Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မုံရွာ – ချောင်းဦးလမ်းပိုင်းအား ယနေ့ညပိုင်းမှစ၍ ဖြတ်သန်းသွားလာခြင်းမပြုရန် PDF သတိပေး

တောပုရွာပျူများနှင့် ဒေသကာကွယ်ရေးအဖွဲ့များ မကြာခဏ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေသည်။

(မုံရွာ - မန္တလေးလမ်းပိုင်းရှိ မုံရွာမြို့အဝင်တစ်နေရာအား တွေ့ရစဥ်၊ ဓာတ်ပုံ - CJ)
(မုံရွာ - မန္တလေးလမ်းပိုင်းရှိ မုံရွာမြို့အဝင်တစ်နေရာအား တွေ့ရစဥ်၊ ဓာတ်ပုံ - CJ)

စစ်ကိုင်းတိုင်း၊ မုံရွာ – မန္တလေးလမ်းမကြီးပေါ်ရှိ မုံရွာ – ချောင်းဦးလမ်းပိုင်းအား ယနေ့ညပိုင်းမှစ၍ ဖြတ်သန်းသွားလာခြင်းမပြုရန် မုံရွာခရိုင်အမှတ်(၁၁)တပ်ရင်း PDF-South Monywaက သတိပေး ကြေညာသည်။

ယနေ့ (ဇန်နဝါရီ ၁၂ ရက်)တွင် မုံရွာ – မန္တလေးလမ်းမကြီး၏ မုံရွာ – ချောင်းဦးလမ်းပိုင်း၌ ပစ်ခတ်မှုများရှိနေ၍ အရေးပေါ်ကိစ္စမှအပ ယနေ့ည ၉ နာရီမှ နံနက် ၅နာရီအတွင်း လုံးဝ ဖြတ်သန်းသွားလာရေး မပြုကြရန် PDF-South Monywaက သတိပေးသည်။

Public Service Announcement
Public Service Announcement

မုံရွာ – ချောင်းဦးလမ်းပိုင်း ယာယီပိတ်ရခြင်းနှင့်ပတ်သက်၍ PDF-South Monywa တာဝန်ခံ ဒေါင်းကာရံက “ ဒီနေ့ နေ့လယ်ကတည်းက တောပုကပျူတွေနဲ့ ဒေသခံကာကွယ်ရေးတပ်တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားနေပါတယ်။ ခုညပိုင်းလည်းအခြေအနေရှုပ်ထွေးနေဆဲပါ။” ဟု ပြောကြားသည်။

တောပုရွာပျူများနှင့် ဒေသကာကွယ်ရေးအဖွဲ့များ မကြာခဏ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေသည်။

You May Also Like

သတင်း

စစ်ကောင်စီတပ်သည် လွန်ခဲ့သည့် နှစ်လခန့်ကလည်း မံဝိန်းကြီး၊ စီမူကြီး ၊ စီမူလေးဘက် စစ်ကြောင်းထိုး၍ တိုက်ပွဲဖြစ်ပွားခဲ့ဖူးပြီး ယခု ထပ်မံ၍ စစ်ကြောင်းထိုးလာခြင်းဖြစ်သည်။

သတင်း

ပြည်သူများအ​နေဖြင့် ဂဠုန်တပ်​တော် ​ရှေ့ဆက်​တော်လှန်နိုင်ရန်နှင့် လက်နက်၊ခဲယမ်းများပြန်လည် ထုတ်လုပ်၊စုဆောင်းနိုင်ရန်အတွက် တတ်နိုင်သည့်ဘက်ပေါင်းစုံမှ ကူညီ​ထောက်ပံ့ပေးကြပါရန် ​ဂဠုန်တပ်တော် (ဒီပဲယင်း)က မေတ္တာရပ်ခံထားသည်။

သတင်း

ရန်သူအကြမ်းဖက် စစ်ကောင်စီတပ် ရောက်ရှိရာနေရာနှင့် ကျန်ရှိသောရွာသားများ၏ အိမ်အကွာအဝေးမှာ မီတာ ၁၀၀ မှ ၅၀၀အကွာအဝေးအတွင်းသာ ရှိပြီး PNDF နှင့် ညီနောင်တပ်ရင်းတပ်ဖွဲ့များမှ ရန်သူ့အနီးတဝိုက်သို့ သတိကြီးစွာချဉ်းကပ်ကာ ရွာသား စုစုပေါင်း (၁၅) ဦးအား အန္တရာယ်ကင်းစွာ ကယ်ဆယ်နိုင်ခဲ့ကြောင်း အသိပေးသည်။

သတင်း

ယမန်နေ့ (မတ်လ ၂၁ ရက်) နံနက် ၁၀ နာရီခွဲခန့်က ပုလောနယ် ပဝတ်ဖျားနှင့် မင်းထိန်ကျေး ရွာကြားတွင် အင်အား ၁၅၀ခန့်ပါ စစ်ကောင်စီတပ်စစ်ကြောင်းကို KNDO၊ ပုလော (ပ.က.ဖ)၊ KPDF၊ KRDF နှင့် မြိတ်ခရိုင် တပ်ရင်း (၁)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း...