်းတဲ့သူတွေကိုလည်း တအားရစ်တယ်။ တောထဲက တောင်သူတွေဘဝက ခက်ခဲပီးရင်း ပိုခက်ခဲလာပြီ။ တောထဲမထွက်တော့ သီးနှံမရိတ်သိမ်းရင် စားဖို့ကမလွယ်၊ တောထဲသွားရတော့လဲ ကိုယ့်အသက်ကိုယ်တောင် မပိုင်ကြတော့ဘူး။”ဟု ဒေသခံတစ်ဦးက ပြောသည်။

ရွှေဘိုခရိုင်အတွင်းရှိ ကျေးရွာအများအပြားသည် စစ်ကောင်စီတပ်ကို ဆန့်ကျင်တော်လှန်မှုအားကောင်းပြီး စစ်အုပ်စု၏ အကြမ်းဖက်ဖမ်း​ဆီးခြင်း၊ ရိုက်နှက်နှိပ်စက်သတ်ဖြတ်ခြင်း၊ အိမ်မီးရှို့ဖျက်ဆီးခြင်းများ ရင်ဆိုင်ကြုံတွေ့နေရသည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။