Connect with us

Hi, what are you looking for?

သတင်း

ကန့်ဘလူနယ်တွင် NLDရုံးဖွင့်ထားသည့် နေအိမ်ကို ပျူများက အကြမ်းဖက်ဝင်ရောက်ပြီး (၅)နှစ်အရွယ် ကလေးငယ်အပါအဝင် မိသားစုရှစ်ဦးကို သတ်ဖြတ်

ကန့်ဘလူမြို့နယ် ငါးမြောင်ကျေးရွာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ရုံးနေအိမ် ပိုင်ရှင်ဦးကျော်လှိုင်၏ နေအိမ်ကို ပျူစောထီးများက ယနေ့( ဇန်နဝါရီ ၁၄ရက်)နံနက် ၂နာရီခန့်တွင် ဝင်ရောက်လာပြီး သတ်ဖြတ်သွား​ခြင်းဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ရုံးဖွင့်ထားသည့် နေအိမ်ကို ပျူစောထီးများက အကြမ်းဖက်ဝင်ရောက်ပြီး (၅)နှစ်အရွယ်ကလေးငယ် အပါအဝင် မိသားစုရှစ်ဦးကို သတ်ဖြတ်သွားကြောင်း တော်လှန်ရေးအင်အားစုများက ပြောသည်။

ကန့်ဘလူမြို့နယ် ငါးမြောင်ကျေးရွာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ရုံးနေအိမ် ပိုင်ရှင်ဦးကျော်လှိုင်၏ နေအိမ်ကို ပျူစောထီးများက ယနေ့( ဇန်နဝါရီ ၁၄ရက်)နံနက် ၂နာရီခန့်တွင် ဝင်ရောက်လာပြီး သတ်ဖြတ်သွား​ခြင်းဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

Public Service Announcement
Public Service Announcement

“ပျုစောထီးတွေက ဝင်သတ်သွားတာ။မိသားစုဝင်ရှစ်ယောက်စလုံးကို သေနတ်နဲ့လည်းပစ်၊ ဓားနဲ့လည်းခုတ်ပြီး သတ်သွားတာ”ဟု အထက်ပါ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်က ပြောသည်။

သေဆုံးသူများအနက် သုံးဦးမှာ ကလေးငယ်များဖြစ်သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

သေဆုံးသူများမှာ နေအိမ်ပိုင်ရှင် ဦးကျော်လှိုင် (၇၀နှစ်)၊ ဒေါ်မဲညွန့်(၆၅)နှစ်၊ဒေါ်နှင်းမြလှိုင်(၄၀)နှစ် ကိုမျိုးဝင်း(၃၇)နှစ်၊မနှင်းမြခိုင်(၃၇)နှစ်၊မစုမြစံ(၁၅)နှစ်၊မရွှေဘုံစံ(၁၂)နှစ် နှင့်မောင်ခန့်ဇေယျာမျိုး(၅)နှစ်တို့ ဖြစ်ကြောင်း People’s Springက စုံစမ်းသိရှိရသည်။

ဦးကျော်လှိုင်တို့မိသားစုသည် NLD ပါတီဝင်များဖြစ်ပြီး ၂၀၂၀ ရွေးကောက်ပွဲအောင်နိုင်ရေးတွင် တက်တက်ကြွကြွ လှုပ်ရှားခဲ့ကြသူများဖြစ်သည်ဟု ပါတီအသိုင်းအဝိုင်းက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ(ICRC) ကိုယ်စားလှယ်တို့ တွေ့ဆုံခဲ့ကြောင်း သတင်းတွေအပေါ် အလေးထား စောင့်ကြည့်သုံးသပ်နေပြီး ICRC ရဲ့ လူသားချင်းစာနာထောက်ထားရေးဆိုင်ရာ ကြိုးပမ်းမှုကို အသိအမှတ်ပြုတယ်လို့ NLD ဗဟိုအလုပ်ကော်မတီက ထုတ်ပြန်ပါတယ်။

သတင်း

နိုင်ငံတကာက မြန်မာနဲ့ သံတမန်ရေး ထိတွေ့မှုတွေကို မြှင့်တင်ဖို့ ခြေလှမ်းပြင်လာချိန်မှာပဲ အာဏာသိမ်း စစ်တပ်ကမြန်မာပြည်သူတွေအပေါ် သတ်ဖြတ်မှုတွေလျော့ပါးမသွားတဲ့အပြင်ပိုပြီးတောင်ဆိုးရွားလာနေတယ်လို့ နိုင်ငံတကာ လေ့လာစောင့်ကြည့်မှု အဖွဲ့တစ်ခုက ထောက်ပြခဲ့ပါတယ်။

သတင်း

ကျူးလွန်သူကိုထိထိရောက်ရောက်အရေးယူ၊ အပြစ်ပေးဖို့အရပ်ဖက်အဖွဲ့တွေနဲ့ ပြည်သူတွေတောင်းဆို

သတင်း

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့မှာသံဃာတွေကိုဆွမ်းလောင်းပြီး မွေးနေ့ဆုတောင်းပေးခဲ့တဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီရဲ့လွှတ်တော်ကိုယ်စားလှယ်ဟောင်းဒေါက်တာစောနိုင်ကိုအာဏာသိမ်းစစ်တပ်ကဖမ်းဆီးပြီးနောက် ထောင်ဒဏ်သုံးနှစ်ချလိုက်တယ်လို့ ပါတီနဲ့နီးစပ်သူအချို့ဆီကသိရပါတယ်။