Connect with us

Hi, what are you looking for?

သတင်း

ခက်ခဲနေသည့် မြန်မာပြည်သူများအတွက် ဆုတောင်းပေးနေကြောင်း အောင်လအန်ဆန် သတင်းစကားပါး

အောင်လအန်ဆန်သည် ယနေ့ည စင်ကာပူနိုင်ငံတွင် ကျင်းပသည့် One Championship MMA မစ်ဒယ်ဝိတ်တန်း စိန်ခေါ်ပွဲတွင် ဂျပန်ဖိုက်တာ အိုကာမီနှင့် ထိုးသတ်ခဲ့ပြီး ပွဲအစ ၂ မိနစ်အတွင်း ၎င်း၏ ဒူးတိုက်ချက်၊ လက်သီးချက်များဖြင့် အိုကာမီကို အလဲထိုး အနိုင်ရခဲ့သည်။

ခက်ခဲနေသည့် မြန်မာပြည်သူများအတွက် ဆုတောင်းပေးနေကြောင်း အောင်လအန်ဆန် သတင်းစကားပါး
ခက်ခဲနေသည့် မြန်မာပြည်သူများအတွက် ဆုတောင်းပေးနေကြောင်း အောင်လအန်ဆန် သတင်းစကားပါး

▪︎အကြမ်းဖက်စစ်အုပ်စုကြောင့်​နေ့စဥ်စိတ်ဒုက္ခ​ရောက်​နေ​သောပြည်သူများအတွက်​ပျော်ရွှင်ဖွယ်အခိုက်အတန့်ဖြစ်​စေပြီး၊​ယ​နေ့ည​အောင်ပွဲနှင့်အတူတော်လှန်​ရေးခရီး၏​အောင်မြင်​သော​နေ့အမြန်ဆုံး​ရောက်လာ​တော့မည်ဟုNUGယာယီသမ္မတ​ပြော

မြန်မာ MMAဖိုက်တာ အောင်လအန်ဆန်သည် ယနေ့ည တွင်ဂျပန်ဖိုက်တာအိုကာမီကိုအနိုင်ရပြီးနောက် အခက်အခဲ ကြုံနေရသည့် မြန်မာပြည်သူများအတွက် ဆုတောင်းပေးနေကြောင်း ဖွင့်ဟပြောကြားလိုက်သည်။

“ မြန်မာအတွက်ပြောစရာရှိပါ​တယ်။မြန်မာပြည်သူတွေ အတွက် ကျွန်တော် ဆုတောင်းပေးနေပါတယ်။ ပြီးခဲ့တဲ့ ၂ နှစ်ဟာ မြန်မာပြည်သူ​တွေအတွက် အရမ်းခက်ခဲပါတယ်။မြန်မာနိုင်ငံအတွက်အရမ်းခက်ခဲပါတယ်။ ခင်ဗျာတို့ကို ကျွန်​တော်သိ​စေချင်ပါတယ်။ ကျွန်​​တော်ဆက်ပြီးဆု​​​တောင်း​ပေး​နေပါတယ်။ဘုရားသခင်က ငြိမ်းချမ်းမှုပေးနိုင်လိမ့်မယ်လို့လည်း ကျွန်တော်ယုံကြည်ပါတယ် “ ဟု အောင်လအန်ဆန်က ပွဲအပြီးတွင် ပြောကြားခဲ့သည်။

NUG ယာယီသမ္မတဒူဝါလရှီလက ​အောင်လအင်ဆန်အနိုင်ရရှိမှုအ​ပေါ် ဂုဏ်ပြုခဲ့သည်။

“မြန်မာ့ဂုဏ်ဆောင် အောင်လ အင်ဆန် (Nsang Awng La) အနိုင်ရရှိလို့ ဂုဏ်ယူမိပါတယ်။အကြမ်းဖက်အာဏာသိမ်းစစ်အုပ်စုရဲ့ ဖိနှိပ်သတ်ဖြတ်ဖမ်းဆီးမှုများကြောင့်နေ့စဥ်စိတ်ဒုက္ခရောက်နေသည့် ပြည်သူလူထုအတွက် ဝမ်းမြောက်ပျော်ရွင်ဖွယ် အခိုက်အတန့် တရပ် ဖြစ်စေပါတယ်။ယနေ့ည အောင်မြင်မှု ရလဒ်နှင့်အတူ မြန်မာပြည်တစ်ရပ်လုံးလည်း အာဏာရှင်တော်လှန်ရေး ခရီး အောင်မြင်သည့် နေ့ရက်တစ်ရက် အမြန်ဆုံး ရောက်လာတော့မှာဖြစ်ပါတယ်”ဟု​ယာယီသမ္မတက​ရေးသားဂုဏ်ပြုခဲ့သည်။

Public Service Announcement

Public Service Announcement

KIO/KIA မှ ​ခေါင်း​ဆောင်တစ်ဦးဖြစ်​သော ဗိုလ်ချုပ်ဂွန်​မော်ကလည်း” Rai Sa Looooooo. အရင်ပွဲတွေအားလုံးထက်ရင်ခုန်စွာစောင့်ကြည့်ခဲ့ရပါတယ်။”ဟု​ရေးသားဂုဏ်ပြုခဲ့သည်။

အောင်လအန်ဆန်သည် ယနေ့ည စင်ကာပူနိုင်ငံတွင် ကျင်းပသည့် One Championship MMA မစ်ဒယ်ဝိတ်တန်း စိန်ခေါ်ပွဲတွင် ဂျပန်ဖိုက်တာ အိုကာမီနှင့် ထိုးသတ်ခဲ့ပြီး ပွဲအစ ၂ မိနစ်အတွင်း ၎င်း၏ ဒူးတိုက်ချက်၊ လက်သီးချက်များဖြင့် အိုကာမီကို အလဲထိုး အနိုင်ရခဲ့သည်။

ယင်းပွဲစဉ်တွင် အနိုင်ရခဲ့သည့် အတွက် အောင်လအန်ဆန်သည် လာမည့်ပြိုင်ပွဲတွင် Ome Championship MMA မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံခါးပတ်ကို ပြန်လည်စိန်ခေါ် ထိုးသတ်ခွင့် ရရှိမည်လည်း ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ကုလသမဂ္ဂဟာ သမိုင်းတလျှောက် မြန်မာပြည်သူများအတွက် ထိရောက်သောအရေးယူဆောင် ရွက်မှုများ လုပ်ဆောင်ရန် ပျက်ကွက်ခဲ့ကြောင်း ကရင်လူ့အခွင့်အရးအဖွဲ့(KHRG)ရဲ့ အစီရင်ခံစာမှာဖော်ပြထားပြီး ဒါကို ပြုပြင်တည့်မတ်ရေးအတွက် အရပ်ဘက်လူမှု အဖွဲ့အစည်းများ၊ မြန်မာပြည်သူလူထုတစ်ရပ်လုံးနဲ့ ပိုမိုနက်ရှိုင်းပြီး တန်းတူညီမျှသော ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်ဖို့ တိုက်တွန်းခဲ့ပါတယ်။

အတွေးအမြင်

မုန်တိုင်းဘေးသင့်ခဲ့​ပေမယ့် ကံ​ကောင်းခဲ့တဲ့ အောင်ချင်းငှက်နှစ်ကောင်အကြောင်းကို ဩစတေးလျသံရုံးက ဒီနေ့ထုတ်ပြန်လာပါတယ်။

သတင်း

စက်သုံးဆီ‌ချွေတာဖို့နဲ့ စက်သုံးဆီအခက်အခဲကြောင့် ရုန်းကန်နေရတဲ့ မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်နေတာကို ပြသတဲ့အနေနဲ့ စက်ဘီးနဲ့သွား‌ရုံးတက်နေတယ်လို့ နယ်သာလန်သံရုံးရဲ့ ဒုတိယအကြီးအကဲ မစ္စတာ ၀င်းမ်ဗန်ဒွေါန်က ပြောပါတယ်။

သတင်း

ဒုက္ခဆိုးတွေ ကြုံနေရတဲ့ မြန်မာပြည်သူတွေကို မေ့မထားကြဖို့ ပုပ်ရဟန်းမင်းကြီး လီယိုက တိုက်တွန်း ပြောကြားခဲ့ပါတယ်။