Connect with us

Hi, what are you looking for?

သတင်း

ဒီးမော့ဆိုမြို့နယ်တွင် ကင်းထောက်အဖွဲ့ထောင်ထားသောမိုင်းကို စစ်ကောင်စီတပ်နင်းမိပြီး သေဆုံးမှုရှိ

အလယ်ပိုင်းတိုင်း ဒီးမော့ဆို(၁၁၀၂)တပ်ရင်း ကင်းထောက်တပ်ဖွဲ့သည် ဇန်နဝါရီ ၇ရက်တွင် စစ်ကောင်စီတပ်များ လှုပ်ရှားသွားလာနေသည့် နေရာတွင် မိုင်းများဆင်ထားခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီတပ်သားများ၏ မိုင်းနင်းမိစဥ် သွေးကွက်များနှင့် ကာကွယ်ရေးတပ်မှ ဆင်းထားသည့် မိုင်းများအား တွေ့ရစဥ်၊ ဓာတ်ပုံ - အလယ်ပိုင်းတိုင်း (၁၁၀၂) တပ်ရင်း
စစ်ကောင်စီတပ်သားများ၏ မိုင်းနင်းမိစဥ် သွေးကွက်များနှင့် ကာကွယ်ရေးတပ်မှ ဆင်းထားသည့် မိုင်းများအား တွေ့ရစဥ်၊ ဓာတ်ပုံ - အလယ်ပိုင်းတိုင်း (၁၁၀၂) တပ်ရင်း

ဒီးမော့ဆိုမြို့နယ်တွင် ကင်းထောက်အဖွဲ့ထောင်ထားသောမိုင်းကို စစ်ကောင်စီတပ်ဖွဲ့မှ နင်းမိပြီး သေဆုံးမှုများရှိခဲ့ကြောင်း အလယ်ပိုင်းတိုင်း(၁၁၀၂)တပ်ရင်းက ယနေ့ ထုတ်ပြန်သည်။

အလယ်ပိုင်းတိုင်း ဒီးမော့ဆို(၁၁၀၂)တပ်ရင်း ကင်းထောက်တပ်ဖွဲ့သည် ဇန်နဝါရီ ၇ရက်တွင် စစ်ကောင်စီတပ်များ လှုပ်ရှားသွားလာနေသည့် နေရာတွင် မိုင်းများဆင်ထားခဲ့သည်ဟု ဆိုသည်။

ယင်းမိုင်းများကို ဇန်နဝါရီ ၁၈ရက် နံနက် ၄နာရီတွင် စစ်ကောင်စီတပ်များ နင်းမိပြီးထိခိုက်သေဆုံးမှုများရှိခဲ့ကြောင်း ဖော်ပြခဲ့ခြင်း ဖြစ်သည်။

စစ်ကောင်စီတပ်သားများ၏ မိုင်းနင်းမိစဥ် သွေးကွက်များနှင့် ကာကွယ်ရေးတပ်မှ ဆင်းထားသည့် မိုင်းများအား တွေ့ရစဥ်၊ ဓာတ်ပုံ - အလယ်ပိုင်းတိုင်း (၁၁၀၂) တပ်ရင်း
စစ်ကောင်စီတပ်သားများ၏ မိုင်းနင်းမိစဥ် သွေးကွက်များနှင့် ကာကွယ်ရေးတပ်မှ ဆင်းထားသည့် မိုင်းများအား တွေ့ရစဥ်၊ ဓာတ်ပုံ – အလယ်ပိုင်းတိုင်း (၁၁၀၂) တပ်ရင်း

စစ်ကောင်စီတပ်များမှ သေဆုံးနေသော အလောင်းများဆွဲထုတ်သွားကာ သွေးကွက်များကို မြေကြီးဖြင့် ဖုံးထားခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

သို့သော် စစ်ကောင်စီတပ်မှ သေဆုံး​မှုများ၊ ထိခိုက်မှုအရေအတွက်ကိုမူ အတိအကျ အတည်မပြုနိုင်သေးပေ။

စစ်ကောင်စီတပ်သားများ၏ မိုင်းနင်းမိစဥ် သွေးကွက်များနှင့် ကာကွယ်ရေးတပ်မှ ဆင်းထားသည့် မိုင်းများအား တွေ့ရစဥ်၊ ဓာတ်ပုံ - အလယ်ပိုင်းတိုင်း (၁၁၀၂) တပ်ရင်း
စစ်ကောင်စီတပ်သားများ၏ မိုင်းနင်းမိစဥ် သွေးကွက်များနှင့် ကာကွယ်ရေးတပ်မှ ဆင်းထားသည့် မိုင်းများအား တွေ့ရစဥ်၊ ဓာတ်ပုံ – အလယ်ပိုင်းတိုင်း (၁၁၀၂) တပ်ရင်း

ရဲဘော်များမှ နေ့စဥ်ကင်းထောက်မှုများပြုလုပ်နေပြီး စစ်အာဏာရှင်ကို အမြစ်ပြတ်သည်အထိ တိုက်ထုတ်သွားမည်ဟုလည်း အလယ်ပိုင်းတိုင်း ဒီးမော့ဆို(၁၁၀၂)တပ်ရင်းအသိပေးသည်။

Public Service Announcement
Public Service Announcement

“(၆)မိုင်ဘက်မှာ နေ့စဥ်ထိတွေ့မှုရှိသလို စကစဘက်က လက်နက်ကြီးနဲ့နေ့တိုင်းပစ်ခတ်နေတယ်”ဟု ဒီးမော့ဆိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက လူထုနွေဦးသို့ ပြောသည်။

စစ်ကောင်စီတပ်သားများ၏ မိုင်းနင်းမိစဥ် သွေးကွက်များနှင့် ကာကွယ်ရေးတပ်မှ ဆင်းထားသည့် မိုင်းများအား တွေ့ရစဥ်၊ ဓာတ်ပုံ - အလယ်ပိုင်းတိုင်း (၁၁၀၂) တပ်ရင်း
စစ်ကောင်စီတပ်သားများ၏ မိုင်းနင်းမိစဥ် သွေးကွက်များနှင့် ကာကွယ်ရေးတပ်မှ ဆင်းထားသည့် မိုင်းများအား တွေ့ရစဥ်၊ ဓာတ်ပုံ – အလယ်ပိုင်းတိုင်း (၁၁၀၂) တပ်ရင်း

ဒီးမော့ဆိုမြို့နယ် (၆)မိုင်စံပြလမ်းမကြီးတစ်လျှောက် စစ်ကောင်စီက စစ်ကြောင်းသုံးခုခွဲ ၍ ဝင်ရောက်လာပြီးနောက် နေ့စဥ်တိုက်ပွဲဖြစ်ပွားနေကာ စစ်ကောင်စီတပ်မှ ခုနစ်ဦးထက်မနည်းသေဆုံးထားကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တပ်ရင်း – ၉က ယမန်နေ့တွင် ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံတကာ

ကျောင်းဆရာမ တစ်ဦးက ပါးရိုက်ခဲ့တဲ့နောက် ကျောင်းသား ကလေးငယ် သေဆုံးသွားတယ်ဆိုတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း အိန္ဒိယနိုင်ငံ အန်ဒရာ ပရာဒက်ရှ် ရဲတပ်ဖွဲ့က ပြောပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

Facebook