Connect with us

Hi, what are you looking for?

သတင်း

လက်နက်ခဲယမ်းဝယ်ယူရာတွင် ငွေကြေးဆုံးရှုံးမှုအချို့ရှိခဲ့၍ ထပ်မံဝယ်ယူနိုင်ရေးအကူအညီပေးကြရန် ကြာညှပ်(ပကဖ) မေတ္တာရပ်ခံ

ကြာညှပ်(ပကဖ)အနေဖြင့် လွန်ခဲ့သော တစ်ပတ်ခန့်က လုပ်ငန်းသုံးပစ္စည်းများဝယ်ယူခဲ့ရာ မမျှော်လင့်သော အခက်အခဲအချို့ကြောင့် ကျပ်သိန်း (၆၀)ကျော် ဆုံးဆုံးခဲ့ရသည်ဟု ဆိုသည်။

(ကြာညှပ်(ပကဖ)မှ တော်လှန်ရေးရဲဘော်အချို့အား ရှေ့တန်းတစ်နေရာ၌ တွေ့ရစဥ်၊ဓာတ်ပုံ - ပေးပို့)
(ကြာညှပ်(ပကဖ)မှ တော်လှန်ရေးရဲဘော်အချို့အား ရှေ့တန်းတစ်နေရာ၌ တွေ့ရစဥ်၊ဓာတ်ပုံ - ပေးပို့)

တပ်ဖွဲ့အတွက် လက်နက်ခဲယမ်းများဝယ်ယူရာတွင် လှူဒါန်းထားသော ငွေကြေးအချို့ဆုံးရှုံးခဲ့ရသောကြောင့် ထပ်မံဝယ်ယူနိုင်ရေး ထောက်ပံ့ကူညီပေးကြရန် ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ – ကြာညှပ်က မေတ္တာရပ်ခံ အသိပေးလိုက်သည်။

ကြာညှပ်(ပကဖ)အနေဖြင့် လွန်ခဲ့သော တစ်ပတ်ခန့်က လုပ်ငန်းသုံးပစ္စည်းများဝယ်ယူခဲ့ရာ မမျှော်လင့်သော အခက်အခဲအချို့ကြောင့် ကျပ်သိန်း (၆၀)ကျော် ဆုံးဆုံးခဲ့ရသည်ဟု ဆိုသည်။

တော်လှန်ရေးအဖွဲ့အစည်းတစ်ခု ရေရှည်ရပ်တည်နိုင်ရန်မှာ သတင်းပေးခြင်းနှင့် ထောက်ပံ့ကူညီခြင်းတို့မှာ အဓိ ကကျသောကြောင့် လုပ်ငန်းသုံးပစ္စည်းများဝယ်ယူရန်နှင့် စားနပ်ရိက္ခာအတွက် ငွေကြေးထောက်ပံ့မှုများ လုပ်ဆောင်ခြင်းဖြင့် ပူးပေါင်းပါဝင်ပေးကြရန် ကြာညှပ်(ပကဖ)က တိုက်တွန်းသည်။

Public Service Announcement
Public Service Announcement

“ကျွန်တော်တို့ ခုလိုမျိုး Postတင် အကူညီတောင်းတာ ပထမဆုံးပါ။ အဓိကက လစဉ်အလှူရှင်လိုမရှိတော့ အလျင်မှီဖို့ဆိုတာ တော်တော်လေးရုန်းကန်ရတဲ့အခြေနေပါ”ဟု ကြာညှပ်(ပကဖ)မှ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ကြာညှပ် အနေဖြင့် စစ်ကောင်စီတပ်နှင့် ၎င်း၏ထောက်တိုင်များအား ရရာနည်းဖြင့် တော်လှန်ရေးအောင်မြင်သည်အထိ နောက်မဆုတ်ဘဲ တိုက်ပွဲဝင်တော်လှန်သွားပါမည်ဟု ကတိသစ္စာပြုထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်နဲ့ ရှမ်းမြောက်က မဘိမ်းမြို့နယ် ငါးအိုးကျေးရွာအကြားမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ် အထိနာခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မုံရွာ-မန္တလေးလမ်းပိုင်းမှာ ချောင်းဦးမြို့ကိုပို့မယ့် စစ်တပ်ရဲ့လက်နက်ခဲယမ်းယာဥ်ကို တော်လှန်ရေးပူးပေါင်းအဖွဲ့က ကြားဖြတ်တိုက်ခိုက်ရာ ဗိုလ် ၂ ဦးအပါအဝင် ၆ ဦးသေဆုံးပြီး လက်နက် ၄ လက်သိမ်းဆည်းရမိကြောင်း တော်လှန်ရေးအဖွဲ့တွေက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရဲကွန်မန်ဒို ၁ဦးကို လက်နက်ခဲယမ်းတွေနဲ့ အရှင်ဖမ်းမိပြီး ပေါ်တာဆွဲခံရတဲ့သူ ၁ဦးကိုလည်း ကယ်တင်နိုင်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊တောင်ပိုင်းတိုင်းစစ်ဒေသ၊ အမှတ် (၂) စစ်ဒေသခွဲ၊ သာယာဝတီခရိုင် တာ၀န်ရှိသူက ပြောပါတယ်။

သတင်း

မန္တလေး-မြစ်ကြီးနားလမ်းပိုင်းတိုက်ပွဲဖြစ်ပွားနေတဲ့လမ်းပိုင်းနေရာတွေအသုံးမပြုဖို့ ကသာခရိုင် ထုတ်ပြန်