Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီ၏ တရားမဝင်ရွေးကောက်ပွဲအား ပူးပေါင်းပါဝင်ခြင်း၊ အားပေးခြင်း၊ ဝင်ရောက်ယှဉ် ပြိုင်ခြင်းမပြုရန် ပုလဲ(ပအဖ) ကြေညာ

ထုတ်ပြန်ချက်ပါ အချက်များအား လေးစားလိုက်နာမှု မရှိပါကပြင်းထန်ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမည်ဟုလည်း အသိပေးထားသည်။

စစ်ကောင်စီ၏ တရားမဝင်ရွေးကောက်ပွဲအား ပူးပေါင်းပါဝင်ခြင်း၊ အားပေးခြင်း၊ ဝင်ရောက်ယှဉ် ပြိုင်ခြင်းမပြုရန် ပုလဲ(ပအဖ) ကြေညာ
စစ်ကောင်စီ၏ တရားမဝင်ရွေးကောက်ပွဲအား ပူးပေါင်းပါဝင်ခြင်း၊ အားပေးခြင်း၊ ဝင်ရောက်ယှဉ် ပြိုင်ခြင်းမပြုရန် ပုလဲ(ပအဖ) ကြေညာ

▪️မလိုက်နာပါ ပြင်းထန်ထိရောက်စွာအရေးယူမည်ဟု သတိပေး

စစ်ကောင်စီက ၂၀၂၃အတွင်း တရားမဝင် ရွေးကောက်ပွဲ ကျင်းပနိုင်ရေး သန်းခေါင်စာရင်းနှင့် မဲစာရင်းများ ကောက်ခံရန်ကြိုးစားဆောင်ရွက် လျက်ရှိရာ တရားမဝင် ရွေးကောက်ပွဲအား ပူးပေါင်းပါဝင်ခြင်းမပြုရန် ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က ထုတ်ပြန်ကြေညာခဲ့သည်။

စစ်ကောင်စီ၏ တရားမဝင် ရွေးကောက်ပွဲ ကျင်းပရန် ပြုလုပ်နေမှုအား ပုလဲ(ပအဖ) အနေဖြင့် လုံး၀ လက်သင့်ခံမည်မဟုတ်ကြောင်း အသိပေးထားပြီး မြို့နယ်နေပြည်သူများ သိရှိနိုင်ရေး ဒေသန္တရ အမိန့်တစ်ရပ်ကို ဇန်နဝါရီ ၁၅ရက်တွင် ထုတ်ပြန်ခဲ့သည်။

ယင်းအမိန့် ပြည်သူများအနေဖြင့် စစ်ကောင်စီ ကျင်းပမည့် တရားမဝင် ရွေးကောက်ပွဲအား ပူးပေါင်းပါဝင်ခြင်းမပြုရန် ဖော်ပြထားပြီး အကြမ်းဖက်စစ်ကောင်စီ၏ လက်ကိုင်တုတ် အုပ်ချုပ်ရေးအဖွဲ့များမှ သန်းခေါင်စာရင်းနှင့် မဲစာရင်း ကောက်ခံမှုအား ပူးပေါင်းကူညီခြင်း၊ ပါဝင်ဆောင်ရွက်ခြင်းနှင့် အားပေးအားမြှောက် ပြုလုပ်သူများအား အကြမ်းဖက်အဖွဲ့ဝင်များအဖြစ် သတ်မှတ်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

ထို့ပြင် စစ်ကောင်စီမှ ကျင်းပမည့်တရားမဝင် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် မည်သည့် ပါတီ၊ မည်သည့် အဖွဲ့အစည်းကိုမျှ အာမခံချက်ပေးမည်မဟုတ်ကြောင်း ထုတ်ပြန်ခဲ့သည်။

Public Service Announcement

Public Service Announcement

ထုတ်ပြန်ချက်ပါ အချက်များအား လေးစားလိုက်နာမှု မရှိပါကပြင်းထန်ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမည်ဟုလည်း အသိပေးထားသည်။

စစ်ကောင်စီက တရားမဝင် ရွေးကောက်ပွဲ ကျင်းပရန် ရည်ရွယ်ပြီး လူဦးရေစာရင်းကောက် ယူမှုကို ဇန်နဝါရီ ၇ရက်မှ စတင်ဆောင်ရွက်လျက်ရှိရာ မြို့နယ်အများအပြားရှိ တော်လှန်ရေးအင်အားစုများက စစ်ကောင်စီ၏ တရားမဝင်ရွေးကောက်ပွဲအား ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းမပြုရန် အသိပေးချက်များ ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဖိလစ်ပိုင် နိုင်ငံရဲ့ မွတ်ဆလင် အများစု နေထိုင်ရာ ဒေသမှာ ပထမဆုံး ကျင်းပမယ့် ရွေးကောက်ပွဲ မတိုင်ခင် ပစ်ခတ်မှုတွေ ဖြစ်ပွားလို့ ၃ ဦးသေ၊ ၁၅ ဦး ဒဏ်ရာရခဲ့ပါတယ်။

ဆောင်းပါး

ဂျာမနီ၏ ရွှေ့ပြောင်းနေထိုင်မှု အပြောင်းအ လဲနဲ့ အာရှကျောင်းသား​တွေရဲ့ အိပ်မက်

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်