Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဒီပဲယင်းတွင် စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေ၍ ကျေးရွာအများအပြား ထွက်ပြေးတိမ်းရှောင်နေရပြီး ကလေးငယ်သုံးဦး လက်နက်ကြီးထိမှန်ထား

စစ်ကောင်စီတပ်သည် ဒီဇင်ဘာလ ၁ ရက်မှ ၁၀ ရက်အထိ ကျေးရွာပေါင်း ၁၉ ရွာမှ ပြည်သူနေအိမ် ၁,၇၀၃လုံး မီးရှို့ဖျက်ဆီးသွားခဲ့ပြီး အာဏာသိမ်းကာလတစ်လျှောက် မီးရှို့ဖျက်ဆီးခံရမှု နေအိမ် ၃,၀၀၀ ကျော်သွားပြီဖြစ်သည်။

ထွက်ပြေးတိမ်းရှောင်နေရသည့် ဒီပဲယင်းနယ်ခံများ၊ ဓာတ်ပုံ- ဒီပဲယင်းမြို့နယ်ညီနောင်များ
ထွက်ပြေးတိမ်းရှောင်နေရသည့် ဒီပဲယင်းနယ်ခံများ၊ ဓာတ်ပုံ- ဒီပဲယင်းမြို့နယ်ညီနောင်များ

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်တွင် စစ်ကောင်စီတပ် စစ်ကြောင်းထိုးပစ်ခတ်မီးရှို့နေ၍ ကျေးရွာအများအပြား ထွက်ပြေးတိမ်းရှောင်နေရပြီး ကလေးငယ်သုံးဦး လက်နက်ကြီးထိမှန်ထားကြောင်း ​ဒေသခံများက ပြောသည်။

ယခင်ရက်ပိုင်းကတည်းက ဒီပဲယင်းမြို့နယ်အတွင်း စစ်ကြောင်းထိုး မီးရှို့နေသော စစ်ကောင်စီတပ်သည် ယနေ့(ဒီဇင်ဘာလ ၂၃ ရက်)တွင် ဒီပဲယင်းမြို့နယ်၊ အနောက်တောင်ဘက်ခြမ်းကျေးရွာများအား ဝင်ရောက်နေ၍ ​နယ်ခံအများအပြား ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement
Public Service Announcement

ယနေ့မွန်းလွဲပိုင်းတွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ဒီပဲယင်းမြို့နယ် ကြည်ဘုရားထွက်ကျေးရွာအတွင်းကျရောက်ပြီး ကလေးငယ်သုံးဦး လက်နက်ကြီးထိမှန်ခဲ့ကြောင်း ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့က ပြောသည်။

ထွက်ပြေးတိမ်းရှောင်နေရသည့် ဒီပဲယင်းနယ်ခံများ၊ ဓာတ်ပုံ- ဒီပဲယင်းမြို့နယ်ညီနောင်များ
ထွက်ပြေးတိမ်းရှောင်နေရသည့် ဒီပဲယင်းနယ်ခံများ၊ ဓာတ်ပုံ- ဒီပဲယင်းမြို့နယ်ညီနောင်များ

“ကလေးတွေအပြင် နွားများလည်းထိမှန်ခဲ့ကြောင်း ကနဦးသိရပါတယ်။”ဟု ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့က ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်သည် ယခင်ရက်ပိုင်းအတွင်းကပင်ဒီပဲယင်းမြို့နယ် ချောင်းပေါက်ကျေးရွာ ပြည်သူ့နေအိမ် ၃၂ လုံး ထပ်မံမီးရှို့ဖျက်ဆီးသွားခဲ့သည်။

ထွက်ပြေးတိမ်းရှောင်နေရသည့် ဒီပဲယင်းနယ်ခံများ၊ ဓာတ်ပုံ- ဒီပဲယင်းမြို့နယ်ညီနောင်များ
ထွက်ပြေးတိမ်းရှောင်နေရသည့် ဒီပဲယင်းနယ်ခံများ၊ ဓာတ်ပုံ- ဒီပဲယင်းမြို့နယ်ညီနောင်များ

ယမန်နေ့(ဒီဇင်ဘာလ ၂၂ ရက်)ညနေ ၅ နာရီခွဲခန့်က စစ်ကောင်စီ စစ်ကြောင်းကို ဒေသတွင်း PDFများက ပျံကျကျေးရွာအနီး၌ မိုင်းဆွဲ တိုက်ခိုက်ခဲ့သည်။ ထို့နောက် ပျံကျရွာအား မီးဝင်ရှို့သွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်သည် ဒီဇင်ဘာလ ၁ ရက်မှ ၁၀ ရက်အထိ ကျေးရွာပေါင်း ၁၉ ရွာမှ ပြည်သူနေအိမ် ၁,၇၀၃လုံး မီးရှို့ဖျက်ဆီးသွားခဲ့ပြီး အာဏာသိမ်းကာလတစ်လျှောက် မီးရှို့ဖျက်ဆီးခံရမှု နေအိမ် ၃,၀၀၀ ကျော်သွားပြီဖြစ်သည်။

စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဖျက်ဆီးနေ၍ မုံရွာ – ဒီပဲယင်း – ရေဦး ကားလမ်းအား ယာဥ်များအသွားအလာ ရပ်နားပေးကြရန် ဒေသတွင်းအဖွဲ့များက မေတ္တာရပ်ခံထားသည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။