Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

တိုက်ပွဲပြင်းထန်ခဲ့သည့် ကော့နွဲ့အပါအဝင် ကော့ကရိတ်ဒေသခံများ တောအတွင်းစစ်ရှောင်နေရ

စစ်ရှောင်ရသည်မှာ ကာလကြာလာသည်နှင့်အမျှ စားဝတ်နေရေး၊ကျန်းမာရေး၊ ဘ၀မလုံခြုံမှုများ ရှိနေကြောင်း၊ ရောက်ရှိနေသည့် ဒေသမျာ၌လည်း လုံခြုံစိတ်ချရသည့် အနေအထားမရှိ၍ ထပ်မံရွှေ့ပြောင်းနေရမှုများရှိကြောင်း ၎င်းက ဆိုသည်။

(KNUဖွဲ့ထားသည့်အရေးပေါ် လူသားချင်းစာနာမှု ကူညီ​ရေးကော်မတီက စစ်ရှောင်များကို ဆန်နှင့် ငွေကြေးထောက်ပံ့နေစဥ်၊ ဓာတ်ပုံ - CJ)
(KNUဖွဲ့ထားသည့်အရေးပေါ် လူသားချင်းစာနာမှု ကူညီ​ရေးကော်မတီက စစ်ရှောင်များကို ဆန်နှင့် ငွေကြေးထောက်ပံ့နေစဥ်၊ ဓာတ်ပုံ - CJ)

အခက်အခဲများနှင့် ဆုံးရှုံးမှုများ ကြုံရဟုဆို

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်အတွင်း တော်လှန်ရေးအင်အားစုများနှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲများ၊ စစ်ကောင်စီတပ်၏လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုများကြောင့် ဒေသခံပြည်သူ ထောင်နှင့်ချီ စစ်ရှောင်နေရပြီး လတ်တလောတွင် အခက်အခဲများစွာ ကြုံရကာအိုးအိမ်နှင့် အိမ်မွေးတိရိစ္ဆာန် ပျက်စီးဆုံးရှုံးမှုများ ရှိနေသည်ဟု ကော့ကရိတ်ဒေသခံက ပြောသည်။

စစ်ရှောင်ရသည်မှာ ကာလကြာလာသည်နှင့်အမျှ စားဝတ်နေရေး၊ကျန်းမာရေး၊ ဘ၀မလုံခြုံမှုများ ရှိနေကြောင်း၊ ရောက်ရှိနေသည့် ဒေသမျာ၌လည်း လုံခြုံစိတ်ချရသည့် အနေအထားမရှိ၍ ထပ်မံရွှေ့ပြောင်းနေရမှုများရှိကြောင်း ၎င်းက ဆိုသည်။

(KNUဖွဲ့ထားသည့်အရေးပေါ် လူသားချင်းစာနာမှု ကူညီ​ရေးကော်မတီက စစ်ရှောင်များကို ဆန်နှင့် ငွေကြေးထောက်ပံ့နေစဥ်၊ ဓာတ်ပုံ - CJ)
(KNUဖွဲ့ထားသည့်အရေးပေါ် လူသားချင်းစာနာမှု ကူညီ​ရေးကော်မတီက စစ်ရှောင်များကို ဆန်နှင့် ငွေကြေးထောက်ပံ့နေစဥ်၊ ဓာတ်ပုံ – CJ)

KNU အုပ်ချုပ်ရေးပိုင်းက အဆိုပါ စစ်ရှောင်များအတွက် အရေးပေါ်ကူညီစောင့်ရှောက်ရေးကော်မတီ ဖွဲ့စည်းပြီး ငွေကြေးနှင့် စားနပ်ရိက္ခာ အကူအညီများပေးအပ်လျက်ရှိပြီး လိုအပ်ချက်များရှိနေသည်ဟု ကော်မတီ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

Public Service Announcement
Public Service Announcement

“အဆင်ပြေချောမွေ့တဲ့အထိ မဟုတ်သော်လည် ရရှိတဲ့ဟာလေးတွေကို မျှဝေပြီးတော့ ကူညီထောက်ပံ့မှုတွေ ပြုလုပ်ပါတယ်။ နည်းသည်ဖြစ်စေ များသည်ဖြစ်စေ အေးအတူပူအမျှပေါ့နော်။ ကျနော်တို့ဘက်က ကူညီနိုင်တာ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးနေပါတယ်”ဟု ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

ရွှေ့ပြောင်းနေထိုင်ရသည့် အချိန်ကာလ ကြာရှည်လာမည်ဆိုပါက ဒေသခံများအတွက်များစွာ ဆုံးရှုံးနစ်နာမှုများ ဖြစ်ပေါ်စေသည်ဟု ဆိုသည်။

(KNUဖွဲ့ထားသည့်အရေးပေါ် လူသားချင်းစာနာမှု ကူညီ​ရေးကော်မတီက စစ်ရှောင်များကို ဆန်နှင့် ငွေကြေးထောက်ပံ့နေစဥ်၊ ဓာတ်ပုံ - CJ)
(KNUဖွဲ့ထားသည့်အရေးပေါ် လူသားချင်းစာနာမှု ကူညီ​ရေးကော်မတီက စစ်ရှောင်များကို ဆန်နှင့် ငွေကြေးထောက်ပံ့နေစဥ်၊ ဓာတ်ပုံ – CJ)

“အိမ်တစ်အိမ်လုံးရွှေ့ရတယ်ဆိုတာ လွယ်တာမဟုတ်ဘူး။ မီးလောင်သွားတဲ့ အိမ်တွေလည်း ဆုံးရှုံးသွားကုန်ပြီ။ နောက်တစ်ခု ကျန်နေတဲ့ တိရိစ္ဆာန်များသည်လည်း သူတို့ ရောက်ရှိတဲ့နေရာကို သူတို့ သယ်သွားလို့မရဘူးလေ။ ဆိုတော့ မိမိပိုင်ဆိုင်တဲ့ ကျွဲ၊ နွားတိရိစ္ဆာန် အိမ်မွေးတိရိစ္ဆာန်အားလုံးကလည်း စစ်တလင်းမှာပဲ ကျင်လည်ကျက်စားပြီး ဘယ်တော့ သေမလဲ၊ ဘယ်တော့ ပျောက်မလဲ ဘယ်နှစ်ကောင် ပျောက်မလဲ ဘယ်နှစ်ကောင် ပျောက်ပြီလဲ ဘာတွေဖြစ်သွားပြီလည်းဆိုတာ သူတို့ ပြန်လှည့်မကြည့်နိုင်တဲ့ အနေအထားတော့ ရှိသွားပြီ”ဟု ကော့ကရိတ်ဒေသခံက ပြောသည်။

ကော့နွဲ့အုပ်စုရှိ ဒေသခံများ နစ်နာဆုံးရှုံးမှုများ ပြားကြောင်း ဒေသခံက ပြောသည်။

“တောတောင်ဒေသမှာ ရွှေ့ပြောင်းပြီးတော့ ကျန်ရှိနေတဲ့ကျွဲနွားတိရိစ္ဆာန်တွေ အလဟသ ဆုံးရှုံးသွားသလိုဖြစ်ကုန်ပြီ”ဟု ဒေသခံက ပြောသည်။

စစ်ရှောင်များအား ကူညီရာတွင်လည်း အခက်အခဲအမျိုးမျိုးကြုံရကြောင်း ၎င်းက ဆိုသည်။

(KNUဖွဲ့ထားသည့်အရေးပေါ် လူသားချင်းစာနာမှု ကူညီ​ရေးကော်မတီက စစ်ရှောင်များကို ဆန်နှင့် ငွေကြေးထောက်ပံ့နေစဥ်၊ ဓာတ်ပုံ - CJ)
(KNUဖွဲ့ထားသည့်အရေးပေါ် လူသားချင်းစာနာမှု ကူညီ​ရေးကော်မတီက စစ်ရှောင်များကို ဆန်နှင့် ငွေကြေးထောက်ပံ့နေစဥ်၊ ဓာတ်ပုံ – CJ)

“ကျွန်တော်တို့ ကူညီထောက်ပံ့ဖို့ အင်မတန်မှ အခက်အခဲရှိတယ်။ သူတို့ ရွှေ့ပြောင်းတဲ့နေရာမှာ တောတောင်ဒေသမှာ လိုက်ပြီးတော့ ရွှေ့ပြောင်းနေတယ်ဆိုတော့သူတို့ဆီကို စားနပ်ရိက္ခာ ရောက်ရှိဖို့အင်မတန်မှ ခက်ခဲတယ်။ဆိုတော့ သူတို့ရဲ့ အုပ်ချုပ်ရေးမှူးနဲ့ ညှိနှိုင်းဆွေးနွေးပြီးတော့ မိမိပြည်သူလူထုကို ရောက်ရှိတဲ့နေရာကနေ ကျနော်တို့ကို ကျနော်တို့ဆီ စာရင်တင်ပြပါ တင်ပြပြီး ကျနော်တို့ စားနပ်ရိက္ခာသယ်ဆောင်သွားနိုင်တဲ့နေရာ ပို့ဆောင်ပေးပြီးတော့ သူတို့ ကျေးရွာလူထုကတဆင့်တောတောင်ကျော်ဖြတ်ပြီး ထမ်းပို့ သယ်ပို့ တိုက်ပို့ အဲဒီလို ပုံစံလုပ်ဆောင်နေရပါတယ်။ အင်မတန်မှ အခက်အခဲရှိတဲ့ ကူညီထောက်ပံ့မှုတွေ ပြုလုပ်ရပါတယ်”ဟု ဒေသခံက ပြောသည်။

ကော့ကရိတ်မြို့နယ် အာရှလမ်းတစ်လျှောက်၌ ဒီဇင်ဘာအတွင်းက တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာနိုင်ငံမှာ နိုင်ငံသားတွေ၊ အာဆီယံ အဖွဲ့ဝင်တွေ အပါအဝင် နိုင်ငံခြားသားတွေ အားလုံးရဲ့ လုံခြုံဘေးကင်းရေးကို အလေးထား ဆောင်ရွက်ပေးဖို့ကလည်း အထူးအရေးပါတဲ့ တောင်းဆိုမှု တစ်ခုလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားခဲ့ပါတယ်။

သတင်း

ကော့ကရိတ်မြို့မြောက်ပိုင်း၌ နေရာယူထားသော ကျားဖြူစစ်ကြောင်းရှိရာသို့ စစ်ကောင်စီတပ်က တိုးဝင်လာ၍ တိုက်ပွဲစတင်ဖြစ်ခဲ့ပြီး လက်ရှိတွင် စစ်ကောင်စီက လေကြောင်းမှ အဆိပ်ငွေ့ဗုံးအသုံးပြုတိုက်ခိုက်နေသည်ဟု ၎င်းက ပြောသည်။

သတင်း

ဒုက္ခရောက်နေသူများအား ကူညီရာ၌ ဆရာတော် ကိုင်ဆွဲသည့် အဓိကသဘောထားများမှာ ဘာလူမျိုးလဲမမေးရန်၊ ဘယ်ဘာသာ ကိုးကွယ်လည်းမမေးရန်၊ လူအချင်းချင်းဟုသာ မြင်ကြရန် ဆိုသည့်အချက်များဖြစ်သည်ဟု ခွန်ရိန်းယံက ပြောပြသည်။

သတင်း

ဒုတိယဗိုလ်မှူးကြီးနိုင်နိုင်ဝင်းသည် ယခုရက်ပိုင်းဖြစ်ပွားနေသည့် ကော့ကရိတ် - မြဝတီအာရှလမ်းတိုက်ပွဲ၌ KNLAနှင့် PDF ပူးပေါင်းတပ်ဖွဲ့၏တိုက်ခိုက်မှုကြောင့် သေဆုံးသွားခြင်းဖြစ်နိုင်ကြောင်း ကော့ကရိတ်ရှိ စစ်ရေးသတင်းရင်းမြစ်အချို့ကပြောသည်။