Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ဘေးရှောင်များရှိရာနေရာကို စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်သဖြင့် စစ်ရှောင်ပြည်သူ တစ်ဦးသေဆုံးပြီး နှစ်ဦးပြင်းထန်ဒဏ်ရာရဟု မိုးဗြဲ PDF ပြော

သေဆုံးသွားသူမှာ အသက်(၃၃)နှစ်ရှိ ဒေါ်မူလင်း ဖြစ်ပြီး ကောင်းဆောင်ရွာသို့ စစ်ဘေးရှောင်ရန် လာရောက်နေထိုင်သူ ဖြစ်သည်။

(စစ်ကောင်စီ၏ လက်နက်ကြီးကြောင့် သေဆုံးခဲ့ရသူနှင့် ပျက်စီးခဲ့သော စစ်ရှောင်နေရာများအား တွေ့ရစဥ် ။ဓာတ်ပုံ - MBPDF)
(စစ်ကောင်စီ၏ လက်နက်ကြီးကြောင့် သေဆုံးခဲ့ရသူနှင့် ပျက်စီးခဲ့သော စစ်ရှောင်နေရာများအား တွေ့ရစဥ် ။ဓာတ်ပုံ - MBPDF)

မိုးဗြဲမြို့နယ်ရှိ စစ်ဘေးရှောင်များရှိရာနေရာကို အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် တမင်ချိန်ရွယ်၍ ပစ်ခတ်သဖြင့် စစ်ရှောင်ပြည်သူတစ်ဦးသေဆုံးပြီး နှစ်ဦးပြင်းထန်ဒဏ်ရာရရှိကြောင်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်(MBPDF)က ယနေ့ထုတ်ပြန်သည်။

ယမန်နေ့(ဇန်နဝါရီ ၁၆ရက်) ည ၈နာရီ၁၅မိနစ်ဝန်းကျင်မှစ၍ ဖယ်ခုံမြို့ရှိ အကြမ်းဖက်စစ် ကောင်စီအမြောက်တပ်မှ စစ်ဘေးရှောင်များရှိရာနေရာသို့ တမင်တကာချိန်ရွယ်ကာနှစ်ဆင့်ကွဲအမြောက်ဖြင့် ပစ်ခတ်မှုကြောင့် ကောင်းဆောင်ကျေးရွာသို့ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲခဲ့သည်ဟု ဆိုသည်။

(စစ်ကောင်စီ၏ လက်နက်ကြီးကြောင့် သေဆုံးခဲ့ရသူနှင့် ပျက်စီးခဲ့သော စစ်ရှောင်နေရာများအား တွေ့ရစဥ် ။ဓာတ်ပုံ - MBPDF)
(စစ်ကောင်စီ၏ လက်နက်ကြီးကြောင့် သေဆုံးခဲ့ရသူနှင့် ပျက်စီးခဲ့သော စစ်ရှောင်နေရာများအား တွေ့ရစဥ် ။ဓာတ်ပုံ – MBPDF)

သေဆုံးသွားသူမှာ အသက်(၃၃)နှစ်ရှိ ဒေါ်မူလင်း ဖြစ်ပြီး ကောင်းဆောင်ရွာသို့ စစ်ဘေးရှောင်ရန် လာရောက်နေထိုင်သူ ဖြစ်သည်။

Public Service Announcement
Public Service Announcement

“မနေ့က ည ၇ နာရီခွဲလောက်ကတည်းက ဖယ်ခုံမှာ ပစ်ခတ်သံရော လေယာဥ်သံတွေပါကြားတာ။သူတို့ဘက်က စစ်လှန့်တဲ့အနေအထားဘဲ။ဒါပေမယ်လို့ အရပ်သားတွေပါ ပစ်မှတ်လုပ်ပြီး တိုက်ခိုက်နေတာကတော့ စစ်တပ်ရဲ့ အကြမ်းဖက်လုပ်ရပ်လို့ပဲ ပြောချင်တယ်”ဟု MBPDF တာဝန်ရှိသူ က ပြောသည်။

Public Service Announcement

Public Service Announcement

(စစ်ကောင်စီ၏ လက်နက်ကြီးကြောင့် သေဆုံးခဲ့ရသူနှင့် ပျက်စီးခဲ့သော စစ်ရှောင်နေရာများအား တွေ့ရစဥ် ။ဓာတ်ပုံ - MBPDF)
(စစ်ကောင်စီ၏ လက်နက်ကြီးကြောင့် သေဆုံးခဲ့ရသူနှင့် ပျက်စီးခဲ့သော စစ်ရှောင်နေရာများအား တွေ့ရစဥ် ။ဓာတ်ပုံ – MBPDF)

အလားတူ စစ်ရှောင်နေရာကို တမင်တကာချိန်ရွယ်ပြီး ပစ်ခတ်သောလုပ်ရပ်များက အကြမ်း ဖက်စစ်ကောင်စီသည် ​ပြည်သူများကိုပါ ရန်သူသဖွယ်သတ်မှတ်လုပ်‌ဆောင်နေခြင်းဟု MBPDF က အသိပေးသည်။

ထို့ကြောင့် မည်သည့်နေရာသည်လုံခြုံသည်ဟူ ၍မရှိ‌သောကြောင့် မိမိလုံခြုံရေးကိုအထူးဂရုပြုသွားလာနေထိုင်ပေးရန် တိုက်တွန်းသည်။

စစ်ကောင်စီ၏ လက်နက်ကြီးကျည်ကြောင့် ယခုလ ၁၆ရက်အတွင်း၌ပင် အရပ်သားပြည်သူ လေးဦးသေဆုံးခဲ့ရပြီ ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။