Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဝက်လက်မြို့ပေါ်ရှိ စစ်ကောင်စီတပ်စွဲရာနေရာများအား ရော့ကတ်များဖြင့် ပစ်ခတ်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့ပေါ်ရှိ စစ်ကောင်စီတပ်စွဲရာနေရာများအား ရော့ကတ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ရွှေဘိုခရိုင်တပ်ရင်း – ၁၅ တပ်ခွဲ (၁) Eagle Guerrilla Force အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ယမန်နေ့ ​(ဇန်နဝါရီ၂၄ ရက်) ညနေ ၃ နာရီ ၄၆ မိနစ်ခန့်က ဝက်လက်မြို့ပေါ်ရှိ စစ်ကောင်စီတပ်စွဲရာနေရာများအား (၉၀)မမ ရော့ကတ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Eagle Guerrilla Force အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ရဲစခန်းအတွင်း တစ်လုံးကျရောက်ပြီး ရဲနှစ်ဦးသေဆုံးကာ ၎င်းတို့ မိသားစုဝင်လေးဦး ထိခိုက်ဒဏ်ရာရရှိသည်ဟု သတင်းရကြောင်း Eagle Guerrilla Force အဖွဲ့က ဆိုသည်။

ဝက်လက်မြို့ပေါ်ရှိ စစ်ကောင်စီတပ်စွဲရာနေရာများအား ရော့ကတ်များဖြင့် ပစ်ခတ်တိုက်ခိုက်
ဝက်လက်မြို့ပေါ်ရှိ စစ်ကောင်စီတပ်စွဲရာနေရာများအား ရော့ကတ်များဖြင့် ပစ်ခတ်တိုက်ခိုက်

ထို့အပြင် ပျူစောထီးများ နေထိုင်ရာဘက်သို့လည်း ပစ်ခတ်ခဲ့ပြီး လက်နက်ငယ်များဖြင့်ပါ ပြန်လည်ပစ်ခတ်ခဲ့ကြောင်း၊ စစ်ကောင်စီအား ငွေပေး၍ ဖွင့်လှစ်နေသည့် ဝက်လက်မြို့နှင့်ကပ်လျက် ဂျင်ဝိုင်းထောင်သည့် တဲကိုပါ မီးရှို့ဖျက်ဆီးခဲ့ကြောင်း Eagle Guerrilla Forceအဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

Public Service Announcement

Public Service Announcement

“ရဲစခန်း၊ ပျူအများဆုံးနေတဲ့ အမှတ်(၁)ဆားခင်း အမှတ်(၃)ရပ်ကွက်တွေကို အဓိကထား တိုက်ခိုက်ခဲ့ပါတယ်။ အပြစ်မဲ့ပြည်သူတွေကိုတော့ နီးစပ်ရာ အကြောင်းကြားပြီးတိုက်ခိုက်ခဲ့ပါတယ်။ဝက်လက်မြို့ပေါ်က ပြည်သူတချို့ကတော့ နီးစပ်ရာ ရွာတွေစီ စစ်ရှောင်နေကြပါပြီ။”ဟု Eagle Guerrilla Force အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ယနေ့နံနက်ပိုင်းတွင် ဝက်လက်သုဿန်မီးသင်္ဂြိုလ်စက်၌ မီးရှို့ခြင်း၊ သေနတ်ပစ်ဖောက်ခြင်းများပြုလုပ်နေကြောင်း ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

Urban Freedom စစ်ဆင်ရေးအနေဖြင့် ပထမဆုံးလုပ်ဆောင်မှုကို ဧပြီ ၁၀ ရက်တွင် မင်္ဂလာဒုံမြို့မရဲစခန်းကို တိုက်ခိုက်ခြင်းဖြင့် စတင်ခဲ့ပြီး ယင်းစစ်ဆင်ရေးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိခဲ့သည်။

သတင်း

တိုက်ခိုက်မှုအတွင်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်မှု ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ရန်သူ့တပ်ဘက်မှ အနည်းဆုံး(မျက်မြင်)လေးဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ မြေပြင်အခြေအနေတွင် ယခုထက်ပိုနိုင်ကြောင်း မြိတ်ခရိုင် တပ်ရင်း(၁)က အသိပေးသည်။

သတင်း

နှစ်ဘက်တိုက်ပွဲများကြောင့် ဆွာမြို့အနီးတစ်ဝိုက်ရှိ ကျေးရွာ(၅)ရွာမှ ပြည်သူအများအပြား နေအိမ်စွန့်ခွာ၍ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်း ရှောင်နေကြရကြောင်း စုံစမ်းသိရသည်။

သတင်း

ကော့ကရိတ်မြို့မြောက်ပိုင်း၌ နေရာယူထားသော ကျားဖြူစစ်ကြောင်းရှိရာသို့ စစ်ကောင်စီတပ်က တိုးဝင်လာ၍ တိုက်ပွဲစတင်ဖြစ်ခဲ့ပြီး လက်ရှိတွင် စစ်ကောင်စီက လေကြောင်းမှ အဆိပ်ငွေ့ဗုံးအသုံးပြုတိုက်ခိုက်နေသည်ဟု ၎င်းက ပြောသည်။