Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မွန် – ကရင်နယ်စပ်ရှိ ကော့ဘိန်းရွာရဲစခန်း မီးရှို့ဖျက်ဆီးခံရ

ယနေ့ တိုက်ခိုက်မှုအတွင်း အရပ်သား တစ်ဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ဒဏ်ရာရသူ နှစ်ဦးကို မော်လမြိုင်ဆေးရုံ၌ ကုသနေသည်ဟု သိရကြောင်း ၎င်းက ဆိုသည်။

(ကော့ကရိတ်မြို့နယ်ရှိ ကော့ဘိန်းရွာရဲစခန်းအား မီးရှို့ဖျက်ဆီးနေစဥ်၊ ဓာတ်ပုံ - အတုလ ဆာန်/FB)
(ကော့ကရိတ်မြို့နယ်ရှိ ကော့ဘိန်းရွာရဲစခန်းအား မီးရှို့ဖျက်ဆီးနေစဥ်၊ ဓာတ်ပုံ - အတုလ ဆာန်/FB)

▪️စစ်ကောင်စီလက်အောက်ခံ မွန်ငြိမ်းချမ်းရေးအဖွဲ့တပ်စခန်းကို အမည်မသိအဖွဲ့က လာရောက်ပစ်ခတ် ပြီး ရဲစခန်းမီးရှို့သွားဟု ဒေသခံပြော

မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အစပ် ကော့ကရိတ်မြို့နယ်ရှိ ကော့ဘိန်းရွာရဲစခန်းကို အမည်မသိ လက်နက်ကိုင်အဖွဲ့တစ်ခုက ယနေ့နံနက်ပိုင်းတွင် ဝင်ရောက်မီးရှို့သွားခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောပြသည်။

“သူတို့ဖြစ်တဲ့အချိန်က ၁၁နာရီလောက်မှာ ဖြစ်တာ။ ကော့ဘိန်းရွာ။ စခန်းရှို့ခံရတာ ဟုတ်တယ်။ကြားရတာက အဖွဲ့အစည်းတစ်ခု ဝင်လာပြီးတော့ ရဲစခန်းတွေမီးရှို့မှုဖြစ်သွားတယ်တဲ့။ အထိအခိုက်ကတော့ အရပ်သားထိသွားတယ်။ အပြန်အလှန် ပစ်တာက စခန်းမှာမပစ်ဘူး။ မွန်ငြိမ်းချမ်းရေးစခန်းမှာ ဖြစ်ကြတယ်။ မွန်ငြိမ်းချမ်းရေးအဖွဲ့တစ်ဖွဲ့ရှိတယ်။ သူတို့က မွန် BGF ပုံစံပေါ့။ မွန်ပြည်သစ်ပါတီနဲ့ မဆိုင်ဘူး။ အဲဒီစခန်းကို သူတို့ဝင်စီးပြီး နောက်ပိုင်း ရဲစခန်းကို လာရှို့လိုက်တာ”ဟု ဒေသခံက ပြောသည်။

(ကော့ကရိတ်မြို့နယ်ရှိ ကော့ဘိန်းရွာရဲစခန်းအား မီးရှို့ဖျက်ဆီးနေစဥ်၊ ဓာတ်ပုံ - အတုလ ဆာန်/FB)
(ကော့ကရိတ်မြို့နယ်ရှိ ကော့ဘိန်းရွာရဲစခန်းအား မီးရှို့ဖျက်ဆီးနေစဥ်၊ ဓာတ်ပုံ – အတုလ ဆာန်/FB)

ယနေ့ တိုက်ခိုက်မှုအတွင်း အရပ်သား တစ်ဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ဒဏ်ရာရသူ နှစ်ဦးကို မော်လမြိုင်ဆေးရုံ၌ ကုသနေသည်ဟု သိရကြောင်း ၎င်းက ဆိုသည်။

“ရဲစခန်းမှာ အပြန်အလှန် ပစ်တယ်ဆိုတာ မမှန်ပါဘူး။ အမှန်ဖြစ်တာက မွန်ကာကွယ်ရေးတပ်မှာ ပစ်တာ။ ပြီးပြီးမှ သူတို့(လာရောက်တိုက်ခိုက်သည့်အဖွဲ့)က ရဲစခန်းကို လာရှို့တာ။ရဲစခန်းမှာ ရဲတွေမရှိပါဘူး။ သူတို့ ဘယ်မှာရှိလည်း ကျွန်တော်တို့လည်း မသိပါဘူး။ အဆောက်အဦးတွေ အကုန်လုံး ရဲစခန်းမှာ ။ အထက်တန်းကျောင်း ကပ်လျက်မှာ သူတို့ မရှို့ပါဘူး။သူတို့ ရှို့တာက တိုက်ခန်း ပြည်သူတွေ အန္တရာယ်မဖြစ်တဲ့နေရာ ရှို့တာ။”ဟု ဒေသခံက ပြောသည်။

Public Service Announcement

Public Service Announcement

(ကော့ကရိတ်မြို့နယ်ရှိ ကော့ဘိန်းရွာရဲစခန်းအား မီးရှို့ဖျက်ဆီးနေစဥ်၊ ဓာတ်ပုံ - အတုလ ဆာန်/FB)
(ကော့ကရိတ်မြို့နယ်ရှိ ကော့ဘိန်းရွာရဲစခန်းအား မီးရှို့ဖျက်ဆီးနေစဥ်၊ ဓာတ်ပုံ – အတုလ ဆာန်/FB)

မွန်ငြိမ်းချမ်းရေးတပ်နှင့် ရဲစခန်းမှာ နှစ်မိုင်ခန့်ဝေးကြောင်း ဒေသခံက ပြောသည်။

“ငြိမ်းချမ်းရေးအဖွဲ့က ထိလားတော့ ကျနော်တို့ သတင်းမကြားရသေးဘူး။ အဲဒီ အနီးအနားကို ရွာသားတွေ သွားမရဲကြဘူးလေ။ သူက ကော့ဘိန်းနဲ့ နည်းနည်းဝေးတယ်။” ဟု ဒေသခံက ပြောသည်။

Public Service Announcement
Public Service Announcement

လက်ရှိတွင် စစ်ကောင်စီတပ်က ကော့ဘိန်းရွာသို့ ရောက်ရှိလာ၍ ပြည်သူလူထုများ စိုးရိမ်ထိတ်လန့်နေကြရသည်ဟု ဆိုသည်။

(ကော့ကရိတ်မြို့နယ်ရှိ ကော့ဘိန်းရွာရဲစခန်းအား မီးရှို့ဖျက်ဆီးနေစဥ်၊ ဓာတ်ပုံ - အတုလ ဆာန်/FB)
(ကော့ကရိတ်မြို့နယ်ရှိ ကော့ဘိန်းရွာရဲစခန်းအား မီးရှို့ဖျက်ဆီးနေစဥ်၊ ဓာတ်ပုံ – အတုလ ဆာန်/FB)

“ဒီညလည်း သတင်းကြားတာ စစ်ကောင်စီဘက်က ရဲစခန်းမှာ ရောက်နေပြီ။ ရွာသားတွေ တိတ်ဆိတ်နေရောပဲ။ ဘာမှ မလှုပ်ရှားရဲဘူး အိမ်မှာပဲ ပုန်းနေကြတယ်။ ညမှာလည်း လူတွေ သွားလာတာ တစ်ယောက်မှ မရှိဘူး” ဟု ဒေသခံက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

NMSP-AD ခေါင်းဆောင် နိုင်ဇေယျက နှစ် သစ်ကူး မိန့်ခွန်းပြောကြားရာ ယခုကဲ့သို့ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်ဟု NMSP-AD ပြောရေးဆိုခွင့်ရှိသူ နိုင်ဗညားမွန်က ရှင်းပြသည်။

သတင်း

၂၀၂၃ ဩဂုတ်တွင် မီးရှို့ဖျက်ဆီးခံရသည့် နေအိမ်အရေအတွက်က ၁,၀၀၀အောက်အထိ ကျဆုံးခဲ့သော်လည်း ၂၀၂၃ ဒီဇင်ဘာမှစ၍ တဖြေးဖြေး ပြန်မြင့်တက်လာခဲ့ရာ မတ်လအတွင်း နေအိမ် ၂,၈၃၁လုံး မီးရှို့ခံခဲ့ရကြောင်း အသိပေးသည်။

သတင်း

ရေမျက်နီရွာအတွင်း စစ်ကောင်စီတပ်အထိုင်ချထားသည့် ရဲစခန်းကို ဒေသခံကာကွယ်ရေးတပ်များက ၂၀၂၃ ဒီဇင်ဘာအတွင်းက တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီက လေကြောင်းအသုံးပြု ကာကွယ်ခဲ့ရသည်။

သတင်း

နေအိမ်မီးလောင်၍ မီးငြှိမ်းသတ်သည့် ပြည်သူတစ်ဦးကိုလည်း စစ်ကောင်စီတပ်က ပစ်ခတ်သတ်ဖြတ်သွားကြောင်း ဒေသခံများက ပြောသည်။