Connect with us

Hi, what are you looking for?

သတင်း

ချောင်းဦးမြို့နယ်မှ ပျုခေါင်းဆောင်ကို ပြည်သူ့ကာ ကွယ်ရေးတပ်များ ဖမ်းမိ

ကံကြီးကုန်းကျေးရွာကို ပြည်သူ့ကာကွယ်ရေးမဟာမိတ် (၁၀)ဖွဲ့ထက်မနည်းက ဝင်ရောက်စီးနင်းပြီး ပျူခေါင်းဆောင်လှဆင့်ကို ဖမ်းဆီးခဲ့​​ခြင်းသည် စစ်ကောင်စီကို အထိနာစေသည်ဟု တော်လှန်ရေးအင်အားစုများက ဆိုသည်။

(ချောင်းဦးမြို့အတွင်း၌ လုံခြုံရေးယူနေသော စစ်ကောင်စီ တပ်သားတချို့အား ၂၀၂၁က တွေ့ရစဉ်၊ ဓာတ်ပုံ - CJ)
(ချောင်းဦးမြို့အတွင်း၌ လုံခြုံရေးယူနေသော စစ်ကောင်စီ တပ်သားတချို့အား ၂၀၂၁က တွေ့ရစဉ်၊ ဓာတ်ပုံ - CJ)

စစ်ကိုင်းတိုင်း ချောင်းဦးမြို့အတွင်း အန္တရာယ်အကြီးဆုံး ပျုစောထီးခေါင်းဆောင်ကို အရှင်ဖမ်းမိထားပြီး စစ်ဆေးနေကြောင်း ပြည်သူ့ကာကွယ်ရေးမဟာမိတ်ရဲဘော်များက ပြောသည်။

ချောင်းဦးမြို့တွင် ပျူစောထီးရွာဟုနာမည်ကြီးသော ကံကြီးကုန်းကျေးရွာမှ ပျူခေါင်းဆောင် လှဆင့်ဆိုသူကို ပြည်သူ့ကာကွယ်ရေးမဟာမိတ်ရဲဘော်များက ယမန်နေ့(ဒီဇင်ဘာ၂၅ရက်)က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

လှဆင့်သည် ဘုန်းကြီးဝတ်နေပြီး နန္ဒာစာရဘွဲ့ကိုယူကာ ပျူစောထီးခေါင်းဆောင်အနေ​ဖြင့် ရပ်တည်နေသူဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

“သူ့(လှဆင့်)ကြောင့် PDFတွေ အဖမ်းခံရတာတွေ၊ အသတ်ခံရတာတွေ မနည်းဘူး။ အခုတော့ သူ့ကိုဖမ်းမိပြီ။ အသေးစိတ်ကို စ်ိစစ်နေပြီး သတင်းထုတ်ပြန်သွားပါမယ်”ဟု ချောင်းဦးမြို့ပြည်သူ့ကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ကံကြီးကုန်းကျေးရွာကို ပြည်သူ့ကာကွယ်ရေးမဟာမိတ် (၁၀)ဖွဲ့ထက်မနည်းက ဝင်ရောက်စီးနင်းပြီး ပျူခေါင်းဆောင်လှဆင့်ကို ဖမ်းဆီးခဲ့​​ခြင်းသည် စစ်ကောင်စီကို အထိနာစေသည်ဟု တော်လှန်ရေးအင်အားစုများက ဆိုသည်။

လက်ရှိတွင် ချောင်းဦးမြို့နယ်အတွင်း စစ်ရေးအခြေအနေ တင်းမာနေပြီး ချောင်းဦး-အမြင့်လမ်းပိုင်းအား လုံးဝအသုံးမပြုကြရန် တော်လှန်ရေးအင်အားစုများက သတင်းထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။

သတင်း

ဗိုလ်မှူးအဆင့်အပါအဝင်၉ဦးသေဆုံး ၊လက်နက်မျိုးစုံ ၆ လက်နဲ့ခဲယမ်း​တွေရ၊​ဟောင်ဝစ်ဇာကိုမသယ်နိုင်လို့ဖျက်ဆီးခဲ့