Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်တွင်​ရေမ​ဆေးသမားနှစ်ဦးကို စစ်​ကောင်စီတပ်ကသတ်၍အ​လောင်းစွန့်ပစ်

“စစ်​ကောင်စီကဖမ်းသွားပြီးပျောက်နေတာသုံးရက်လောက်ရှိပြီ။အခုရွှေညောင်ပင်ဆီဆိုင်နားမှာအလောင်းတွေတွေ့တယ်။ အလောင်းတွေကမကြည့်ရက်စရာပဲ” ဟု ဖားကန့်မြို့မှ ဒေသခံတစ်ဦးကပြောသည်။

(၂၀၂၀ ​မေလတွင် ဖားကန့်တစ်​နေရာ၌ ​ရေမ​ဆေး​ကျောက်ရှာ​ဖွေသူများ ။ ။ဓါတ်ပုံ-CJ)

ဖားကန့်တွင်ရေမဆေး ကျောက်ရှာဖွေသူ အမျိုးသားနှစ်ဦးကို စစ်ကောင်စီက သတ်ဖြတ်လိုက်ပြီး အလောင်းကို စွန့်ပစ်ထားခဲ့သည်ဟု ဒေသခံများကပြောသည်။

ဖားကန့်မြို့ရှိ ရွှေညောင်ပင်ဆီဆိုင်အနီးတွင် ဒဏ်ရာများဖြင့်သေဆုံးနေသည့်အမျိုးသားနှစ်ဦး၏ ရုပ်အလောင်းကို ယနေ့(ဇန်နဝါရီ ၂၂ရက်)နံနက်ကဒေသခံများတွေ့ရှိခဲ့​သည်။ အဆိုပါအမျိုးသားနှစ်ဦးမှာလွန်ခဲ့သည့်သုံးရက်က စစ်​ကောင်စီတပ်က ဖမ်းဆီးခေါ်သွားသူများဖြစ်ကြောင်း တော်လှန်ရေးအင်အားစုများကပြောသည်။

“စစ်​ကောင်စီကဖမ်းသွားပြီးပျောက်နေတာသုံးရက်လောက်ရှိပြီ။အခုရွှေညောင်ပင်ဆီဆိုင်နားမှာအလောင်းတွေတွေ့တယ်။ အလောင်းတွေကမကြည့်ရက်စရာပဲ” ဟု ဖားကန့်မြို့မှ ဒေသခံတစ်ဦးကပြောသည်။

Public Service Announcement
Public Service Announcement

​ဖားကန့်​ဒေသတွင်စစ်ကောင်စီတပ်သည် ဒေသခံများနှင့် ရေမဆေးကျောက်ရှာဖွေသူများ၊ ကျောက်စိမ်းတူးဖော်ရေးကုမ္မဏီများကို နည်းမျိုးစုံ ဖိနှိပ်နေသည်။ ဇန်နဝါရီလ၇ရက်ကလည်း ဖားကန့်မြို့မော်မောင်းလျန်နှင့် ဗလခမှော်အတွင်းသို့ စစ်ကောင်စီးတပ် ဝင်ရောက် စီးနင်းခဲ့ပြီး ရေမဆေးကျောက်ရှာဖွေသူအချို့ကို ဖမ်းဆီးခဲ့​သေးသည်။

Public Service Announcement

Public Service Announcement

ဖားကန့်​ဒေသတွင် မြန်မာနိုင်ငံနေရာအနှံ့မှလာရောက်ပြီး ရေမဆေးကျောက်ရှာဖွေပြီး အသက်မွေးသူ နှစ်သိန်းခန့်ရှိနေသည်။ စစ်ကောင်စီက ၎င်းတို့ကို မထောက်ခံသော ကုမ္မဏီအချို့ကို ပိတ်သိမ်းခိုင်းခြင်း၊ ယန္တရားများအား မီးရှို့ဖျက်ဆီးခြင်း၊ အရပ်သားများအား ဖမ်းဆီးခြင်းများ ပြုလုပ်နေ​ကြောင်း​ဒေသခံများက​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ် မောင်တောမြို့နယ် အောင်သုခကျေးရွာမှာ ၂ နှစ်ကျော်အရွယ် မိန်းကလေးငယ်ကို အဓမ္မပြုကျင့်၊ သတ်ဖြတ်ခဲ့တဲ့ အသက် ၁၆ နှစ်အရွယ် မောင်ပေါက်စချေဆိုသူကို သက်ငယ်မုဒိမ်းမှု၊ လူသတ်မှုတို့နဲ့ အာရက္ခတပ်တော်(AA)ရဲ့ မောင်တောခရိုင်တရားရုံးက ထောင်ဒဏ် ၁၀နှစ်ချမှတ်လိုက်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုနဲ့ စစ်ကြောင်းထိုး သတ်ဖြတ်မှုတွေကြောင့် ၄လအတွင်း စိတ်ကျန်းမာရေးမကောင်းသူတွေ အပါအဝင် ပြည်သူ ၁၅ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းတိုင်းရင်းသား ခရစ်ယာန် သင်းအုပ်ဆရာ တစ်ဦးကို အာဏာသိမ်း မြန်မာစစ်တပ်က သတ်ဖြတ်ခဲ့ကြောင်း Burma Research Institute (BRI)က ပြောဆိုခဲ့ပြီး စစ်တပ်ရဲ့ ဖိနှိပ်မှုကို ခံနေရတဲ့ မြန်မာ ခရစ်ယာန် အသိုက်အဝန်းကို ကူညီ ကာကွယ်ပေးဖို့ အမေရိကန် အစိုးရကို တိုက်တွန်း တောင်းဆိုခဲ့ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။