Connect with us

Hi, what are you looking for?

သတင်း

အဆုံးသတ်အပြုတ်တိုက်ပွဲအတွက် စနစ်တကျပြင်ဆင်ထားရမည်ဖြစ်ပြီး အရှုံးခံ၍မရဟု ယာယီသမ္မတ ပြော

ခုခံတော်လှန်စစ်၌ ခိုင်မာသောမဟာမိတ်ဆက်ဆံရေးကိုလည်း စနစ်တကျ တည်ဆောက်နေကြကြောင်း၊ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်အတွက် ဘုံသဘောတူညီချက်များ၊ ဘုံရည်မှန်းချက်များ လိုအပ်ကြောင်း ၎င်းက ဆိုသည်။

အဆုံးသတ်အပြုတ်တိုက်ပွဲအတွက် စနစ်တကျပြင်ဆင်ထားရမည်ဖြစ်ပြီး အရှုံးခံ၍မရဟု ယာယီသမ္မတ ပြော
အဆုံးသတ်အပြုတ်တိုက်ပွဲအတွက် စနစ်တကျပြင်ဆင်ထားရမည်ဖြစ်ပြီး အရှုံးခံ၍မရဟု ယာယီသမ္မတ ပြော

▪️လူထုက လက်နက်ကိုင်ခုခံမှရတော့မည့်အခြေအနေကို စစ်ခေါင်းဆောင်များတွန်းပို့ခဲ့ရာ ဇာတ်ကို ဆုံးအောင်ကကြရမည်ဟု ပြတ်သားစွာအသိပေး

စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး အဆုံးသတ် အပြုတ်တိုက်ပွဲအတွက် စနစ်တကျပြင်ဆင်ထားရမည်ဖြစ်ပြီး ပြည်သူများအနေဖြင့် အရှုံးခံ၍မရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားသည်။

ယနေ့ ကျင်းပသည့် အစိုးရအဖွဲ့အစည်းအဝေးတွင် ယာယီသမ္မတက ထိုသို့ပြောဆိုလိုက်ခြင်းဖြစ်သည်။

“ကျွန်တော်တို့ဟာ ခုခံတော်လှန်စစ်ကို ဒီ့ထက်အောင်မြင်အောင်လည်း ကြိုးပမ်းလုပ်ဆောင်ကြမယ်။ အဆုံးသတ် အပြုတ်တိုက်ပွဲအတွက်လည်း လိုအပ်တာတွေကို အစစအရာရာ စနစ်တကျ ပြင်ဆင်ထားကြရမယ်။ ကျွန်တော်တို့ပြည်သူတွေ အရှုံးခံလို့မရဘူး။ ကျွန်တော်တို့ဟာ အဆုံးသတ်တိုက်ပွဲအတွက် တော်လှန်ရေး သက်လုံတွေကို မြှင့်ထားကြရမယ်”ဟု ယာယီသမ္မတက ပြောသည်။

အဆုံးသတ်အပြုတ်တိုက်ပွဲအတွက် စနစ်တကျပြင်ဆင်ထားရမည်ဖြစ်ပြီး အရှုံးခံ၍မရဟု ယာယီသမ္မတ ပြော
အဆုံးသတ်အပြုတ်တိုက်ပွဲအတွက် စနစ်တကျပြင်ဆင်ထားရမည်ဖြစ်ပြီး အရှုံးခံ၍မရဟု ယာယီသမ္မတ ပြော

ခုခံတော်လှန်စစ်မှ အဆုံးသတ်တိုက်ပွဲဆီကို ဦးတည်နိုင်မှသာ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ်ကို မျှော်လင့်နိုင်လိမ့်မည်ဖြစ်သည်ဟု ယာယီသမ္မတက ပြောကြားပြီး ပန်းတိုင်ရောက်ရှရေး အားလုံးကြိုတင်ပြင်ဆင်ထားကြရန် တိုက်တွန်းလိုက်သည်။

Public Service Announcement

Public Service Announcement

နွေဦးတော်လှန်ရေး၌ အဆိုးထဲကအကောင်းများ ရရှိခဲ့သည်ဟုလည်း ယာယီသမ္မတက ပြောသည်။

“ယခင်တုန်းက လက်နက်ကိုင်ခုခံတော်လှန်မှုကို ငြင်းချက်ထုတ်ခဲ့တဲ့ နိုင်ငံရေးခေါင်းဆောင်တွေ အများအပြားရှိခဲ့တယ်။ ယခု လက်ရှိကာလမှာတော့ စစ်အာဏာရှင်ကို အမြစ်ပြတ်ချေမှုန်းဖို့အတွက် လက်နက်ကိုင်လမ်းစဉ်ကို ဗဟိုပြုထားကြရတော့မယ်ဆိုတာကို အတွေ့အကြုံအားဖြင့် လက်တွေ့သိလာကြပါပြီ တကယ်တော့ ကျွန်တော်တို့ဟာ နိုင်ငံရေးပြဿနာကို စားပွဲဝိုင်းမှာပဲ ဖြေရှင်းချင်ကြတဲ့သူတွေ ချည်းပါပဲ။ ဒါပေမယ့် လူထုကလက်နက်ကိုင်ပြီး ခုခံမှကို ရတော့မယ့် အခြေအနေကို မြန်မာစစ်ခေါင်းဆောင်တွေက တွန်းပို့ခဲ့ပါတယ်။ ဒီတော့ စပြီးတဲ့ ဇာတ်ကို ဆုံးအောင် ကကြရမယ်လို့ ပြတ်ပြတ်သားသား ပြောချင်ပါတယ်”ဟု ယာယီသမ္မတက ပြောသည်။

Public Service Announcement
Public Service Announcement

ခုခံတော်လှန်စစ်၌ ခိုင်မာသောမဟာမိတ်ဆက်ဆံရေးကိုလည်း စနစ်တကျ တည်ဆောက်နေကြကြောင်း၊ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်အတွက် ဘုံသဘောတူညီချက်များ၊ ဘုံရည်မှန်းချက်များ လိုအပ်ကြောင်း ၎င်းက ဆိုသည်။

“နိုင်ငံတစ်ခု ပြန်လည်ထူထောင်ရေးကိစ္စဟာ အင်မတန်နက်နဲသလို အင်မတန်လည်းရှုပ်ထွေးပါတယ်။ ဒါ့အပြင် တိုင်းပြည်ထူထောင်ရေးကိစ္စဟာ အနုပညာတစ်ရပ်လို နှလုံးသားနဲ့ရင်းပြီး လုပ်ကိုင်ရတဲ့ ကိစ္စလည်းဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ နောင်လာမယ့် မျိုးဆက်တွေအတွက် နှလုံးသားကြီးကြီး ရှိထားရပါလိမ့်မယ်။ ဒါ့အပြင် နောင်နှစ်ပေါင်း လေးငါးခြောက်ဆယ် လောက်အထိ ကြိုတင်မြော်မြင်ထားကြဖို့လည်း လိုပါတယ်”ဟု ယာယီသမ္မတက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲ ဖျက်ဆီးနေကြောင်း ဒေသခံ သတင်းရင်းမြစ်က အသိပေးပါတယ်။