Connect with us

Hi, what are you looking for?

သတင်း

မုံရွာ – ချောင်းဦးလမ်းပိုင်းအား ယနေ့ညပိုင်းမှစ၍ ဖြတ်သန်းသွားလာခြင်းမပြုရန် PDF သတိပေး

တောပုရွာပျူများနှင့် ဒေသကာကွယ်ရေးအဖွဲ့များ မကြာခဏ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေသည်။

(မုံရွာ - မန္တလေးလမ်းပိုင်းရှိ မုံရွာမြို့အဝင်တစ်နေရာအား တွေ့ရစဥ်၊ ဓာတ်ပုံ - CJ)
(မုံရွာ - မန္တလေးလမ်းပိုင်းရှိ မုံရွာမြို့အဝင်တစ်နေရာအား တွေ့ရစဥ်၊ ဓာတ်ပုံ - CJ)

စစ်ကိုင်းတိုင်း၊ မုံရွာ – မန္တလေးလမ်းမကြီးပေါ်ရှိ မုံရွာ – ချောင်းဦးလမ်းပိုင်းအား ယနေ့ညပိုင်းမှစ၍ ဖြတ်သန်းသွားလာခြင်းမပြုရန် မုံရွာခရိုင်အမှတ်(၁၁)တပ်ရင်း PDF-South Monywaက သတိပေး ကြေညာသည်။

ယနေ့ (ဇန်နဝါရီ ၁၂ ရက်)တွင် မုံရွာ – မန္တလေးလမ်းမကြီး၏ မုံရွာ – ချောင်းဦးလမ်းပိုင်း၌ ပစ်ခတ်မှုများရှိနေ၍ အရေးပေါ်ကိစ္စမှအပ ယနေ့ည ၉ နာရီမှ နံနက် ၅နာရီအတွင်း လုံးဝ ဖြတ်သန်းသွားလာရေး မပြုကြရန် PDF-South Monywaက သတိပေးသည်။

Public Service Announcement
Public Service Announcement

မုံရွာ – ချောင်းဦးလမ်းပိုင်း ယာယီပိတ်ရခြင်းနှင့်ပတ်သက်၍ PDF-South Monywa တာဝန်ခံ ဒေါင်းကာရံက “ဒီနေ့ နေ့လယ်ကတည်းက တောပုကပျူတွေနဲ့ ဒေသခံကာကွယ်ရေးတပ်တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားနေပါတယ်။ ခုညပိုင်းလည်းအခြေအနေရှုပ်ထွေးနေဆဲပါ။”ဟု ပြောကြားသည်။

တောပုရွာပျူများနှင့် ဒေသကာကွယ်ရေးအဖွဲ့များ မကြာခဏ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ချောင်းဦးမြို့နယ်မှာစစ်တပ်စစ်ကြောင်းအထိနာပြီး လက်နက်ခဲယမ်းတွေ ရတယ်လို့ ဒေသခံ စစ်ရေးသတင်းရင်းမြစ်တွေက လူထုနွေဦးကို ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ စက်မှုဇုန်မှာ တပ်စွဲထားတဲ့ စစ်တပ်ကို ဝင်ရောက်တိုက်ခိုက်ရာ ၄ ဦး သေဆုံးကြောင်း မုံရွာခရိုင်တပ်ရင်းတွေက ထုတ်ပြန်ပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

မုံရွာမြို့အ​ခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ရဲ့ပတ်ဝန်းကျင်က မြို့တွေမှာ စစ်ရေးတင်းမာနေပြီး စစ်‌တပ်က အရပ်သားတွေနဲ့ အိမ်ယာတွေကို ပစ်မှတ်ထားတိုက်ခိုက်ဖျက်ဆီးနေတယ်လို့ ​ဒေသခံ နဲ့ ​တော်လှန်​ရေးတပ်ဖွဲ့ဝင်​တွေက​ပြောပါတယ်။