Connect with us

Hi, what are you looking for?

သတင်း

လွိုင်ကော်တွင် စစ်ကောင်စီပြုလုပ်သည့် ကယား ပြည်နယ်နေ့အခမ်းအနား တိုက်ခိုက်ခံရ

ယနေ့(ဇန်နဝါရီ ၁၅ ရက်) နံနက်ပိုင်းကစတင်ကျင်းပခဲ့သော ကယားဒေးအခမ်းအနားကို ဗုံးဖြင့်ရှစ်လုံးထက်မနည်း ဖောက်ခွဲတိုက်ခိုက်ခံရသည်ဟု ဆိုသည်။

(ကယားပြည်နယ်နေ့အကြို လမ်းဖွင့်ပွဲကို စစ်ကောင်စီက ယခုလ ၁၁ ရက်က ပြုလုပ်ခဲ့သည်၊ ဓာတ်ပုံ - CJ)
(ကယားပြည်နယ်နေ့အကြို လမ်းဖွင့်ပွဲကို စစ်ကောင်စီက ယခုလ ၁၁ ရက်က ပြုလုပ်ခဲ့သည်၊ ဓာတ်ပုံ - CJ)

▪️လူထိခိုက်မှုရှိဟု ဒေသခံများပြော

လွိုင်ကော်မြို့တွင် စစ်ကောင်စီက ဦးစီးကျင်းပသည့် ကယားပြည်နယ်နေ့ အခမ်းအနားပြုလုပ်နေသော ပြည်နယ်ခန်းမ တိုက်ခိုက်ခံရပြီး ထိခိုက်သူများရှိကြောင်း ဒေသခံသတင်းရင်းမြစ်များက လူထုနွေဦးသတင်းဌာနသို့ ပြောသည်။

ယနေ့(ဇန်နဝါရီ ၁၅ ရက်) နံနက်ပိုင်းကစတင်ကျင်းပခဲ့သော ကယားဒေးအခမ်းအနားကို ဗုံးဖြင့်ရှစ်လုံးထက်မနည်း ဖောက်ခွဲတိုက်ခိုက်ခံရသည်ဟု ဆိုသည်။

“သုံးယောက်လောက်အနည်းဆုံး ထိထားတယ်။ပြီးတော့လူကြီးကားမောင်းပေးတဲ့သူကတော်တော်များများထိထားတယ်ပြောတယ်”ဟု လွိုင်ကော်မြို့ခံတစ်ဦးက ပြောသည်။

ထို့အပြင် အခမ်းအနားလာရောက်သူများအား စစ်ကောင်စီက ခန်းမအတွင်းမှ ပေးမပြန်သဖြင့် ရုန်းရင်းဆန်ခတ်မှုများရှိကြောင်းလည်း သိရသည်။

Public Service Announcement

Public Service Announcement

“အခုက ပြန်ချင်တယ်ဆိုတဲ့သူတွေရော၊ ထိတဲ့သူတွေပါ ခန်းမထဲကနေ ပေးမထွက်တော့ ပြဿနာ ဖြစ်နေတာကြားတယ်”ဟု အခမ်းအနား တက်ရောက်နေသူနှင့်နီးစပ်သူက ရှင်းပြသည်။

လွိုင်ကော်မြို့တွင် စစ်ကောင်စီကပြုလုပ်သည့် ကယားပြည်နယ်နေ့ ပွဲတော် (ကယားဒေးပွဲ) အပါအဝင်ပွဲနှင့်ဆက်စပ်သည့် လူစုလူဝေးရှိရာ နေရာများကို သွားရောက်ခြင်းမပြုကြရန် PDF Loikaw က ယခုလ ၁၃ရက်တွင် သတိပေးသည်။

ထို့အပြင် စစ်ကောင်စီ အဖွဲ့ဝင်များရှိနေနိုင်သည့် နေရာများကိုလည်းသွားရောက်ချဉ်းကပ်ခြင်း မပြုရန် တိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့အနီးမှာ ဒီကနေ့ ဇွန်လ၁၅ရက် မနက်အစောပိုင်းက ရစ်ခ်တာစကေး ၄ ဒဿမ ၄ အဆင့် ငလျင်တစ်ခု မြေအနက်တိမ်တဲ့နေရာကို ဗဟိုပြု လှုပ်သွားပါတယ်။

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။