Connect with us

Hi, what are you looking for?

သတင်း

ရေတာရှည်မြို့နယ်တွင် စစ်ကောင်စီတပ်စစ်ကြောင်းအား PDF ပူးပေါင်းတပ် တိုက်ခိုက်၊ စစ်ကောင်စီတပ်မှ အများအပြားသေပြီး PDFတစ်ဦးကျဆုံး

အထက်ပါတိုက်ခိုက်မှုတွင် PDF ပူးပေါင်းတပ်များဘက်မှ တော်လှန်ရေးရဲဘော်တစ်ဦး သေနတ်ကျည်ထိမှန်ကာ တိုင်းပြည်အတွက် မြင့်မြတ်စွာအသက်ပေးသွားကာ ရဲဘော်တစ်ဦး ဒဏ်ရာရခဲ့ကြောင်း ၎င်းတပ်ဖွဲ့တာဝန်ခံက ဆက်ပြောသည်။

(PDF ပူးပေါင်းတပ်မှ ကျဆုံးရဲဘော်အား တိုက်ပွဲမတိုင်မီက အခြားရဲဘော်များနှင့်အတူတွေ့ရစဥ်၊ဓာတ်ပုံ - ပေးပို့)
(PDF ပူးပေါင်းတပ်မှ ကျဆုံးရဲဘော်အား တိုက်ပွဲမတိုင်မီက အခြားရဲဘော်များနှင့်အတူတွေ့ရစဥ်၊ဓာတ်ပုံ - ပေးပို့)

ပဲခူးတိုင်း ရေတာရှည်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်ကို PDF ပူးပေါင်းတပ်များက ၃နာရီကြာ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း တောင်ငူခရိုင် PDF တပ်ရင်း (၃၅၀၁)၊ တပ်ခွဲ (၃) ဒေါင်းမင်းသားတပ်ဖွဲ့က ပြောသည်။

ယမန်နေ့(ဇန်နဝါရီ ၁၇)နံနက် ၁၁နာရီ ၄၀မိနစ်ခန့်က ရေတာရှည်မြို့နယ် နဂျပ်ရွာအနီးစစ်ကြောင်းထိုးလာသော အင်အား (၉၀)ခန့်ပါ စစ်ကောင်စီတပ်ကို ဒေါင်းမင်းသားတပ်ဖွဲ့၊ သံတောင်မြောက်ပိုင်း အဘဦးကိုကြီးဦးဆောင်သည့်တပ်ဖွဲ့နှင့် တပ်ခွဲ(၄)တို့က အပြင်းအထန်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

Public Service Announcement
Public Service Announcement

အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်မှ ၁၈ ဦးခန့်သေဆုံးပြီး ဒဏ်ရာရသူများလည်း အများအပြားရှိကြောင်း တောင်ငူခရိုင် PDF တပ်ရင်း (၃၅၀၁)၊ တပ်ခွဲ (၃) ဒေါင်းမင်းသားတပ်ဖွဲ့က ပြောဆိုပြီး ယင်းသေဆုံးစာရင်းအား People’s Spring က သီးခြားအ တည်ပြုနိုင်ခြင်း မရှိသေးပေ။

“စစ်ခွေး ၁၈ ကောင်ကျသွားတယ်နော်။ ဒဏ်ရာရတာတွေလည်း များတယ်။ ဗိုလ်လေးတစ်ကောင်ရယ် သုံးရစ်တစ်ကောင်ရယ် ပါတယ်”ဟု ဒေါင်းမင်းသားတပ်ဖွဲ့တာဝန်ခံက People’s Spring သို့ ပြောသည်။

Public Service Announcement

Public Service Announcement

အထက်ပါတိုက်ခိုက်မှုတွင် PDF ပူးပေါင်းတပ်များဘက်မှ တော်လှန်ရေးရဲဘော်တစ်ဦး သေနတ်ကျည်ထိမှန်ကာ တိုင်းပြည်အတွက် မြင့်မြတ်စွာအသက်ပေးသွားကာ ရဲဘော်တစ်ဦး ဒဏ်ရာရခဲ့ကြောင်း ၎င်းတပ်ဖွဲ့တာဝန်ခံက ဆက်ပြောသည်။

အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ ကျောပိုးအိတ်၊ ကျည်၊ ဘတ်တံဆိပ်များအပါအဝင် စစ်အသုံး အဆောင်ပစ္စည်းအချို့ သိမ်းဆည်းရမိခဲ့သည်ဟု ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။

သတင်း

ပဲခူးတိုင်း၊ တောင်ငူခရိုင် လေလံမြောင်(လေလာမြောင်)ကျေးရွာကို စစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့လို့ မိသားစု ၂ခုက ပြည်သူ ၈ဦးသေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ပဲခူးတိုင်း စစ်ဌာနက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။