Connect with us

Hi, what are you looking for?

သတင်း

မိုးကုတ်ကျောက်မျက်လုပ်ကွက်ဟောင်း တွင်းပြိုလို့ အမျိုးသား ၁ ဦးသေဆုံး

တွင်းပြိုကျချိန်မှာ တွင်းထဲမှာရှိနေတဲ့ အသက် ၅၄ နှစ်အရွယ် အမျိုးသားသေဆုံးသွားတယ်လို့ ကူညီကယ်ဆယ်ရေးလုပ်ဆောင်ပေးသူတွေထံကသိရပါတယ်။

မိုးကုတ်ကျောက်မျက်လုပ်ကွက်ဟောင်း တွင်းပြိုလို့ အမျိုးသား ၁ ဦးသေဆုံး
မိုးကုတ်ကျောက်မျက်လုပ်ကွက်ဟောင်း တွင်းပြိုလို့ အမျိုးသား ၁ ဦးသေဆုံး

မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်ထဲက ရေပူကျေးရွာ အုပ်စုမှာရှိတဲ့ ကျောက်မျက်လုပ်ကွက်တွင်းဟောင်း ဒီဇင်ဘာလ ၂၆ ရက်မနက်ပိုင်းက ပြိုကျလို့ အမျိုးသား ၁ ဦးသေဆုံးခဲ့ရပါတယ်။

တွင်းဝအကျယ် ၄ ပေ ၊အနက် ပေ ၈၀ ရှိတဲ့ ကျောက်မျက်တွင်းဟောင်းဟာ မနေ့က မနက်ပိုင်း ၁၀ နာရီဝန်းကျင်ကပြိုကျခဲ့တာပါ။

တွင်းပြိုကျချိန်မှာ တွင်းထဲမှာရှိနေတဲ့ အသက် ၅၄ နှစ်အရွယ် အမျိုးသားသေဆုံးသွားတယ်လို့ ကူညီကယ်ဆယ်ရေးလုပ်ဆောင်ပေးသူတွေထံကသိရပါတယ်။

” အောက်မှာကတော်တော်နက်တော့ သူ့ကိုခက်ခက်ခဲခဲနဲ့ ပြန်သယ်ရတာ ၃နာရီလောက်ကြာသွားတယ်” လို့ ကယ်ဆယ်ရေးမှာ ပါဝင်သူတစ်ဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

တွင်းပြိုကျပြီးသေဆုံးသွားတဲ့ အမျိုးသားအလောင်းကို ဆယ်ယူပြီး မိုးကုတ်ဆေးရုံကိုပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

ကျောင်းဆရာမ တစ်ဦးက ပါးရိုက်ခဲ့တဲ့နောက် ကျောင်းသား ကလေးငယ် သေဆုံးသွားတယ်ဆိုတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း အိန္ဒိယနိုင်ငံ အန်ဒရာ ပရာဒက်ရှ် ရဲတပ်ဖွဲ့က ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ မိုးကြီးပြီး မြေပြိုမှုတွေဖြစ်ခဲ့လို့ နေအိမ် ၂၀ခန့်နဲ့ ဘုရားစောင်းတန်းထိခိုက်ပျက်စီးခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

ဒေသ​ခြောက်ခုမှာရေဘေးပ်ိုဆိုးလာပြီးသေဆုံးသူဦးရေတိုးလာ