Connect with us

Hi, what are you looking for?

သတင်း

မွန် – ကရင်နယ်စပ်ရှိ ကော့ဘိန်းရွာရဲစခန်း မီးရှို့ဖျက်ဆီးခံရ

ယနေ့ တိုက်ခိုက်မှုအတွင်း အရပ်သား တစ်ဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ဒဏ်ရာရသူ နှစ်ဦးကို မော်လမြိုင်ဆေးရုံ၌ ကုသနေသည်ဟု သိရကြောင်း ၎င်းက ဆိုသည်။

(ကော့ကရိတ်မြို့နယ်ရှိ ကော့ဘိန်းရွာရဲစခန်းအား မီးရှို့ဖျက်ဆီးနေစဥ်၊ ဓာတ်ပုံ - အတုလ ဆာန်/FB)
(ကော့ကရိတ်မြို့နယ်ရှိ ကော့ဘိန်းရွာရဲစခန်းအား မီးရှို့ဖျက်ဆီးနေစဥ်၊ ဓာတ်ပုံ - အတုလ ဆာန်/FB)

▪️စစ်ကောင်စီလက်အောက်ခံ မွန်ငြိမ်းချမ်းရေးအဖွဲ့တပ်စခန်းကို အမည်မသိအဖွဲ့က လာရောက်ပစ်ခတ် ပြီး ရဲစခန်းမီးရှို့သွားဟု ဒေသခံပြော

မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အစပ် ကော့ကရိတ်မြို့နယ်ရှိ ကော့ဘိန်းရွာရဲစခန်းကို အမည်မသိ လက်နက်ကိုင်အဖွဲ့တစ်ခုက ယနေ့နံနက်ပိုင်းတွင် ဝင်ရောက်မီးရှို့သွားခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောပြသည်။

“သူတို့ဖြစ်တဲ့အချိန်က ၁၁နာရီလောက်မှာ ဖြစ်တာ။ ကော့ဘိန်းရွာ။ စခန်းရှို့ခံရတာ ဟုတ်တယ်။ကြားရတာက အဖွဲ့အစည်းတစ်ခု ဝင်လာပြီးတော့ ရဲစခန်းတွေမီးရှို့မှုဖြစ်သွားတယ်တဲ့။ အထိအခိုက်ကတော့ အရပ်သားထိသွားတယ်။ အပြန်အလှန် ပစ်တာက စခန်းမှာမပစ်ဘူး။ မွန်ငြိမ်းချမ်းရေးစခန်းမှာ ဖြစ်ကြတယ်။ မွန်ငြိမ်းချမ်းရေးအဖွဲ့တစ်ဖွဲ့ရှိတယ်။ သူတို့က မွန် BGF ပုံစံပေါ့။ မွန်ပြည်သစ်ပါတီနဲ့ မဆိုင်ဘူး။ အဲဒီစခန်းကို သူတို့ဝင်စီးပြီး နောက်ပိုင်း ရဲစခန်းကို လာရှို့လိုက်တာ”ဟု ဒေသခံက ပြောသည်။

(ကော့ကရိတ်မြို့နယ်ရှိ ကော့ဘိန်းရွာရဲစခန်းအား မီးရှို့ဖျက်ဆီးနေစဥ်၊ ဓာတ်ပုံ - အတုလ ဆာန်/FB)
(ကော့ကရိတ်မြို့နယ်ရှိ ကော့ဘိန်းရွာရဲစခန်းအား မီးရှို့ဖျက်ဆီးနေစဥ်၊ ဓာတ်ပုံ – အတုလ ဆာန်/FB)

ယနေ့ တိုက်ခိုက်မှုအတွင်း အရပ်သား တစ်ဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ဒဏ်ရာရသူ နှစ်ဦးကို မော်လမြိုင်ဆေးရုံ၌ ကုသနေသည်ဟု သိရကြောင်း ၎င်းက ဆိုသည်။

“ရဲစခန်းမှာ အပြန်အလှန် ပစ်တယ်ဆိုတာ မမှန်ပါဘူး။ အမှန်ဖြစ်တာက မွန်ကာကွယ်ရေးတပ်မှာ ပစ်တာ။ ပြီးပြီးမှ သူတို့(လာရောက်တိုက်ခိုက်သည့်အဖွဲ့)က ရဲစခန်းကို လာရှို့တာ။ရဲစခန်းမှာ ရဲတွေမရှိပါဘူး။ သူတို့ ဘယ်မှာရှိလည်း ကျွန်တော်တို့လည်း မသိပါဘူး။ အဆောက်အဦးတွေ အကုန်လုံး ရဲစခန်းမှာ ။ အထက်တန်းကျောင်း ကပ်လျက်မှာ သူတို့ မရှို့ပါဘူး။သူတို့ ရှို့တာက တိုက်ခန်း ပြည်သူတွေ အန္တရာယ်မဖြစ်တဲ့နေရာ ရှို့တာ။”ဟု ဒေသခံက ပြောသည်။

Public Service Announcement

Public Service Announcement

(ကော့ကရိတ်မြို့နယ်ရှိ ကော့ဘိန်းရွာရဲစခန်းအား မီးရှို့ဖျက်ဆီးနေစဥ်၊ ဓာတ်ပုံ - အတုလ ဆာန်/FB)
(ကော့ကရိတ်မြို့နယ်ရှိ ကော့ဘိန်းရွာရဲစခန်းအား မီးရှို့ဖျက်ဆီးနေစဥ်၊ ဓာတ်ပုံ – အတုလ ဆာန်/FB)

မွန်ငြိမ်းချမ်းရေးတပ်နှင့် ရဲစခန်းမှာ နှစ်မိုင်ခန့်ဝေးကြောင်း ဒေသခံက ပြောသည်။

“ငြိမ်းချမ်းရေးအဖွဲ့က ထိလားတော့ ကျနော်တို့ သတင်းမကြားရသေးဘူး။ အဲဒီ အနီးအနားကို ရွာသားတွေ သွားမရဲကြဘူးလေ။ သူက ကော့ဘိန်းနဲ့ နည်းနည်းဝေးတယ်။” ဟု ဒေသခံက ပြောသည်။

Public Service Announcement
Public Service Announcement

လက်ရှိတွင် စစ်ကောင်စီတပ်က ကော့ဘိန်းရွာသို့ ရောက်ရှိလာ၍ ပြည်သူလူထုများ စိုးရိမ်ထိတ်လန့်နေကြရသည်ဟု ဆိုသည်။

(ကော့ကရိတ်မြို့နယ်ရှိ ကော့ဘိန်းရွာရဲစခန်းအား မီးရှို့ဖျက်ဆီးနေစဥ်၊ ဓာတ်ပုံ - အတုလ ဆာန်/FB)
(ကော့ကရိတ်မြို့နယ်ရှိ ကော့ဘိန်းရွာရဲစခန်းအား မီးရှို့ဖျက်ဆီးနေစဥ်၊ ဓာတ်ပုံ – အတုလ ဆာန်/FB)

“ဒီညလည်း သတင်းကြားတာ စစ်ကောင်စီဘက်က ရဲစခန်းမှာ ရောက်နေပြီ။ ရွာသားတွေ တိတ်ဆိတ်နေရောပဲ။ ဘာမှ မလှုပ်ရှားရဲဘူး အိမ်မှာပဲ ပုန်းနေကြတယ်။ ညမှာလည်း လူတွေ သွားလာတာ တစ်ယောက်မှ မရှိဘူး” ဟု ဒေသခံက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းသစ်တပ်က ကရင်ပြည်နယ်၊ဘားအံမြို့နယ်ကသံလွင်မြစ်ကြောင်းမှာမြစ်တွင်းသွား တိုက်ရေယာဉ်တစ်စီးစစ်ရေးလေ့ကျင့်သွားမယ်လို့ကရင်စစ်ရေးသတင်းရင်းမြစ်အချို့က​ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းက နေအိမ်တွေအပြင် ဒေသခံတောင်သူသူတွေရဲ့ မျိုးမြေပဲတွေကိုပါ မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မြန်မာ-ထိုင်းနယ်စပ်စစ်တပ်ရဲ့ ဝေါ်လေဗျူဟာကုန်းတပ်စခန်းကို ကရင်လွတ်မြောက်ရေးတပ်မတော်(KNLA)ဦးဆောင်တဲ့တော်လှန်ရေးတပ်တွေက ထပ်မံထိုးစစ်ဆင်​နေပြီးတိုက်ပွဲ​တွေပြင်းထန်နေတယ်လို့ လူထုနွေဦးရဲ့စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့ပေါ်ကို အာဏာသိမ်းစစ်တပ်က မီးရှို့ဖျက်ဆီးသွားပြီး ပြည်သူအချို့ ဖမ်းဆီးသတ်ဖြတ်ခံထားရကြောင်း ဒေသခံတွေက ပြောပါတယ်။