Connect with us

Hi, what are you looking for?

သတင်း

တိုက်ပွဲပြင်းထန်ခဲ့သည့် ကော့နွဲ့အပါအဝင် ကော့ကရိတ်ဒေသခံများ တောအတွင်းစစ်ရှောင်နေရ

စစ်ရှောင်ရသည်မှာ ကာလကြာလာသည်နှင့်အမျှ စားဝတ်နေရေး၊ကျန်းမာရေး၊ ဘ၀မလုံခြုံမှုများ ရှိနေကြောင်း၊ ရောက်ရှိနေသည့် ဒေသမျာ၌လည်း လုံခြုံစိတ်ချရသည့် အနေအထားမရှိ၍ ထပ်မံရွှေ့ပြောင်းနေရမှုများရှိကြောင်း ၎င်းက ဆိုသည်။

(KNUဖွဲ့ထားသည့်အရေးပေါ် လူသားချင်းစာနာမှု ကူညီ​ရေးကော်မတီက စစ်ရှောင်များကို ဆန်နှင့် ငွေကြေးထောက်ပံ့နေစဥ်၊ ဓာတ်ပုံ - CJ)
(KNUဖွဲ့ထားသည့်အရေးပေါ် လူသားချင်းစာနာမှု ကူညီ​ရေးကော်မတီက စစ်ရှောင်များကို ဆန်နှင့် ငွေကြေးထောက်ပံ့နေစဥ်၊ ဓာတ်ပုံ - CJ)

အခက်အခဲများနှင့် ဆုံးရှုံးမှုများ ကြုံရဟုဆို

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်အတွင်း တော်လှန်ရေးအင်အားစုများနှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲများ၊ စစ်ကောင်စီတပ်၏လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုများကြောင့် ဒေသခံပြည်သူ ထောင်နှင့်ချီ စစ်ရှောင်နေရပြီး လတ်တလောတွင် အခက်အခဲများစွာ ကြုံရကာအိုးအိမ်နှင့် အိမ်မွေးတိရိစ္ဆာန် ပျက်စီးဆုံးရှုံးမှုများ ရှိနေသည်ဟု ကော့ကရိတ်ဒေသခံက ပြောသည်။

စစ်ရှောင်ရသည်မှာ ကာလကြာလာသည်နှင့်အမျှ စားဝတ်နေရေး၊ကျန်းမာရေး၊ ဘ၀မလုံခြုံမှုများ ရှိနေကြောင်း၊ ရောက်ရှိနေသည့် ဒေသမျာ၌လည်း လုံခြုံစိတ်ချရသည့် အနေအထားမရှိ၍ ထပ်မံရွှေ့ပြောင်းနေရမှုများရှိကြောင်း ၎င်းက ဆိုသည်။

(KNUဖွဲ့ထားသည့်အရေးပေါ် လူသားချင်းစာနာမှု ကူညီ​ရေးကော်မတီက စစ်ရှောင်များကို ဆန်နှင့် ငွေကြေးထောက်ပံ့နေစဥ်၊ ဓာတ်ပုံ - CJ)
(KNUဖွဲ့ထားသည့်အရေးပေါ် လူသားချင်းစာနာမှု ကူညီ​ရေးကော်မတီက စစ်ရှောင်များကို ဆန်နှင့် ငွေကြေးထောက်ပံ့နေစဥ်၊ ဓာတ်ပုံ – CJ)

KNU အုပ်ချုပ်ရေးပိုင်းက အဆိုပါ စစ်ရှောင်များအတွက် အရေးပေါ်ကူညီစောင့်ရှောက်ရေးကော်မတီ ဖွဲ့စည်းပြီး ငွေကြေးနှင့် စားနပ်ရိက္ခာ အကူအညီများပေးအပ်လျက်ရှိပြီး လိုအပ်ချက်များရှိနေသည်ဟု ကော်မတီ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

Public Service Announcement
Public Service Announcement

“အဆင်ပြေချောမွေ့တဲ့အထိ မဟုတ်သော်လည် ရရှိတဲ့ဟာလေးတွေကို မျှဝေပြီးတော့ ကူညီထောက်ပံ့မှုတွေ ပြုလုပ်ပါတယ်။ နည်းသည်ဖြစ်စေ များသည်ဖြစ်စေ အေးအတူပူအမျှပေါ့နော်။ ကျနော်တို့ဘက်က ကူညီနိုင်တာ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးနေပါတယ်”ဟု ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

ရွှေ့ပြောင်းနေထိုင်ရသည့် အချိန်ကာလ ကြာရှည်လာမည်ဆိုပါက ဒေသခံများအတွက်များစွာ ဆုံးရှုံးနစ်နာမှုများ ဖြစ်ပေါ်စေသည်ဟု ဆိုသည်။

(KNUဖွဲ့ထားသည့်အရေးပေါ် လူသားချင်းစာနာမှု ကူညီ​ရေးကော်မတီက စစ်ရှောင်များကို ဆန်နှင့် ငွေကြေးထောက်ပံ့နေစဥ်၊ ဓာတ်ပုံ - CJ)
(KNUဖွဲ့ထားသည့်အရေးပေါ် လူသားချင်းစာနာမှု ကူညီ​ရေးကော်မတီက စစ်ရှောင်များကို ဆန်နှင့် ငွေကြေးထောက်ပံ့နေစဥ်၊ ဓာတ်ပုံ – CJ)

“အိမ်တစ်အိမ်လုံးရွှေ့ရတယ်ဆိုတာ လွယ်တာမဟုတ်ဘူး။ မီးလောင်သွားတဲ့ အိမ်တွေလည်း ဆုံးရှုံးသွားကုန်ပြီ။ နောက်တစ်ခု ကျန်နေတဲ့ တိရိစ္ဆာန်များသည်လည်း သူတို့ ရောက်ရှိတဲ့နေရာကို သူတို့ သယ်သွားလို့မရဘူးလေ။ ဆိုတော့ မိမိပိုင်ဆိုင်တဲ့ ကျွဲ၊ နွားတိရိစ္ဆာန် အိမ်မွေးတိရိစ္ဆာန်အားလုံးကလည်း စစ်တလင်းမှာပဲ ကျင်လည်ကျက်စားပြီး ဘယ်တော့ သေမလဲ၊ ဘယ်တော့ ပျောက်မလဲ ဘယ်နှစ်ကောင် ပျောက်မလဲ ဘယ်နှစ်ကောင် ပျောက်ပြီလဲ ဘာတွေဖြစ်သွားပြီလည်းဆိုတာ သူတို့ ပြန်လှည့်မကြည့်နိုင်တဲ့ အနေအထားတော့ ရှိသွားပြီ”ဟု ကော့ကရိတ်ဒေသခံက ပြောသည်။

ကော့နွဲ့အုပ်စုရှိ ဒေသခံများ နစ်နာဆုံးရှုံးမှုများ ပြားကြောင်း ဒေသခံက ပြောသည်။

“တောတောင်ဒေသမှာ ရွှေ့ပြောင်းပြီးတော့ ကျန်ရှိနေတဲ့ကျွဲနွားတိရိစ္ဆာန်တွေ အလဟသ ဆုံးရှုံးသွားသလိုဖြစ်ကုန်ပြီ”ဟု ဒေသခံက ပြောသည်။

စစ်ရှောင်များအား ကူညီရာတွင်လည်း အခက်အခဲအမျိုးမျိုးကြုံရကြောင်း ၎င်းက ဆိုသည်။

(KNUဖွဲ့ထားသည့်အရေးပေါ် လူသားချင်းစာနာမှု ကူညီ​ရေးကော်မတီက စစ်ရှောင်များကို ဆန်နှင့် ငွေကြေးထောက်ပံ့နေစဥ်၊ ဓာတ်ပုံ - CJ)
(KNUဖွဲ့ထားသည့်အရေးပေါ် လူသားချင်းစာနာမှု ကူညီ​ရေးကော်မတီက စစ်ရှောင်များကို ဆန်နှင့် ငွေကြေးထောက်ပံ့နေစဥ်၊ ဓာတ်ပုံ – CJ)

“ကျွန်တော်တို့ ကူညီထောက်ပံ့ဖို့ အင်မတန်မှ အခက်အခဲရှိတယ်။ သူတို့ ရွှေ့ပြောင်းတဲ့နေရာမှာ တောတောင်ဒေသမှာ လိုက်ပြီးတော့ ရွှေ့ပြောင်းနေတယ်ဆိုတော့သူတို့ဆီကို စားနပ်ရိက္ခာ ရောက်ရှိဖို့အင်မတန်မှ ခက်ခဲတယ်။ဆိုတော့ သူတို့ရဲ့ အုပ်ချုပ်ရေးမှူးနဲ့ ညှိနှိုင်းဆွေးနွေးပြီးတော့ မိမိပြည်သူလူထုကို ရောက်ရှိတဲ့နေရာကနေ ကျနော်တို့ကို ကျနော်တို့ဆီ စာရင်တင်ပြပါ တင်ပြပြီး ကျနော်တို့ စားနပ်ရိက္ခာသယ်ဆောင်သွားနိုင်တဲ့နေရာ ပို့ဆောင်ပေးပြီးတော့ သူတို့ ကျေးရွာလူထုကတဆင့်တောတောင်ကျော်ဖြတ်ပြီး ထမ်းပို့ သယ်ပို့ တိုက်ပို့ အဲဒီလို ပုံစံလုပ်ဆောင်နေရပါတယ်။ အင်မတန်မှ အခက်အခဲရှိတဲ့ ကူညီထောက်ပံ့မှုတွေ ပြုလုပ်ရပါတယ်”ဟု ဒေသခံက ပြောသည်။

ကော့ကရိတ်မြို့နယ် အာရှလမ်းတစ်လျှောက်၌ ဒီဇင်ဘာအတွင်းက တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်သားတွေ ကိုယ့်အသက်ဘေးကာကွယ်ဖို့ တော်လှန်ရေးတပ်တွေထံ ဘက်ပြောင်းခိုလှုံ ကြဖို့ KNU ထပ်မံတိုက်တွန်း

သတင်း

ခေါင်လန်ဖူးဒေသခံတွေ ပူတာအိုဘက် စစ်ရှောင်ရဟု KIA ပြော

သတင်း

ချင်းညီနောင်အဖွဲ့ဝင် ချင်းပြည်သူ့တပ်မတော်(CPA)ထိန်းချုပ်နယ်မြေတွေ ဖြစ်တဲ့ ချင်းတောင်ပိုင်း မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တိုက်ပွဲတွေမှာ စစ်တပ်က သေဆုံးထိခိုက်များပြားခဲ့ပြီး စစ်တပ်ရဲ့ လက်နက်ခဲယမ်းများစွာ သိမ်းရခဲ့ကြောင်း CPU/CPAက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးတိုက်ပွဲအတွင်း စစ်တပ်အထိနာတာကြောင့် လေကြောင်း တိုက်ခိုက်မှုတွေ အပြင်းအထန်လုပ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။