Connect with us

Hi, what are you looking for?

သတင်း

KNUတပ်မဟာ(၃)နယ်မြေ၌ လဝက်အတွင်း တိုက်ပွဲ ၅၀ကျော်ဖြစ်ခဲ့ပြီး ဒုတပ်ရင်းမှူး အပါအဝင် စစ်ကောင်စီတပ်မှ ၄၇ဦးသေဟု ထုတ်ပြန်

ယခု လဝက်အတွင်းတိုက်ပွဲများ၌ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များအသုံးပြုသော စစ်ကား(၂၁)စီးကိုလည်း ဖျက်ဆီးနိုင်ခဲ့ကြောင်း ထုတ်ပြန် သည်။

ဓာတ်ပုံ - KNU
ဓာတ်ပုံ - KNU

ဒရုန်းတပ်ဖွဲ့ကလည်း ဝေဟင်မှ(၁၄)ကြိမ် တိုက်ခိုက်ခဲ့ကြောင်း အသိပေး

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင်( ခလယ်လွီထူခရိုင်) တပ်မဟာ (၃) နယ်မြေ၌ ယခုလဝက်အတွင်း တိုက်ပွဲများ၌ စစ်ကောင်စီတပ်မှ ဒုတပ်ရင်းမှူးအပါအဝင် ၄၇ဦး သေဆုံးခဲ့ကြောင်း KNUဗဟိုက ယနေ့ သတင်းထုတ်ပြန်သည်။

ဇန်နဝါရီ ၁ရက်မှ ၁၅ရက်အထိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၃)လက်အောက်ခံ တပ်ရင်း (၈)၊ တပ်ရင်း (၉)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO)တပ်ရင်း (၃)၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) လက်အောက်ခံ Federal Wings Drone တပ်ဖွဲ့များနှင့် အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်များအကြား မြေပြင်တိုက်ပွဲပေါင်း (၅၅)ကြိမ်ဖြစ်ပွားခဲ့သည့်အပြင် Federal Wings Drone တပ်ဖွဲ့မှလည်း ဝေဟင်တိုက်ခိုက်မှုပေါင်း (၁၄)ကြိမ်ခန့်ပြုလုပ်ခဲ့သည်ဟု ဖော်ပြသည်။

Public Service Announcement
Public Service Announcement

အဆိုပါ တိုက်ပွဲများအတွင်း အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်၏ ဒု−တပ်ရင်းမှူး (၁) ဦး အပါအဝင် ၄၇ဦးခန့် သေဆုံးခဲ့ပြီး ၁၉ ဦးခန့်ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အတည်မပြုနိုင်သော ထိခိုက်သေဆုံးမှုများလည်း ရှိနေကြောင်း ထုတ်ပြန်သည်။

KNUတပ်ဖွဲ့ဝင် နှစ်ဦးကျဆုံးခဲ့ပြီး နှစ်ဦးဒဏ်ရာရခဲ့ကြောင်း အသိပေးထားသည်။

Public Service Announcement

Public Service Announcement

ယခု လဝက်အတွင်းတိုက်ပွဲများ၌ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များအသုံးပြုသော စစ်ကား(၂၁)စီးကိုလည်း ဖျက်ဆီးနိုင်ခဲ့ကြောင်း ထုတ်ပြန် သည်။

စစ်ကောင်စီတပ်က ပြည်သူလူထုများနေထိုင်သော ကျေးရွာများအတွင်းသို့ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးများပစ်ခတ်ခဲ့၍ လယ်ဒို(ကျောက်ကြီး) မြို့နယ်၊ မူး(မုန်း) မြို့နယ်အတွင်းရှိ ဒေသခံပြည်သူ ငါးထောင်ကျော် ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရသည်ဟု ဆိုသည်။

အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်များ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် အမျိုးသမီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

အနာဂတ်ကာလမှာ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးပြီး စီမံအုပ်ချုပ်နိုင်ဖို့နေရာကဏ္ဍ အသီးသီးမှာ ရှိနေတဲ့ အနာဂတ်မျိုးဆက်သစ်များအားမွေးထုတ်သွားကာ ကရင်ပြည် “ကော်သူးလေ”ထူထောင်ရေးကိုအတူတကွ အင်တိုက်အားတိုက်ကြိုးပမ်းဖော်ဆောင်တည်ဆောက်ကြဖို့ တိုက်တွန်းကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။