Connect with us

Hi, what are you looking for?

သတင်း

ဒီပဲယင်းတွင် စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေ၍ ကျေးရွာအများအပြား ထွက်ပြေးတိမ်းရှောင်နေရပြီး ကလေးငယ်သုံးဦး လက်နက်ကြီးထိမှန်ထား

စစ်ကောင်စီတပ်သည် ဒီဇင်ဘာလ ၁ ရက်မှ ၁၀ ရက်အထိ ကျေးရွာပေါင်း ၁၉ ရွာမှ ပြည်သူနေအိမ် ၁,၇၀၃လုံး မီးရှို့ဖျက်ဆီးသွားခဲ့ပြီး အာဏာသိမ်းကာလတစ်လျှောက် မီးရှို့ဖျက်ဆီးခံရမှု နေအိမ် ၃,၀၀၀ ကျော်သွားပြီဖြစ်သည်။

ထွက်ပြေးတိမ်းရှောင်နေရသည့် ဒီပဲယင်းနယ်ခံများ၊ ဓာတ်ပုံ- ဒီပဲယင်းမြို့နယ်ညီနောင်များ
ထွက်ပြေးတိမ်းရှောင်နေရသည့် ဒီပဲယင်းနယ်ခံများ၊ ဓာတ်ပုံ- ဒီပဲယင်းမြို့နယ်ညီနောင်များ

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်တွင် စစ်ကောင်စီတပ် စစ်ကြောင်းထိုးပစ်ခတ်မီးရှို့နေ၍ ကျေးရွာအများအပြား ထွက်ပြေးတိမ်းရှောင်နေရပြီး ကလေးငယ်သုံးဦး လက်နက်ကြီးထိမှန်ထားကြောင်း ​ဒေသခံများက ပြောသည်။

ယခင်ရက်ပိုင်းကတည်းက ဒီပဲယင်းမြို့နယ်အတွင်း စစ်ကြောင်းထိုး မီးရှို့နေသော စစ်ကောင်စီတပ်သည် ယနေ့(ဒီဇင်ဘာလ ၂၃ ရက်)တွင် ဒီပဲယင်းမြို့နယ်၊ အနောက်တောင်ဘက်ခြမ်းကျေးရွာများအား ဝင်ရောက်နေ၍ ​နယ်ခံအများအပြား ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement
Public Service Announcement

ယနေ့မွန်းလွဲပိုင်းတွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ဒီပဲယင်းမြို့နယ် ကြည်ဘုရားထွက်ကျေးရွာအတွင်းကျရောက်ပြီး ကလေးငယ်သုံးဦး လက်နက်ကြီးထိမှန်ခဲ့ကြောင်း ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့က ပြောသည်။

ထွက်ပြေးတိမ်းရှောင်နေရသည့် ဒီပဲယင်းနယ်ခံများ၊ ဓာတ်ပုံ- ဒီပဲယင်းမြို့နယ်ညီနောင်များ
ထွက်ပြေးတိမ်းရှောင်နေရသည့် ဒီပဲယင်းနယ်ခံများ၊ ဓာတ်ပုံ- ဒီပဲယင်းမြို့နယ်ညီနောင်များ

“ကလေးတွေအပြင် နွားများလည်းထိမှန်ခဲ့ကြောင်း ကနဦးသိရပါတယ်။”ဟု ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့က ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်သည် ယခင်ရက်ပိုင်းအတွင်းကပင်ဒီပဲယင်းမြို့နယ် ချောင်းပေါက်ကျေးရွာ ပြည်သူ့နေအိမ် ၃၂ လုံး ထပ်မံမီးရှို့ဖျက်ဆီးသွားခဲ့သည်။

ထွက်ပြေးတိမ်းရှောင်နေရသည့် ဒီပဲယင်းနယ်ခံများ၊ ဓာတ်ပုံ- ဒီပဲယင်းမြို့နယ်ညီနောင်များ
ထွက်ပြေးတိမ်းရှောင်နေရသည့် ဒီပဲယင်းနယ်ခံများ၊ ဓာတ်ပုံ- ဒီပဲယင်းမြို့နယ်ညီနောင်များ

ယမန်နေ့(ဒီဇင်ဘာလ ၂၂ ရက်)ညနေ ၅ နာရီခွဲခန့်က စစ်ကောင်စီ စစ်ကြောင်းကို ဒေသတွင်း PDFများက ပျံကျကျေးရွာအနီး၌ မိုင်းဆွဲ တိုက်ခိုက်ခဲ့သည်။ ထို့နောက် ပျံကျရွာအား မီးဝင်ရှို့သွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်သည် ဒီဇင်ဘာလ ၁ ရက်မှ ၁၀ ရက်အထိ ကျေးရွာပေါင်း ၁၉ ရွာမှ ပြည်သူနေအိမ် ၁,၇၀၃လုံး မီးရှို့ဖျက်ဆီးသွားခဲ့ပြီး အာဏာသိမ်းကာလတစ်လျှောက် မီးရှို့ဖျက်ဆီးခံရမှု နေအိမ် ၃,၀၀၀ ကျော်သွားပြီဖြစ်သည်။

စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဖျက်ဆီးနေ၍ မုံရွာ – ဒီပဲယင်း – ရေဦး ကားလမ်းအား ယာဥ်များအသွားအလာ ရပ်နားပေးကြရန် ဒေသတွင်းအဖွဲ့များက မေတ္တာရပ်ခံထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်ကနေ ဧရာဝတီမြစ်အတိုင်းစစ်သင်္ဘောတွေစုန်လာပြီး မြစ်ကမ်း​ဘေးတ​လျှောက်လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် မြစ်ကမ်းဘေး ကျေးရွာက ပြည်သူတွေ ဂရုပြု နေထိုင်ကြဖို့ တော်လှန်ရေးတပ်တွေကသတိပေးထားပါတယ်။

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အနောက်ခြမ်းရှိကျွန်းကြီးရွာမှာတပ်စွဲထားတဲ့ စစ်တပ်က ဒီက​နေ့မနက်ပိုင်းမှာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ​​ကြောင့် ဝက်လက်မြို့နယ်အရှေ့ခြမ်းကိုကျပြီး လင်မယားနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

နိုင်ငံတကာ

နိုင်ငံရဲ့ လက်နက်ကြီး ပစ်အားကို လက်တွေ့ စမ်းသပ်တဲ့ လေ့ကျင့်ပစ်ခတ်မှုတစ်ခု လုပ်ဆောင်ခဲ့ကြောင်း မြောက်ကိုရီးယားက ထုတ်ပြန်ပါတယ်။

သတင်း

စစ်တွေမြို့နယ်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်နေရာတွေမှာ တိုက်ပွဲဖြစ်နေချိန် စစ်တွေမြို့ပေါ် အထက(၄)စာသင်ကျောင်းဝင်းထဲနဲ့ စံပြရပ်ကွက်ထဲကို ဒီနေ့ မနက်ပိုင်းမှာ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲခဲ့တယ်လို့ မြို့ခံတွေက ပြောကြပါတယ်။