Connect with us

Hi, what are you looking for?

သတင်း

ပလက်ဝတွင် စစ်ကောင်စီ၏ တရားမဝင်ရွေးကောက်ပွဲ ပူးပေါင်းဆောင်ရွက်သူများကို အရေးယူမည်ဟု ခူမီးIKACC သတိပေး

၂၀၂၃အတွင်း ရွေးကောက်ပွဲ ကျင်းပနိုင်ရန် စစ်ကောင်စီက ပြင်ဆင်လျက်ရှိရာ ပလက်ဝမြို့နယ်အတွင်း၌လည်း ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများ စတင်နေကြောင်း ဖော်ပြထားသည်။

ပလက်ဝတွင် စစ်ကောင်စီ၏ တရားမဝင်ရွေးကောက်ပွဲ ပူးပေါင်းဆောင်ရွက်သူများကို အရေးယူမည်ဟု ခူမီးIKACC သတိပေး
ပလက်ဝတွင် စစ်ကောင်စီ၏ တရားမဝင်ရွေးကောက်ပွဲ ပူးပေါင်းဆောင်ရွက်သူများကို အရေးယူမည်ဟု ခူမီးIKACC သတိပေး

စစ်ကောင်စီ၏ တရားမဝင် ရွေးကောက်ပွဲကို လုံး၀ အသိအမှတ်မပြုကြောင်းကြားကာလ ခူမီး(ချင်း)မျိုးနွယ်စုများရေးရာပေါင်းစပ်ညှိနှိုင်းရေးကောင်စီ (IKACC)က ယမန်နေ့တွင် ထုတ်ပြန်ခဲ့ပြီး ချင်းပြည်နယ် ပလက်၀မြို့နယ်အတွင်း၌ စစ်ကောင်စီ၏ တရားမဝင်ရွေးကောက်ပွဲအတွက် ပူးပေါင်းဆောင်ရွက်သူများကို အရေးယူမည်ဟု သတိပေးလိုက်သည်။

၂၀၂၃အတွင်း ရွေးကောက်ပွဲ ကျင်းပနိုင်ရန် စစ်ကောင်စီက ပြင်ဆင်လျက်ရှိရာ ပလက်ဝမြို့နယ်အတွင်း၌လည်း ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများ စတင်နေကြောင်း ဖော်ပြထားသည်။

အာဏာသိမ်းစစ်ကောင်စီက ကျင်းပပြုလုပ်ရန်စီစဥ်ဆောင်ရွက်နေသော ရွေးကောက်ပွဲသည် လက်ရှိမြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပျက်မှုများအတွက် ကောင်းမွန်သည့်အဖြေကို ရရှိစေနိုင်မည်မဟုတ်ကြောင်း သုံးသပ်သည်ဟု IKACCက ထုတ်ပြန်သည်။

ထို့ပြင် ရွေးကောက်ပွဲတစ်ရပ်တွင် အခြေခံအားဖြင့် ရှိသင့်ရှိထိုက်သော လွတ်လပ်မှု၊ တရားမျှတမှုနှင့် လူ့အခွင့်အရေးများ ပြည့်ပြည့်ဝဝကျင့်သုံးရရှိနိုင်မည် မဟုတ်ကြောင်း ဖော်ပြထားပြီး တရားမဝင် ရွေးကောက်ပွဲကို လုံးဝအသိအမှတ် ပြုလက်ခံမည်မဟုတ်ဟု အသိပေးထားသည်။

Public Service Announcement

Public Service Announcement

ထို့ကြောင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ရှိ ပြည်သူများအနေဖြင့် စစ်ကောင်စီ၏ တရားမဝင် ရွေးကောက်ပွဲအတွက် ပြင်ဆင်ဆောင်ရွက်ရာတွင် ပူးပေါင်းပါဝင်ခြင်း၊ ရွေးကောက်ပွဲတွင်ပါဝင်ယှဉ်ပြိုင်ခြင်း၊ မဲပေးခြင်းများကို မပြုလုပ်ကြရန် တိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

နိုင်ငံတကာ

၂၀၂၀ အမေရိကန် ရွေးကောက်ပွဲ ရလဒ်တွေကို တရုတ်က နောက်ကွယ်ကနေ စွက်ဖက် ခြယ်လှယ်ခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ စွပ်စွဲမှုကို တရုတ်ဖက်က ပယ်ချခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။