Connect with us

Hi, what are you looking for?

သတင်း

ငါန်းဇွန်တွင် ပျူစခန်းကို ဒေသတွင်းPDFများ တိုက်ခိုက်၊ ထိခိုက်သေဆုံးမှုရှိဟုဆို

တိုက်ပွဲအတွင်း PDFများဘက်က ရဲဘော်တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး မစိုးရိမ်ရကြောင်း၊ ကျန်ရဲဘော်များအားလုံး အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း YSO.ISA ၏ ထုတ်ပြန်ချက် တွင် ဖော်ပြသည်။

ငါန်းဇွန်တွင် ပျူစခန်းကို ဒေသတွင်းPDFများ တိုက်ခိုက်၊ ထိခိုက်သေဆုံးမှုရှိဟုဆို
ငါန်းဇွန်တွင် ပျူစခန်းကို ဒေသတွင်းPDFများ တိုက်ခိုက်၊ ထိခိုက်သေဆုံးမှုရှိဟုဆို

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်တွင် ပျူစောထီးစခန်းအား ဝင်ရောက်တိုက်ခိုက်ရာ ပျူများထိခိုက်သေဆုံးမှုရှိကြောင်း YSO.ISA (ရေလယ်ကျွန်းဒေသပြောက်ကျားတပ်ဖွဲ့)က ထုတ်ပြန်သည်။

ဒီဇင်ဘာ ၂၇ ရက် နံနက် ၂မိနစ်ခန့်က ငါးဇွန်မြို့နယ်၊ ဆုံကျေးရွာတွင် တပ်စွဲနေထိုင်သော ပျူများအား ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှု ၁ နာရီခွဲခန့်ကြာမြင့်ခဲ့ပြီး ပျူသုံးဦးသေဆုံးကာ ၁၀ဦးနှင့်အထက်ဒဏ်ရာရှိခဲ့သည်ဟု သတင်းရကြောင်း YSO.ISA (ရေလယ်ကျွန်းဒေသပြောက်ကျားတပ်ဖွဲ့)က အသိပေးသည်။

Public Service Announcement
Public Service Announcement

တိုက်ပွဲအတွင်း PDFများဘက်က ရဲဘော်တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး မစိုးရိမ်ရကြောင်း၊ ကျန်ရဲဘော်များအားလုံး အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း YSO.ISA ၏ ထုတ်ပြန်ချက် တွင် ဖော်ပြသည်။

အဆိုပါ စစ်ဆင်ရေးကို YSO.ISA (ရေလယ်ကျွန်းဒေသပြောက်ကျားတပ်ဖွဲ့)၊ MGN TIGER II၊Myingyan Twenty One Guerilla၊ Force-MTGF(မြင်းခြံခရိုင် တပ်ရင်း၂)၊ နောင်ရိုးပြောက်ကျားတပ်ဖွဲ့၊ MGN Tiger (မြင်းခြံ ခရိုင်တပ်ရင်း ၂)၊ Wolf Brothers PDF၊ Liberation Army of Central၊ Region(LACR) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

Public Service Announcement

Public Service Announcement

ဖြစ်စဥ်နှင့်ပတ်သက်၍ YSO.ISA ထံ ဆက်သွယ်မေး​မြန်းခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

ငါန်းဇွန်မြို့နယ်တွင် စစ်ကောင်စီတ​ပ်အား ဒေသကာကွယ်ရေးတပ်များက ပြောက်ကျားတိုက်ခိုက်မှုများရှိနေပြီး ပြည်သူအချို့လည်းဖမ်းဆီးခံရမှုများရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ စစ်မှုထမ်းစုဆောင်းခံရသူတွေက ပျူစောထီးတွေကို ရိုက်နှက်ပြီး ထွက်ပြေးလွတ်မြောက်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

စစ်သား ၁၄ ဦး အညံ့ခံ၊ လက်နက်ခဲယမ်းတွေသိမ်းရ၊စစ်ရာဇဝတ်မှုကျူးလွန်သူတွေကိုစစ်ဥပ​ဒေနဲ့အ​ရေးယူမည်