Connect with us

Hi, what are you looking for?

သတင်း

ကော်ဘရာစစ်ကြောင်း၏ စစ်သင်တန်းဆင်းပွဲ NUG ပြည်ထောင်စုဝန်ကြီးချုပ်တက်ရောက်၊ လက်နက် ၅၀လက်အား ပေးအပ်

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးချုပ်က အစိုးရ၏တစ်နှစ်စီမံချက် (စစ်အာဏာရှင် ဖြုတ်ချရေးဘက်ပေါင်းစုံမှ ထိုးစစ်ဆင်မည့်စီမံချက်)အား အကောင်အထည်ဖော် ဆောင်ရွက်နေမှုကို ရှင်းပြခဲ့သည်ဟု ဆိုသည်။

(ကော်ဘရာစစ်ကြောင်း၏ စစ်သင်တန်းဆင်းပွဲအား တွေ့ရစဥ်၊ ဓာတ်ပုံ - PPTV)
(ကော်ဘရာစစ်ကြောင်း၏ စစ်သင်တန်းဆင်းပွဲအား တွေ့ရစဥ်၊ ဓာတ်ပုံ - PPTV)

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၆)နယ်မြေ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်(KNLA) တပ်ရင်း(၂၇)၏ ကော်ဘရာပူးပေါင်းစစ်ကြောင်း၏ စစ်သင်တန်းဆင်းပွဲကို ယမန်နေ့က ပြုလုပ်ခဲ့ရာ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း တက်ရောက်ခဲ့သည်။

အဆိုပါအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက တောင်ပိုင်းစစ်ဒေသသို့ပေးအပ်မည့် လက်နက်များအနက်အလက်၅၀အား ကော်ဘရာစစ်ကြောင်း ဒုစစ်ကြောင်းမှူးထံ ပေးအပ်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရသတင်းနှင့် ပြန်ကြားရေး PVTVက ယနေ့ ထုတ်ပြန်ခဲ့သည်။

(ကော်ဘရာစစ်ကြောင်း၏ စစ်သင်တန်းဆင်းပွဲအား တွေ့ရစဥ်၊ ဓာတ်ပုံ - PPTV)
(ကော်ဘရာစစ်ကြောင်း၏ စစ်သင်တန်းဆင်းပွဲအား တွေ့ရစဥ်၊ ဓာတ်ပုံ – PPTV)

ထို့ပြင် ပြည်ထောင်စုဝန်ကြီးချုပ်နှင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီမှ ဒေါ်ဖြူဖြူသင်းတို့က ကော်ဘရာစစ်ကြောင်းသင်တန်းဆင်းရဲဘော်များအား ဂုဏ်ပြုငွေ ၁၀သိန်း ပေးအပ်ခဲ့ကြောင်း ဖော်ပြထားသည်။

Public Service Announcement
Public Service Announcement

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးချုပ်က အစိုးရ၏တစ်နှစ်စီမံချက် (စစ်အာဏာရှင် ဖြုတ်ချရေးဘက်ပေါင်းစုံမှ ထိုးစစ်ဆင်မည့်စီမံချက်)အား အကောင်အထည်ဖော် ဆောင်ရွက်နေမှုကို ရှင်းပြခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

(ကော်ဘရာစစ်ကြောင်း၏ စစ်သင်တန်းဆင်းပွဲအား တွေ့ရစဥ်၊ ဓာတ်ပုံ - PPTV)
(ကော်ဘရာစစ်ကြောင်း၏ စစ်သင်တန်းဆင်းပွဲအား တွေ့ရစဥ်၊ ဓာတ်ပုံ – PPTV)

ထို့ပြင် တိုင်းရင်းသားမဟာမိတ်အဖွဲ့များနှင့် ဟန်ချက်ညီညီပူးပေါင်းဆောင်ရွက်နေမှု၊ ကုလသမဂ္ဂအပါအဝင် ကမ္ဘာ့နိုင်ငံများနှင့် သံခင်းတမန်ခင်း ကောင်းမွန်စွာချိတ်ဆက်ထားနိုင်မှု၊ တစ်ပြည်လုံးအတိုင်းအတာနှင့် တိုင်းရင်းသားမဟာမိတ်တပ်များ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်တို့ ပူးပေါင်းပြီး စစ်ဆင်ရေးအသာစီး ရယူဆောင်ရွက်ထားနိုင်မှုတို့ကို ဝန်ကြီးချုပ်က ရှင်းလင်းပြောကြားခဲ့သည်ဟု ထုတ်ပြန်ထားသည်။

ပြည်ထောင်စုဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက သင်တန်းဆင်းရဲဘော်များအား တစ်ဦးချင်း သစ္စာရေ တိုက်ကျွေးမှု ပြုလုပ်ခဲ့ကြောင်းလည်း ဖော်ပြထားသည်။

(ကော်ဘရာစစ်ကြောင်း၏ စစ်သင်တန်းဆင်းပွဲအား တွေ့ရစဥ်၊ ဓာတ်ပုံ - PPTV)
(ကော်ဘရာစစ်ကြောင်း၏ စစ်သင်တန်းဆင်းပွဲအား တွေ့ရစဥ်၊ ဓာတ်ပုံ – PPTV)

အဆိုပါ သင်တန်းဆင်းပွဲသို့ တောင်ပိုင်းတိုင်းစစ်ဒေသမှ ဗိုလ်မှူးကြီးစောဖီးနစ်၊ ဗိုလ်စောရှား၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန ဒုဝန်ကြီးအိသဥ္စာမောင် နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

နိုင်ငံမှာ အစွမ်းထက်တဲ့ လက်နက်စနစ် တစ်ခု ပိုင်ဆိုင်လာပြီလို့ မြောက်ကိုရီးယား အဓိပတိကြီး ကင်မ်ဂျုံအွန်းက ကြွေးကြော်ခဲ့ပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

Facebook