Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီတပ်ဖမ်းသွားသည့် အင်းတော်နယ် နတ်မဟုတ်ကြီးရွာခံ ရှစ်ဦး၏ ရုပ်အလောင်းများ တွေ့ရှိ

“သူတို့က ရိုက်သတ်ထားတာ။ နှစ်ယောက်ဆိုရင် ခေါင်းဖြတ်သတ်ထားတာ။ ကျန်တဲ့ ၆ယောက်က ဝါးရင်းတုတ်နဲ့ ရိုက်ခံထားရတာ။ အကုန်လုံးက လက်ပြန်ကြိုးတုပ်ထားတာပေါ့”ဟု အင်းတော်ဒေသခံက ပြောသည်။

စစ်ကောင်စီတပ်သတ်ဖြတ်ထားသည့် ရုပ်အလောင်များအား တွေ့ရစဉ်၊ ဓာတ်ပုံ - IR
စစ်ကောင်စီတပ်သတ်ဖြတ်ထားသည့် ရုပ်အလောင်များအား တွေ့ရစဉ်၊ ဓာတ်ပုံ - IR

▪️ဒေသခံများအားဖမ်းဆီးသွားသည့် ခမရ (၃၀၁)မှ တပ်သားအားဖမ်းမိပြီး စစ်ဆေးချက်အရ အလောင်းများရှာတွေ့ခဲ့

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ် နတ်မဟုတ်ကြီးကျေးရွာမှ ဒေသခံ ရှစ်ဦးကို စစ်ကောင်စီတပ်က နိုဝင်ဘာလကုန်ပိုင်းက ဖမ်းဆီးသွားရာ ယနေ့တွင် အဆိုပါ ရွားသား ရှစ်ဦး၏ ရုပ်အလောင်းများကို ပြန်လည်ရှာတွေ့ခဲ့ပြီဖြစ်ကြောင်း အင်းတော် ဒေသခံက ပြောသည်။

“သူတို့က ၂၈ရက်နေ့ညနေပိုင်းမှာ ဖမ်းသွားတာပေါ့။ ဖမ်းသွားတော့ အခုအချိန်ထိ ဘယ်ကို ဖမ်းသွားလဲမသိဘူး အဆက်အသွယ်ပြတ်နေတာ။ ဒီနေ့မှ သိလိုက်တာအဲဒီနားမှာ မြှုပ်ထားတယ်ဆိုတာ သိလိုက်တော့ ဖော်ကြည့်လိုက်တော့ အလောင်းတွေ တွေ့တာ”ဟု ၎င်းက ဆိုသည်။

စစ်ကောင်စီတပ်သတ်ဖြတ်ထားသည့် ရုပ်အလောင်များအား တွေ့ရစဉ်၊ ဓာတ်ပုံ - IR
စစ်ကောင်စီတပ်သတ်ဖြတ်ထားသည့် ရုပ်အလောင်များအား တွေ့ရစဉ်၊ ဓာတ်ပုံ – IR

ဒေသခံများ၏ ရုပ်အလောင်းများကို နတ်မဟုတ် ကြီးရွာနှင့် မနီးမဝေးရှိ ကမ်းနီရွာအနီးတွင် မြေမြှုပ်ထားခဲ့ခြင်းဖြစ်သည်ဟု ဒေသခံက ပြောသည်။

“သူတို့က ရိုက်သတ်ထားတာ။ နှစ်ယောက်ဆိုရင် ခေါင်းဖြတ်သတ်ထားတာ။ ကျန်တဲ့ ၆ယောက်က ဝါးရင်းတုတ်နဲ့ ရိုက်ခံထားရတာ။ အကုန်လုံးက လက်ပြန်ကြိုးတုပ်ထားတာပေါ့”ဟု အင်းတော်ဒေသခံက ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

ဒေသခံများ၏ ရုပ်အလောင်းများကို တစ်လခန့် အကြာ၌ ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ယင်းသို့တွေ့ရှိခြင်းမှာလည်း ဒေသခံများအား ဖမ်းသွားသည့် စစ်ကြောင်းမှ စစ်ကောင်စီတပ်သား တစ်ဦးအား ဖမ်းမိစစ်ဆေးချက်အရဖြစ်သည်ဟု အင်းတော်ဒေသခံက ပြောသည်။

“ဒီဇင်ဘာ ၁၅ရက်နေ့တုန်းက အဲဒီခမရ- ၃၀၁ တပ်က ပဲဆေးကြောင်ပြီး ရောက်ခဲ့တဲ့ တပ်သားတစ်ယောက်ရှိတယ်။သူ့ကို မေးကြည့်လိုက်တာ ပျောက်သွားတဲ့ရွာသားတွေ ဖမ်းခေါ်သွားတာ ဘယ်ကို ခေါ်သွားလဲပေါ့ အခုအချိန်ထိအဆက်အသွယ်မရဘူး ဘယ်မှာထားခဲ့လဲပေါ့။ အဲဒီလိုမေးကြည့်လိုက်တော့ သတ်ထားလိုက်ပြီတဲ့ သတ် ထားပြီးတော့ ကမ်းနီရွာနားမှာ မြှုပ်ထားလိုက်တယ်ဆိုတော့ ဝိုင်းပြီးတော့ ပတ်ရှာလိုက်တာ တွေ့တာ”ဟု အင်းတော်ဒေသခံက ပြောသည်။

စစ်ကောင်စီတပ်သတ်ဖြတ်ထားသည့် ရုပ်အလောင်များအား တွေ့ရစဉ်၊ ဓာတ်ပုံ - IR
စစ်ကောင်စီတပ်သတ်ဖြတ်ထားသည့် ရုပ်အလောင်များအား တွေ့ရစဉ်၊ ဓာတ်ပုံ – IR

အဆိုပါ ဒေသခံရုပ်အလောင်းများ တွေ့ရှိမှုနှင့်ပတ်သက်၍ Indaw Revolution က ဖော်ပြထားရာ သတ်ဖြတ်ခံရသူများမှာ ဦးမင်းနိုင်၊ ဦးကျော်သန်း၊ ဦးကျော်သန်း၏ သားဖြစ်သူ ကိုဘိုဘိုဝေ၊ ဦးကျော်ဌေး၊ ဦးကျော်ထွန်း၊ ဦးထွန်းနိုင်၊ ဦးမြင့်ဖေ နှင့် ဦးသာဖြူးတို့ ဖြစ်ပြီး အများစုမှာ လူကြီးပိုင်းများဖြစ်ကာ အသက်(၆၀)နှင့်အထက်ရှိသူ သုံးဦး ပါဝင်သည်ကိုတွေ့ရသည်။

ခမရ(၃၀၁)တပ်သည် တပ်မ(၈၈)လက်အောက်ခံ တပ်ဖြစ်ပြီး မကွေးအခြေစိုက်တပ်ဖြစ်သည်။ အဆိုပါစစ်ကောင်စီ၏ တပ်မ(၈၈) လက်အောက်ခံတပ်များသည် စစ်ကိုင်းတိုင်း ထီးချိုင့်နယ်ကိုလည်း စစ်ကြောင်းထိုး ဝင်ရောက်ကာ ကျေးရွာများကို မီးရှို့ဖျက်ဆီးမှုများ လုပ်ဆောင်ခဲ့သည်။

စစ်ကောင်စီတပ်သတ်ဖြတ်ထားသည့် ရုပ်အလောင်များအား တွေ့ရစဉ်၊ ဓာတ်ပုံ - IR
စစ်ကောင်စီတပ်သတ်ဖြတ်ထားသည့် ရုပ်အလောင်များအား တွေ့ရစဉ်၊ ဓာတ်ပုံ – IR

ယခုတွင်လည်း အင်းတော်နယ်သို့ စစ်ကောင်စီတပ်မှ စစ်ကြောင်းများဝင်ရောက်ကာ ကျေးရွာများကို မီးရှို့လျက်ရှိသည်။ ဒေသခံများအနေဖြင့် စစ်ကောင်စီစစ်ကြောင်းများလာပါက ဝေးရာသို့ ရှောင်တိုင်းကြရန် ဒေသခံကတိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။