Connect with us

Hi, what are you looking for?

သတင်း

အလွတ်တန်းသတင်း​ထောက်ကို​ဇော်မိုးထက် ဖမ်းဆီးခံရ

ဖားကန့် ​ဒေသသတင်းများကို ရေးလေ့ရှိသည့် အလွတ်တန်းသတင်းထောက် ကိုဇော်မိုးထက်အား စစ်ကောင်စီတပ်က ယမန်နေ့(ဇန်နဝါရီ ၉ရက်) ညနေတွင် မန္တလေးမြို့တနေရာ၌ ဖမ်းဆီးသွားခြင်းဖြစ်ကြောင်းသိရသည်။

(အလွတ်တန်းသတင်း​ထောက် ကို​ဇော်မိုးထက်။ ။ဓါတ်ပုံ-​ဇော်မိုးထက်​ဖေစ်ဘွခ်)
(အလွတ်တန်းသတင်း​ထောက် ကို​ဇော်မိုးထက်။ ။ဓါတ်ပုံ-​ဇော်မိုးထက်​ဖေစ်ဘွခ်)

မန္တလေးမြို့မှ အလွတ်တန်းသတင်းထောက်တစ်ဦးကိုစစ်ကောင်စီက ဖမ်းဆီးသွားကြောင်း ဖမ်းဆီးခံရသူ၏မိတ်ဆွေအချို့ကပြောသည်။

ဖားကန့် ​ဒေသသတင်းများကို ရေးလေ့ရှိသည့် အလွတ်တန်းသတင်းထောက် ကိုဇော်မိုးထက်အား စစ်ကောင်စီတပ်က ယမန်နေ့(ဇန်နဝါရီ ၉ရက်) ညနေတွင် မန္တလေးမြို့တနေရာ၌ ဖမ်းဆီးသွားခြင်းဖြစ်ကြောင်းသိရသည်။

“ကို​ဇော်မိုးထက်ကိုဖမ်းပြီး သူ့အိမ်ကိုဝင်မွှေသွားတယ်လို့ကြားတယ်။နောက်ထပ်ဘာမှမသိရသေးဘူး”ဟုဖားကန့်မြို့ခံတစ်ဦးကပြောသည်။

စစ်ကောင်စီတပ်ကဖမ်းဆီးသွားသည်ဟုသောသတင်းမှလွဲ၍ အခြားအသေးစိတ်အခြေအနေကိုမသိရသေးပေ။

Public Service Announcement

Public Service Announcement

ကို​ဇော်မိုးထက်သည် အဖမ်းမခံရခင်ဇန်နဝါရီလ ၈ရက်က”ဝိသမလောဘသားများနှင့်ပိုင်ရှင်မဲ့အလောင်းတွေပေါသည့် ဖားကန့်” ဟူသော ဆောင်းပါးတစ်ပုဒ်ကိုဖေစ်ဘွတ်ခ်လူမှုကွန်ရက်ပေါ်တင်ခဲ့သည်။ ဖားကန့်ဒေသကျောက်စိမ်းတူးဖော်မှုများ၊ မြေပြိုမှုများနှင့်ပတ်သက်၍ ရေးထားသော အဆိုပါဆောင်းပါးတွင်စစ်ကောင်စီကိုဝေဖန်ထားသည့်အချက်များမပါဝင်ဘဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရလက်ထက်က ဖြစ်ရပ်များကို အများဆုံးဝေဖန်ထားသည်ကိုတွေ့ရသည်။

အာဏာသိမ်းစစ်ကာင်စီလက်ထက်တွင် သတင်း​​ထောက်များဖမ်းဆီး​ထောင်ချခံရမှုများပြား​နေပြီး သတင်း​ထောက်များထောင်ချခံရမှုတွင်ကမ္ဘာ​ပေါ်တွင် တရုတ်ပြီးလျှင်ဒုတိယအများဆုံးဖြစ်​ကြောင်း ပြင်သစ်အ​ခြေစိုက် နယ်စည်းမခြားသတင်း​ထောက်များအဖွဲ့(RSF) ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ဝေါမြို့နယ်ထဲကညောင်ခါးရှည်စစ်ဆေးရေးဂိတ်မှာ လက်ရှိ စက်တင်ဘာလ ပထမအပတ်ကစပြီး ထိုင်းကုန်ပစ္စည်းသယ်ဆောင်လာတဲ့ ကားအစီးရေ ၁၀၀ ခန့်ကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ဆေးရေးအဖွဲ့က ဖမ်းဆီးသိမ်းဆည်းလိုက်တယ်လို့ ကားသမားသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ ရွှေပြည်သာနဲ့ လှိုင်သာယာမြို့နယ်တွေမှာ လူငယ်တွေကို လိုက်လံဖမ်းဆီးနေတဲ့အဖွဲ့တွေ သောင်းကျန်းနေပြီး လာဖမ်းရင် အဖမ်းမခံဘဲ ခုခံကြဖို့ ရွှေပြည်သာမြို့နယ်၊ ဘိုရှည်ကုန်းကျေးရွာက စစ်တပ်ခန့်အုပ်ချုပ်ရေးမှူး ဝင်းဇော်က ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ ထိုင်း-မြန်မာ၊ နယ်စပ်လမ်းကြောင်းတွေကနေတဆင့် မှောင်ခိုဝင်ရောက်လာတဲ့ ထိုင်းကုန်စည်ပစ္စည်းတွေကို အာဏာသိမ်းစစ်တပ်က ဘားအံနဲ့ မော်လမြိုင်မြို့တွေမှာ ကြားဖြတ်ဖမ်းဆီးသိမ်းဆည်းတာတွေပိုမိုလုပ်ဆောင်လာနေပါတယ်။

Facebook