Connect with us

Hi, what are you looking for?

သတင်း

ရေဦးတွင် စစ်ကောင်စီတပ်က သမိုင်းဝင် ခရစ်ယာန် ဘုရားကျောင်းအပါအဝင် ရွာလုံးကျွတ်နီးပါး မီးရှို့ဖျက်ဆီး

ယမန်နေ့ (ဇန်နဝါရီ ၁၄ ရက်) ညပိုင်းက စစ်ကောင်စီတပ်သည် ရေဦးမြို့နယ်၊ ချမ်းသာကျေးရွာကို ရွာလုံးကျွတ်နီးပါး မီးရှို့ဖျက်ဆီးခဲ့ပြီး ညအိပ်တပ်စွဲခဲ့သည်။

ချမ်းသာရွာရှိ သမိုင်းဝင်ခရစ်ယာန်ဘုရားကျောင်းအား မီးရှို့ဖျက်ဆီးခြင်းမခံရမီက တွေ့ရစဥ်၊ ဓာတ်ပုံ-နယ်ခံ
ချမ်းသာရွာရှိ သမိုင်းဝင်ခရစ်ယာန်ဘုရားကျောင်းအား မီးရှို့ဖျက်ဆီးခြင်းမခံရမီက တွေ့ရစဥ်၊ ဓာတ်ပုံ-နယ်ခံ

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ ချမ်းသာကျေးရွာတွင် စစ်ကောင်စီတပ်က သမိုင်းဝင်ခရစ်ယာန်ဘုရားကျောင်းအပါအဝင် ရွာလုံးကျွတ်နီးပါး မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ပြောသည်။

ယမန်နေ့ (ဇန်နဝါရီ ၁၄ ရက်) ညပိုင်းက စစ်ကောင်စီတပ်သည် ရေဦးမြို့နယ်၊ ချမ်းသာကျေးရွာကို ရွာလုံးကျွတ်နီးပါး မီးရှို့ဖျက်ဆီးခဲ့ပြီး ညအိပ်တပ်စွဲခဲ့သည်။

ယနေ့ (ဇန်နဝါရီ ၁၅ ရက်)နံနက်အစောပိုင်းတွင် ချမ်းသာကျေးရွာရှိ သက်တမ်းရှည် သမိုင်းဝင် ခရစ်ယာန်ဘုရားရှိခိုးကျောင်းနှင့် ကျောင်းဝင်းအတွင်းရှိ ဘုန်းကြီးကျောင်းဆောင်များကိုပါ မီးရှို့ဖျက်ဆီးသွားခဲ့ကြောင်း ရေဦးမြို့နယ် စစ်ရှောင်ပြည်သူ ထောက်ပံ့ရေးအဖွဲ့က ပြောသည်။

ချမ်းသာရွာရှိ သမိုင်းဝင်ခရစ်ယာန်ဘုရားကျောင်းအား မီးရှို့ဖျက်ဆီးခြင်းမခံရမီက တွေ့ရစဥ်၊ ဓာတ်ပုံ-နယ်ခံ
ချမ်းသာရွာရှိ သမိုင်းဝင်ခရစ်ယာန်ဘုရားကျောင်းအား မီးရှို့ဖျက်ဆီးခြင်းမခံရမီက တွေ့ရစဥ်၊ ဓာတ်ပုံ-နယ်ခံ

“မနေ့က နေအိမ်တစ်အိမ်မှ မကျန်လောက်အောင်အထိ လေးငါးနေရာခွဲ မီးထပ်ရှို့ဖျက်ဆီးခဲ့ကြတယ်။ဒီနေ့မနက်လည်း ချမ်းသာရွာဘက်ကနေ မီးခိုးလုံးအကြီးကြီးတွေ လှိမ့်တက်လာတာ။ နှစ်ပေါင်းရာချီနေပြီဖြစ်တဲ့ သမိုင်းဝင် (ကောင်းကင်ဘုံသို့ ပင့်ဆောင်ခြင်းခံရသော မယ်တော်သခင်မဘုရားကျောင်း) ခရစ်ယန်ဘုရားရှိခိုးကျောင်းကြီးနဲ့ ကျောင်းဝင်းအတွင်းက ဘုန်းကြီးကျောင်းဆောင်တွေပါ စောစောစီးစီး မီးထပ်ရှို့သွားတယ်။”ဟု ဒေသတွင်း တော်လှန်ရေးသမားတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

“တို့ရဲ့ဗိမာန်တော်ကြီး ပြာကျသွားပြီ။ အရင်လိုသမိုင်းဝင်ရွာကြီး၊ ဘုရားကျောင်းကြီးဆိုပြီး ဂုဏ်ယူဝံ့ကြွားစရာ မရှိတော့ပြီ။”ဟု နယ်ခံတစ်ဦးက လူမှုကွန်ရက်တွင် ရေးသားသည်။

ချမ်းသာရွာရှိ သမိုင်းဝင်ခရစ်ယာန်ဘုရားကျောင်းအား မီးရှို့ဖျက်ဆီးခြင်းမခံရမီက တွေ့ရစဥ်၊ ဓာတ်ပုံ-နယ်ခံ
ချမ်းသာရွာရှိ သမိုင်းဝင်ခရစ်ယာန်ဘုရားကျောင်းအား မီးရှို့ဖျက်ဆီးခြင်းမခံရမီက တွေ့ရစဥ်၊ ဓာတ်ပုံ-နယ်ခံ

ချမ်းသာကျေးရွာမီးရှို့ခဲ့သော စစ်ကောင်စီတပ်သည် ရွာမိဿာရွာကို နှစ်ကြိမ်မြောက် ထပ်မံဝင် ရောက်ပြီး မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ မွန်းလွဲပိုင်းတွင် ရွာမိဿာမှတဆင့် ရေဦးမြို့သို့ ပြန်ဝင်ရန် ထွက်ခွာသွားကြောင်း ဒေသခံများက ပြော သည်။

စစ်ကောင်စီတပ်သည် ဇန်နဝါရီ ဒုတိယအပတ်တွင် ဒီပဲယင်းနယ်မှတဆင့် ရေဦးနယ်အနောက်ခြမ်းသို့ ကူးသန်းလာပြီး စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးနေ၍ ရွာပေါင်း ၁၇ ရွာထက်မနည်း ထွက်ပြေးတိမ်းရှောင်နေရပြီး ပြည်သူအချို့ကိုလည်း လူသားဒိုင်းအဖြစ် စစ်​ကြောင်းတလျှောက် ဖမ်းဆီးခေါ်ဆောင်ခံထားရသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းက နေအိမ်တွေအပြင် ဒေသခံတောင်သူသူတွေရဲ့ မျိုးမြေပဲတွေကိုပါ မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့ပေါ်ကို အာဏာသိမ်းစစ်တပ်က မီးရှို့ဖျက်ဆီးသွားပြီး ပြည်သူအချို့ ဖမ်းဆီးသတ်ဖြတ်ခံထားရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။