Connect with us

Hi, what are you looking for?

သတင်း

ပြောက်ကျားတပ်ခွဲမှ မွမ်းမံသင်တန်း အောင်မြင်စွာပြုလုပ်နိုင်ခဲ့ဟု မိုးဗြဲPDF အသိပေး

ရှမ်း – ကယား(ကရင်နီ)ဒေသအစပ်ရှိ မိုးဗြဲမြို့သည် စစ်ရေးအရအရေးပါသည့် နယ်မြေဖြစ်ပြီး တိုက်ပွဲများမကြာခဏ ဖြစ်ပွားလျက်ရှိပြီး စစ်ကောင်စီ တပ်အထိနာသည့် ဒေသဖြစ်သည်။

(MBPDF တပ်ခွဲ(၄) ပြောက်ကျားတပ်ခွဲမှ ရဲဘော်များအား တွေ့ရစဥ်၊ ဓာတ်ပုံ - MBPDF)
(MBPDF တပ်ခွဲ(၄) ပြောက်ကျားတပ်ခွဲမှ ရဲဘော်များအား တွေ့ရစဥ်၊ ဓာတ်ပုံ - MBPDF)

ပြောက်ကျားတပ်ခွဲမှ မွမ်းမံသင်တန်းကို တောတွင်းတစ်နေရာတွင် အောင်မြင်စွာပြုလုပ်နိုင်ခဲ့ကြောင်း အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တပ်မဟာ (၁၀)၊ ၁၀၀၁ တပ်ရင်း၊ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MBPDF)က ယနေ့ အသိပေးထုတ်ပြန်သည်။

MBPDF၏ (တပ်ခွဲ-၄) ပြောက်ကျားတပ်ခွဲမှ မွမ်းမံသင်တန်းတွင် ရဲဘော်များကို နိုင်ငံရေးအတွေးအမြင်များ၊ တော်လှန်ရေး ဗဟုသုတများ၊ ဖက်ဒရယ်ဒီမိုကရေစီဆိုင်ရာမူဝါဒများနှင့် စစ်အာဏာရှင်စနစ်အကြောင်းများကို ဝေမျှပေးခဲ့သည်ဟု ဆိုသည်။

(MBPDF တပ်ခွဲ(၄) ပြောက်ကျားတပ်ခွဲမှ ရဲဘော်များအား တွေ့ရစဥ်၊ ဓာတ်ပုံ - MBPDF)
(MBPDF တပ်ခွဲ(၄) ပြောက်ကျားတပ်ခွဲမှ ရဲဘော်များအား တွေ့ရစဥ်၊ ဓာတ်ပုံ – MBPDF)

“တော်လှန်ရေး ရေချိန်မြင့်လာတဲ့တပြိုင်တည်း ကျွန်တော်တို့ ရပ်တည်ချက်တွေ ပိုခိုင်မာအောင်ရယ်၊ ရှေ့ဆက်လုပ်ဆောင်မယ့် အပိုင်းတွေကို ပူးပေါင်း ဆွေးနွေးခဲ့ပါတယ်”ဟု MBPDF တာဝန်ရှိသူက လူထုနွေဦးသို့ ​ပြောသည်။

ထို့အပြင် စစ်အာဏာရှင်စနစ်အပြီးတိုင်တိုက်ပွဲဝင်သွားမည်ဟုလည်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်(MBPDF)က အသိပေးသည်။

Public Service Announcement

Public Service Announcement

(MBPDF တပ်ခွဲ(၄) ပြောက်ကျားတပ်ခွဲမှ ရဲဘော်များအား တွေ့ရစဥ်၊ ဓာတ်ပုံ - MBPDF)
(MBPDF တပ်ခွဲ(၄) ပြောက်ကျားတပ်ခွဲမှ ရဲဘော်များအား တွေ့ရစဥ်၊ ဓာတ်ပုံ – MBPDF)

ရှမ်း – ကယား(ကရင်နီ)ဒေသအစပ်ရှိ မိုးဗြဲမြို့သည် စစ်ရေးအရအရေးပါသည့် နယ်မြေဖြစ်ပြီး တိုက်ပွဲများမကြာခဏ ဖြစ်ပွားလျက်ရှိပြီး စစ်ကောင်စီ တပ်အထိနာသည့် ဒေသဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။

သတင်း

ဗိုလ်မှူးအဆင့်အပါအဝင်၉ဦးသေဆုံး ၊လက်နက်မျိုးစုံ ၆ လက်နဲ့ခဲယမ်း​တွေရ၊​ဟောင်ဝစ်ဇာကိုမသယ်နိုင်လို့ဖျက်ဆီးခဲ့