Connect with us

Hi, what are you looking for?

သတင်း

ရေဦးတွင် စစ်ကောင်စီစစ်ကြောင်း ထောင်ထားခဲ့သော နင်းမိုင်းကြောင့် ကလေးတစ်ဦးအပါအဝင် ပြည်သူနှစ်ဦး မိုင်းထိပြီး ခြေတစ်ဖက်စီဆုံးရှူံး

ပြည်သူများအနေဖြင့် စစ်ကြောင်းထွက်ပြီးနောက်ရဲဘော်များရှင်းလင်းရေးဝင်ပြီးမှသာရွာထဲသို့ပြန်ဝင်ကြရန် ဒေသတွင်း တော်လှန်ရေးအင်အားစုများက တိုက်တွန်းသည်။

ချမ်းသာရွာ၌ စစ်အုပ်စု မီးရှို့ဖျက်ဆီးခဲ့သည့် ဘုရားကျောင်းအား တွေ့ရစဥ်၊ ဓာတ်ပုံ - Cj
ချမ်းသာရွာ၌ စစ်အုပ်စု မီးရှို့ဖျက်ဆီးခဲ့သည့် ဘုရားကျောင်းအား တွေ့ရစဥ်၊ ဓာတ်ပုံ - Cj

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်တွင် စစ်ကောင်စီတပ် ထောင်ထားခဲ့သော နင်းမိုင်းများကြောင့် ၃ရက်အတွင်း ကလေးငယ်တစ်ဦးအပါအဝင် ပြည်သူနှစ်ဦး ခြေတစ်ဖက်စီ မိုင်းထိဆုံးရှူံးခဲ့ကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်သည် ဇန်နဝါရီလ ၁၅ ရက်နေ့က ကုန်းသာ ချမ်းသာရွာက်ို မီးရှို့ဖျက်ဆီးခဲ့သည်။

ယနေ့ ဇန်နဝါရီလ ၁၈ ရက်နေ့ နံနက် ၁၁ နာရီ ၅၅ မိနစ်ခန့်တွင် ကျေးရွာအတွင်းသို့ ပြည်သူအချို့ ပြန်လည်ဝင်ရောက်ခဲ့ရာ စစ်ကောင်စီတပ်က နင်းမိုင်း​များထောင်ထားခဲ့​သော​ကြောင့် အသက် ၁၄ နှစ်အရွယ် မိန်းကလေးတစ်ဦးခြေထောက်တစ်ဖက် ဆုံးရူံးခဲ့ရကြောင်း ဒီပဲယင်းမြို့ကသတင်းတစ်ချို့က ဖော်ပြသည်။

ချမ်းသာရွာ၌ စစ်အုပ်စု မီးရှို့ဖျက်ဆီးခဲ့သည့် ဘုရားကျောင်းအား တွေ့ရစဥ်၊ ဓာတ်ပုံ - Cj
ချမ်းသာရွာ၌ စစ်အုပ်စု မီးရှို့ဖျက်ဆီးခဲ့သည့် ဘုရားကျောင်းအား တွေ့ရစဥ်၊ ဓာတ်ပုံ – Cj

ဇန်နဝါရီလ ၁၆ ရက်နေ့ကလည်း ရေဦးမြို့နယ်၊ ကုန်းသာရွာတံတားထိပ်၊ ကွမ်းယာဆိုင်အနီးတွင် ၌ပင် ပြည်သူတစ်ဦး နင်းမိုင်းမိကာ ​ခြေ​ထောက်တစ်ဖက်ဆုံးရှုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

“စစ်တပ်က စစ်​ကြောင်းထိုးပြီးအပြန် ထောင်ထားခဲ့တဲ့ မိုင်းထိတာ။”ဟု ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement
Public Service Announcement

ပြည်သူများအနေဖြင့် စစ်ကြောင်းထွက်ပြီးနောက်ရဲဘော်များရှင်းလင်းရေးဝင်ပြီးမှသာရွာထဲသို့ပြန်ဝင်ကြရန် ဒေသတွင်း တော်လှန်ရေးအင်အားစုများက တိုက်တွန်းသည်။

စစ်ကောင်စီတပ်သည် ဇန်နဝါရီလ ၁၅ ရက်နေ့က ရေဦးမြို့နယ် ၊ ချမ်းသာကျေးရွာ၌ နှစ်ပေါင်းတစ်ရာကျော်သက်တမ်းရှိ ခရစ်ယာန်ဘုရားရှိခိုးကျောင်းနှင့် ဘုန်းတော်ကြီးကျောင်းများအပါအဝင် နေအိမ်အဆောက်အအုံအများအပြားအား မီးရှို့ဖျက်ဆီးသွားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။