Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မြောက်ဒဂုံ၌ စစ်ကောင်စီ၏ရွေးကောက်ပွဲ သန်းခေါင်စာရင်းကောက်ရာဦးဆောင်သည့် ဗိုလ်မှူးဟောင်းတစ်ဦး ပစ်သတ်ခံရ

ဗိုလ်မှူးဟောင်းနှင့် လက်ထောက်ညွှန်ကြားရေးမှူး ပစ်ခတ်ရှင်းလင်းခံရမှုကြောင့် ရန်ကုန်မြို့ရှိ မီးပွိုင်များ အပါအဝင် လမ်းမအများစု၌ ယာဥ်စစ်ဆေးမှုများစွာကြုံတွေ့နေရသည်ဟုလည်း အငှားယာဥ်မောင်းများက အသိပေးသည်။

(ယနေ့ နံနက်ပိုင်းက ရှင်းလင်းခံရသည့် ဗိုလ်မှူးဟောင်းရွှေဝင်း ကို လာရောက်သယ်ယူနေစဥ်၊ ဓာတ်ပုံ - CJ)
(ယနေ့ နံနက်ပိုင်းက ရှင်းလင်းခံရသည့် ဗိုလ်မှူးဟောင်းရွှေဝင်း ကို လာရောက်သယ်ယူနေစဥ်၊ ဓာတ်ပုံ - CJ)

ရန်ကုန်မြို့ ‌ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၌ စစ်ကောင်စီ၏ ရွေးကောက်ပွဲအတွက်သန်းခေါင်စာရင်းကောက်ယူရာတွင် ဦးဆောင်သည့် ဗိုလ်မှူးဟောင်းတစ်ဦး ပစ်သတ်ခံရ ကြောင်း ဒေသခံသတင်းရင်းမြစ်များက လူထုနွေဦးသို့ ပြောသည်။

ပစ်ခတ်ရှင်းလင်းခံရသည့် ဦးရွှေဝင်းသည် စစ်ကောင်စီ၏ ကာကွယ်ရေးဝန်ကြီးဌာန၊စာရင်းစစ်ဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးအဖြစ် လုပ်ကိုင်နေသူဖြစ်ကြောင်းလည်း ၎င်းတို့က ဆိုသည်။

၎င်းမှာ ယနေ့(ဇန်နဝါရီ ၂၀ ရက်) နံနက် ၇နာရီခန့်က မြောက်ဒဂုံ(၄၀)ဈေးသို့ လာရောက်စဥ် အမည်မသိအဖွဲ့က ဦးခေါင်းအား သေနတ်ဖြင့် ပစ်သတ်ခဲ့ခြင်း ဖြစ်သည်။

Public Service Announcement
Public Service Announcement

“ ဖြစ်ဖြစ်တုန်းကဆို (၄၀)စျေး ထိပ်လမ်းကိုလည်း ပိတ်တယ်။ပြီးတော့ ဗိုလ်မင်းရောင်နဲ့ ရာဇာဓရာဇ်လမ်းဆုံကိုပါ စစ်ကားနှစ်စီးနဲ့ ပိတ်စစ်တာ။အခုလည်း စစ်တပ်ဒလန် မိုးဝင်းဦးဆောင်ပြီး လာပစ်တဲ့သူတွေရဲ့ပုံစံပါ လိုက်မေးနေတယ်” ဟု (၄၀)ရပ်ကွက်နေပြည်သူတစ်ဦးက ရှင်းပြသည်။

ဦးရွှေဝင်းသည် (၄၀)ဈေးအနီးနေထိုင်ပြီး ၎င်း၏သားဖြစ်သူမှာလည်း လက်ရှိ စစ်ကောင်စီလက်အောက်တွင် ဗိုလ်ကြီးရာထူးနှင့် အလုပ်လုပ်ကိုင်နေကြောင်း ရပ်ကွက်နေသူများထံမှသိရှိရသည်။

ဗိုလ်မှူးဟောင်းနှင့် လက်ထောက်ညွှန်ကြားရေးမှူး ပစ်ခတ်ရှင်းလင်းခံရမှုကြောင့် ရန်ကုန်မြို့ရှိ မီးပွိုင်များ အပါအဝင် လမ်းမအများစု၌ ယာဥ်စစ်ဆေးမှုများစွာကြုံတွေ့နေရသည်ဟုလည်း အငှားယာဥ်မောင်းများက အသိပေးသည်။

You May Also Like

သတင်း

ခင်ဦးမြို့နယ်တွင် စစ်ကောင်စီအာဏာသိမ်းပြီးချိန်မှ ယနေ့အထိ ကျေးရွာပေါင်း ၆၈ရွာမှ နေအိမ် ၄,၁၇၆လုံးအား မီးရှို့ဖျက်ဆီးခံထားရသည်။

သတင်း

မတ်လ ၂၀ရက်မှစတင်ထွက်ခွာလာ​သောစစ်ယာဉ်တန်းကိုမတူပီ CDFက မတ်လ ၂၀ရက်နှင့် ၂၁ရက်ကလည်း မတူပီ - ပလက်၀လမ်း၌ပင် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က ၁၂ဦးသေဆုံးခဲ့​သည်။

သတင်း

စစ်ကောင်စီတပ် အာဏာသိမ်းပြီးနောက် တစ်နိုင်ငံလုံးရှိ စစ်ရှောင်စခန်းများကို ရုတ်သိမ်းရန် စစ်ရှောင်စခန်းများအား အတင်းအကြပ်ဖိအားပေးလျက်ရှိသည်။

သတင်း

"စစ်ကောင်စီဘက်က အလောင်းတွေကို တာလပတ်နဲ့ အုပ်ပြီးကို မြစ်ထဲမျှောချသွားတာ။မနေ့ကလည်း ရွှေကျင်အစပ် ရာဘာတောမှာတိုက်ပွဲဖြစ် သွားသေဘတယ်။စကစက ရာဘာတောမီးရှို့ပြီး ပြန်ဆုတ်သွားရတယ်"ဟု ရွှေကျင်မြို့ခံတစ်ဦးက ပြောသည်။