Connect with us

Hi, what are you looking for?

သတင်း

ရေဦးတွင် စစ်ကောင်စီစစ်ကြောင်း ထောင်ထားခဲ့သော နင်းမိုင်းကြောင့် ကလေးတစ်ဦးအပါအဝင် ပြည်သူနှစ်ဦး မိုင်းထိပြီး ခြေတစ်ဖက်စီဆုံးရှူံး

ပြည်သူများအနေဖြင့် စစ်ကြောင်းထွက်ပြီးနောက်ရဲဘော်များရှင်းလင်းရေးဝင်ပြီးမှသာရွာထဲသို့ပြန်ဝင်ကြရန် ဒေသတွင်း တော်လှန်ရေးအင်အားစုများက တိုက်တွန်းသည်။

ချမ်းသာရွာ၌ စစ်အုပ်စု မီးရှို့ဖျက်ဆီးခဲ့သည့် ဘုရားကျောင်းအား တွေ့ရစဥ်၊ ဓာတ်ပုံ - Cj
ချမ်းသာရွာ၌ စစ်အုပ်စု မီးရှို့ဖျက်ဆီးခဲ့သည့် ဘုရားကျောင်းအား တွေ့ရစဥ်၊ ဓာတ်ပုံ - Cj

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်တွင် စစ်ကောင်စီတပ် ထောင်ထားခဲ့သော နင်းမိုင်းများကြောင့် ၃ရက်အတွင်း ကလေးငယ်တစ်ဦးအပါအဝင် ပြည်သူနှစ်ဦး ခြေတစ်ဖက်စီ မိုင်းထိဆုံးရှူံးခဲ့ကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်သည် ဇန်နဝါရီလ ၁၅ ရက်နေ့က ကုန်းသာ ချမ်းသာရွာက်ို မီးရှို့ဖျက်ဆီးခဲ့သည်။

ယနေ့ ဇန်နဝါရီလ ၁၈ ရက်နေ့ နံနက် ၁၁ နာရီ ၅၅ မိနစ်ခန့်တွင် ကျေးရွာအတွင်းသို့ ပြည်သူအချို့ ပြန်လည်ဝင်ရောက်ခဲ့ရာ စစ်ကောင်စီတပ်က နင်းမိုင်း​များထောင်ထားခဲ့​သော​ကြောင့် အသက် ၁၄ နှစ်အရွယ် မိန်းကလေးတစ်ဦးခြေထောက်တစ်ဖက် ဆုံးရူံးခဲ့ရကြောင်း ဒီပဲယင်းမြို့ကသတင်းတစ်ချို့က ဖော်ပြသည်။

ချမ်းသာရွာ၌ စစ်အုပ်စု မီးရှို့ဖျက်ဆီးခဲ့သည့် ဘုရားကျောင်းအား တွေ့ရစဥ်၊ ဓာတ်ပုံ - Cj
ချမ်းသာရွာ၌ စစ်အုပ်စု မီးရှို့ဖျက်ဆီးခဲ့သည့် ဘုရားကျောင်းအား တွေ့ရစဥ်၊ ဓာတ်ပုံ – Cj

ဇန်နဝါရီလ ၁၆ ရက်နေ့ကလည်း ရေဦးမြို့နယ်၊ ကုန်းသာရွာတံတားထိပ်၊ ကွမ်းယာဆိုင်အနီးတွင် ၌ပင် ပြည်သူတစ်ဦး နင်းမိုင်းမိကာ ​ခြေ​ထောက်တစ်ဖက်ဆုံးရှုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

“စစ်တပ်က စစ်​ကြောင်းထိုးပြီးအပြန် ထောင်ထားခဲ့တဲ့ မိုင်းထိတာ။”ဟု ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement
Public Service Announcement

ပြည်သူများအနေဖြင့် စစ်ကြောင်းထွက်ပြီးနောက်ရဲဘော်များရှင်းလင်းရေးဝင်ပြီးမှသာရွာထဲသို့ပြန်ဝင်ကြရန် ဒေသတွင်း တော်လှန်ရေးအင်အားစုများက တိုက်တွန်းသည်။

စစ်ကောင်စီတပ်သည် ဇန်နဝါရီလ ၁၅ ရက်နေ့က ရေဦးမြို့နယ် ၊ ချမ်းသာကျေးရွာ၌ နှစ်ပေါင်းတစ်ရာကျော်သက်တမ်းရှိ ခရစ်ယာန်ဘုရားရှိခိုးကျောင်းနှင့် ဘုန်းတော်ကြီးကျောင်းများအပါအဝင် နေအိမ်အဆောက်အအုံအများအပြားအား မီးရှို့ဖျက်ဆီးသွားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)မှ ဘုတလင်မြို့သို့ အင်အားလာဖြည့်သည့် စစ်ကောင်စီစစစ်ကြောင်းကို ဘုတလင်မြို့နယ်အတွင်း၌ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်တွင် ဆယ်ဦးထက်မနည်း သေဆုံးကြောင်း သတင်းရရှိသည်။

သတင်း

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အုပ်ချုပ်သော မြို့နယ်များကို စစ်ကောင်စီတပ်မှ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းကိုအသုံးပြုကာ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဇန်နဝါရီလအတွင်း ပြည်သူ၁၃ ဦးသေဆုံးခဲ့ပြီး ၂၆ဦးဒဏ်ရာရရှိခဲ့ဟု TNLAက သတင်းထုတ်ပြန်သည်။

သတင်း

၃ ရက်အတွင်းစစ်​ရှောင်ပြည်သူ ၉ ဦး​သေဆုံး

သတင်း

ညနက်ပိုင်းတွင် လေကြောင်းတိုက်ခိုက်မှုဆက်တိုက်ပြုလုပ်ခဲ့