Connect with us

Hi, what are you looking for?

သတင်း

နှစ်သစ်ကူးပွဲမှစ၍ စစ်ကောင်စီဖန်တီးသည့် ဖောက်ခွဲမှုများရှိလာနိုင်၍ ပြည်သူများသတိထားရန် ပြည်ထောင်စုဝန်ကြီးချုပ်သတိပေး

စစ်ကောင်စီသည် ရန်ကုန်နှင့် မန္တလေးမြို့အပါအဝင် မြို့ကြီးများ၌ နှစ်သစ်ကူးပွဲကျင်းပရန် စီစဉ်နေပြီး နှစ်သစ်ကူးညတွင် ညမထွက်ရအမိန့် သတ်မှတ်ချက်များ ခေတ္တပယ်ဖျက်ကြောင်း ကြေညာထားသည်။

စစ်တပ်ထောက်ခံသူတစ်ဦးက နှစ်သစ်ကူးညတွင် ဗုံးဖောက်ခွဲရန် လှုံ့ဆော်ထားစဉ်
စစ်တပ်ထောက်ခံသူတစ်ဦးက နှစ်သစ်ကူးညတွင် ဗုံးဖောက်ခွဲရန် လှုံ့ဆော်ထားစဉ်

နှစ်သစ်ကူးပွဲမှစ၍ လူစုလူဝေး ဖြစ်နိုင်သည့် နေရာများကို စစ်ကောင်စီက တမင်ဖန်တီးသည့် ဖောက်ခွဲမှုများ ဖြစ်ပေါ်လာနိုင်၍ ပြည်သူများ အထူးသတိထားရန် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ယနေ့ သတိပေးလိုက်သည်။

စစ်ကောင်စီသည် ရန်ကုန်နှင့် မန္တလေးမြို့အပါအဝင် မြို့ကြီးများ၌ နှစ်သစ်ကူးပွဲကျင်းပရန် စီစဉ်နေပြီး နှစ်သစ်ကူးညတွင် ညမထွက်ရအမိန့် သတ်မှတ်ချက်များ ခေတ္တပယ်ဖျက်ကြောင်း ကြေညာထားသည်။

ကျောက်မြောင်း ဈေးပွဲတော်၌ ပေါက်ကွဲမှုဖြစ်ပွားစဉ်
ကျောက်မြောင်း ဈေးပွဲတော်၌ ပေါက်ကွဲမှုဖြစ်ပွားစဉ်

“အတိတ်ကာလက အကြမ်းဖက်စစ်အာဏာရှင် အဆက်ဆက်ဟာ သူတို့ရဲ့အာဏာသက်ဆိုးရှည်ဖို့အတွက် ပြည်သူလူထုရဲ့အသက်သွေးချွေးတွေကိုထင်သလို သတ်ဖြတ်ပြီး စတေးခဲ့တဲ့ သာဓကတွေများစွာရှိခဲ့သလို လက်ရှိ အကြမ်းဖက်စစ်ကောင်စီဟာလည်း ဒီအတိုင်းပဲ ဆက်လက် ကျူးလွန်နေတာကို တွေ့နိုင်ပါတယ်။မကြာမီကျရောက်မယ့် နှစ်သစ်ကူးပွဲကစလို့ လူစုလူဝေး ဖြစ်နိုင်တဲ့ နေရာဒေသတွေမှာ တမင်ဖန်တီးတဲ့ ဖောက်ခွဲမှုတွေ ဖြစ်လာနိုင်ပြီး တော်လှန်ရေးအင်အားစုတွေကို လုပ်ကြံလွှဲချတဲ့ ဖြစ်စဉ်တွေ ရှိလာနိုင်တာကြောင့် ပြည်သူလူထုကိုအထူးပဲ သတိထားကြဖို့ သတိပေးလိုပါတယ်”ဟု ပြည်ထောင်စုဝန်ကြီးချုပ်က ပြောသည်။

Public Service Announcement
Public Service Announcement

အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ပြည်သူ လူထု တစ်ရပ်လုံးကို ကိုယ်ထိလက်ရောက်ကာကွယ်စောင့်ရှောက်နိုင်ရန် တက်စွမ်းနိုင်သရွေ့ကြိုးစားဆောင်ရွက်နေသကဲ့သို့ ပြည်သူလူထုအနေဖြင့်လည်း အသိသတိမလွတ်ဘဲ နေထိုင်ကြခြင်းအားဖြင့် အချင်းချင်းစောင့်ရှောက်ကြရန် ဝန်ကြီးချုပ်က ပြောကြားသည်။

Public Service Announcement

Public Service Announcement

ချယ်ရီသင်္ဘောပေါ်ပေါက်ကွဲမှုဖြစ်ပွားစဉ်
ချယ်ရီသင်္ဘောပေါ်ပေါက်ကွဲမှုဖြစ်ပွားစဉ်

ဒီဇင်ဘာ ၁၈ရက်ကလည်း ပန်းဆိုးတန်း – ဒလ ကူးတို့သင်္ဘောပေါ်တွင် ပေါက်ကွဲမှု ဖြစ်ခဲ့ရာ အရပ်သားပြည်သူများ ထိခိုက်သေဆုံးမှုရှိခဲ့သည်။ ထိုသို့ ပြည်သူများအား ပစ်မှတ်ထား ဖောက်ခွဲတိုက်ခိုက်ခြင်းသည် တော်လှန်ရေးအင်အားစုများအား စွပ်စွဲလိုသည့် စစ်ကောင်စီ၏ လက်ချက်ဟု ပြည်သူများက ယူဆထားသည်။

ထို့အပြင် ဒီဇင်ဘာ ၂၃ရက်ကလည်း တာမွေမြို့မယ် ကျောက်မြောင်းဈေးပွဲတော်၌ ပေါက်ကွဲမှုဖြစ်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်း

အိုင်ကွန်ကနေ သတိပေးတာကတော့လက်တလောကာလမှာ မသမာသူတွေက မိဘပြည်သူတွေရဲ့ မှတ်ပုံတင်နဲ့ Face ID (မျက်နှာမှတ်တမ်းတင်စနစ်)တွေကို အသုံးပြုပြီးငွေကျပ်ငါးသောင်း မက်လုံးပေးကာ kpay အကောင့်ဖွင့်တဲ့ ဖြစ်စဉ်တွေ ဖြစ်ပွားနေတယ်လို့ ကြေညာပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။