Connect with us

Hi, what are you looking for?

သတင်း

မိုးတား​လေးရွာကိုစစ်​ကောင်စီ ၂ ရက်ဆက်ဗုံးကျဲ

လာရှိုးဘက်မှ လာသည်ဟုယူဆရ​သောစစ်​ကောင်စီ ​လေယာဥ်များမှာ ဇန်နဝါရီ ၁၉ ရက်​နေ့လည် ၁၂ နာရီ ၂၄ မိနစ် တွင်တစ်ကြိမ်၊ ည​နေ ၃ နာရီ ၇ မိနစ်တွင်တစ်ကြိမ်၊ ည​နေ ၅ နာရီ ၁၀ မိနစ်တွင်တစ်ကြိမ် ဗုံးကျဲခဲ့ခြင်းဖြစ်​ကြောင်း NUG ကာကွယ်​ရေးဝန်ကြီးဌာနကလည်း ထုတ်ပြန်သည်။

(မိုးတား​လေးတိုက်နယ်အတွင်းတိုက်ပွဲဖြစ်ပွားစဥ်နှင့် ဇန်နဝါရီ ၁၈ ရက်စစ်​ကောင်စီ​လေ​ကြောင်းတိုက်ခိုက်မှု​ကြောင့် ပျက်စီးမှု့ ။ဓါတ်ပုံ-NUG ၊CJ ၊မြို့လှ PDF)
(မိုးတား​လေးတိုက်နယ်အတွင်းတိုက်ပွဲဖြစ်ပွားစဥ်နှင့် ဇန်နဝါရီ ၁၈ ရက်စစ်​ကောင်စီ​လေ​ကြောင်းတိုက်ခိုက်မှု​ကြောင့် ပျက်စီးမှု့ ။ဓါတ်ပုံ-NUG ၊CJ ၊မြို့လှ PDF)

▪︎မိုးတား​လေးတိုက်နယ်အတွင်းတိုက်ပွဲများဆက်လက်ဖြစ်

ကသာမြို့နယ်၊ မိုးတား​လေးကျေးရွာကို စစ်ကောင်စီကဇန်နဝါရီလ ၁၉ရက်တွင်လည်းလေကြောင်းမှ ထပ်မံတိုက်ခိုက်ခဲ့ပြီး မိုးတား​လေးတိုက်နယ်အတွင်း ​တိုက်ပွဲများဆက်လက်ဖြစ်ပွား​နေ​ကြောင်း ဒေသခံများနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကပြောသည်။

ဇန်နဝါရီ ၁၈ ရက် ည​နေက မိုးတား​လေးရွာအတွင်း ဗုံးကျဲတိုက်ခိုက်မှု​ကြောင့် ပြည်သူ ၇ ဦး​သေဆုံးပြီး ၃၀ ​ကျော်ဒဏ်ရာရခဲ့ပြီး​နောက် စစ်တပ်က ​လေယာဥ်ဖြင့်ရွာအတွင်း ၂ ရက်ဆက်ဗုံးထပ်ကြဲခဲ့ခြင်းဖြစ်သည်။

(မိုးတား​လေးတိုက်နယ်အတွင်းတိုက်ပွဲဖြစ်ပွားစဥ်နှင့် ဇန်နဝါရီ ၁၈ ရက်စစ်​ကောင်စီ​လေ​ကြောင်းတိုက်ခိုက်မှု​ကြောင့် ပျက်စီးမှု့ ။ဓါတ်ပုံ-NUG ၊CJ ၊မြို့လှ PDF)
(မိုးတား​လေးတိုက်နယ်အတွင်းတိုက်ပွဲဖြစ်ပွားစဥ်နှင့် ဇန်နဝါရီ ၁၈ ရက်စစ်​ကောင်စီ​လေ​ကြောင်းတိုက်ခိုက်မှု​ကြောင့် ပျက်စီးမှု့ ။ဓါတ်ပုံ-NUG ၊CJ ၊မြို့လှ PDF)

“မိုးတားကို မနေ့က မနက်တစ်ကြိမ်၊ နေ့ခင်းနဲ့ ညနေမှာတစ်ကြိမ်စီ လေကြောင်းကနေ ဗုံးလာကြဲတယ်။ဒေသခံတွေက ရွာမှာ မနေရဲကြတော့ လူထိခိုက်မှုတော့မရှိဘူး။ တိုက်ကုန်းကျေးရွာရဲ့ တောထဲမှာတော့ စစ်ကောင်စီစစ်ကြောင်းရှိနေပါတယ်”ဟု ကသာမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက People’s Spring သို့ပြောသည်။

လာရှိုးဘက်မှ လာသည်ဟုယူဆရ​သောစစ်​ကောင်စီ ​လေယာဥ်များမှာ ဇန်နဝါရီ ၁၉ ရက်​နေ့လည် ၁၂ နာရီ ၂၄ မိနစ် တွင်တစ်ကြိမ်၊ ည​နေ ၃ နာရီ ၇ မိနစ်တွင်တစ်ကြိမ်၊ ည​နေ ၅ နာရီ ၁၀ မိနစ်တွင်တစ်ကြိမ် ဗုံးကျဲခဲ့ခြင်းဖြစ်​ကြောင်း NUG ကာကွယ်​ရေးဝန်ကြီးဌာနကလည်း ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

တိုက်ပွဲသည် မိုးတား​လေးရွာတွင် ဖြစ်နေခြင်းမဟုတ်ဘဲ ရွာနှင့် ၅ မိုင်​ဝေး​သော​နေရာ၌ဖြစ်ပွား​နေ​​သော်လည်း စစ်ကောင်စီတပ်က ရွာကိုပစ်မှတ်ထားကာ လေကြောင်းမှတိုက်ခိုက်နေခြင်းဖြစ်သည်ဟု ကသာမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဆိုသည်။ မိုးတား​လေးတိုက်နယ်အတွင်းပါဝင်သော တိုက်ကုန်းကျေးရွာတွင် ဇန်နဝါရီ ၁၈ရက်ကနံနက်က စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးမဟာမိတ်များ တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့သည်။

ထိုတိုက်ပွဲတွင် စစ်ကောင်စီအထိနာပြီးနောက်ဇန်နဝါရီ ၁၈ ရက် ညနေပိုင်းတွင် မိုးတား​လေးကျေးရွာကို လေကြောင်းမှ ပထမဆုံးအကြိမ် လာတိုက်ခိုက်ခဲ့သည်။ ဇန်နဝါရီလ ၁၈ ရက်ညနေက အဆိုပါလေကြောင်းတိုက်ခိုက်မှုတွင် ဒေသခံပြည်သူ ၇ဦးသေဆုံးပြီး ၃၀ဦးထက်မနည်း ဒဏ်ရာခဲ့သည်။

(မိုးတား​လေးတိုက်နယ်အတွင်းတိုက်ပွဲဖြစ်ပွားစဥ်နှင့် ဇန်နဝါရီ ၁၈ ရက်စစ်​ကောင်စီ​လေ​ကြောင်းတိုက်ခိုက်မှု​ကြောင့် ပျက်စီးမှု့ ။ဓါတ်ပုံ-NUG ၊CJ ၊မြို့လှ PDF)
(မိုးတား​လေးတိုက်နယ်အတွင်းတိုက်ပွဲဖြစ်ပွားစဥ်နှင့် ဇန်နဝါရီ ၁၈ ရက်စစ်​ကောင်စီ​လေ​ကြောင်းတိုက်ခိုက်မှု​ကြောင့် ပျက်စီးမှု့ ။ဓါတ်ပုံ-NUG ၊CJ ၊မြို့လှ PDF)

” မိုးတား​လေးတိုက်နယ်မှာ ကျေးရွာအုပ်စု ၁၁စု ရှိတယ်။ ကျွန်တော်တို့ရဲ့ တော်လှန်ရေးကို မိုးတားတိုက်နယ်ကနေ စတင်ခဲ့တယ်။ ဒါကြောင့်လည်း စစ်ကောင်စီက အညိုးတကြီးတိုက်နေတာ။ ဒါပေမယ့် အခုလို အရပ်သားပစ်မှတ်တွေကို တိုက်ခိုက်လေ လူထုက ရွံရှာလေပဲ။အခုဆို လူထုက ကျွန်တော်တို့ကို ပိုပြီး ပူးပေါင်းပေးပါတယ်” ဟု ကသာမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူက ​ပြောသည်။

ယနေ့ (ဇန်နဝါရီ ၂၀ရက်)နံနက်ပိုင်းတွင်တိုက်ကုန်းကျေးရွာအနီး၌ KIA၊ ABSDF ၊PDFများပါဝင်သော မဟာမိတ်အဖွဲ့နှင့် စစ်ကောင်စီတပ်တို့တိုက်ပွဲများဆက်လက်ဖြစ်ပွားနေသည်။ယမန်နေ့က တိုက်ပွဲဖြစ်ခဲ့သော အလယ်ကျွန်းရွာကိုလည်း စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားသည်ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်များကပြောသည်။

(မိုးတား​လေးတိုက်နယ်အတွင်းတိုက်ပွဲဖြစ်ပွားစဥ်နှင့် ဇန်နဝါရီ ၁၈ ရက်စစ်​ကောင်စီ​လေ​ကြောင်းတိုက်ခိုက်မှု​ကြောင့် ပျက်စီးမှု့ ။ဓါတ်ပုံ-NUG ၊CJ ၊မြို့လှ PDF)
(မိုးတား​လေးတိုက်နယ်အတွင်းတိုက်ပွဲဖြစ်ပွားစဥ်နှင့် ဇန်နဝါရီ ၁၈ ရက်စစ်​ကောင်စီ​လေ​ကြောင်းတိုက်ခိုက်မှု​ကြောင့် ပျက်စီးမှု့ ။ဓါတ်ပုံ-NUG ၊CJ ၊မြို့လှ PDF)

” စစ်ကောင်စီက အစွမ်းကုန်ယုတ်မာနေတာ။လူထုကတော့ တော်တော်ကိုရွံရှာနေပြီ။ တော်လှန်ရေးအောင်တဲ့အထိ ကျွန်တော်တို့နဲ့ တသားတည်းရှိမယ်လို့ ပြောကြပါတယ်” ဟု ကသာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှရဲဘော်တစ်ဦးကပြောသည်။

ကသာမြို့ခံတစ်ဦးက””တော်လှန်ရေးအောင်ရင်ပြီးပြီ။ အရာရာ အသစ်ကနေပြန်စတင်မယ်” ဟု​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။