Connect with us

Hi, what are you looking for?

သတင်း

ချင်း‌ဒေသသို့ လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်လုပ်ဆောင်နေသည့် စစ်ကောင်စီတပ်ကို ဆက်လက်တိုက်ခိုက်မည်ဟု CNO ထုတ်ပြန်

စစ်ကောင်စီတပ်သည် ထန်တလန်မြို့နယ်ရှိ ချင်းအမျိုးသားတပ်ဦး(CNF/CNA) ဌာနချုပ်နှင့် မင်းတပ်မြို့နယ်ရှိ ချင်းကာကွယ်ရေးတပ်(CDF) တပ်စခန်းနေရာ၊ ပြည်သူလူထုနေထိုင်ရာနေရာများကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

(မင်းတပ်မြို့နယ် ပလိပ်ထွီကျေးရွာကို စစ်ကောင်စီတပ်က ဇန်နဝါရီ ၂၃ရက် နံနက်ပိုင်းတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်၍ ထိခိုက်ပျက်စီးမှုများအား တွေ့ရစဉ်၊ ဓာတ်ပုံ - မင်းတပ်- ပအဖ)
(မင်းတပ်မြို့နယ် ပလိပ်ထွီကျေးရွာကို စစ်ကောင်စီတပ်က ဇန်နဝါရီ ၂၃ရက် နံနက်ပိုင်းတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်၍ ထိခိုက်ပျက်စီးမှုများအား တွေ့ရစဉ်၊ ဓာတ်ပုံ - မင်းတပ်- ပအဖ)

ယခုနှစ်ဆန်းပိုင်းမှစ၍ ချင်းပြည်နယ်အတွင်း စစ်ကောင်စီတပ်က လေကြောင်းမှ အကြိမ်ကြိမ် တိုက်ခိုက်လျက်ရှိရာ ထိုသို့တိုက်ခိုက်ခံရ၍ ကျဆုံးခဲ့သော အာဇာနည်သူရဲကောင်းများ၊ ပြည်သူလူထုများ၏ နာကျင်မှုများနှင့် ဆုံးရှုံးခဲ့မှုများအပေါ် ဝမ်းနည်းကြောင်း ချင်းအမျိုးသားအဖွဲ့ ချုပ်/ချင်းအမျိုးသားကာကွယ်ရေးတပ်(CNO/CNDF)က ယမန်နေ့တွင် ထုတ်ပြန်သည်။

အာဏာတည်မြဲရေးအတွက် ယခုကဲ့သို့ ချင်းပြည်အပါအဝင် မြန်မာပြည်တဝှမ်း လေကြောင်းဖြင့် တိုက်ခိုက်နေသည့် စစ်ကောင်စီတပ်အား အခြားတော်လှန်ရေး အင်အားစုများနှင့်အတူ ပူးပေါင်းကာ စစ်အာဏာရှင်စနစ် ပျက်သုဉ်းသည်အထိ ဆက်လက်တိုက်ထုတ်သွားမည်ဟုလည်း CNO/CNDF၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

စစ်ကောင်စီတပ်သည် ထန်တလန်မြို့နယ်ရှိ ချင်းအမျိုးသားတပ်ဦး(CNF/CNA) ဌာနချုပ်နှင့် မင်းတပ်မြို့နယ်ရှိ ချင်းကာကွယ်ရေးတပ်(CDF) တပ်စခန်းနေရာ၊ ပြည်သူလူထုနေထိုင်ရာနေရာများကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ယခု ဇန်နဝါရီ၁၀ရက်နှင့် ၁၁ရက်များတွင် CNF/CNA ဌာနချူပ်ဖြစ်သော Camp Victoria အား လေကြောင်းဖြင့် အကြောင်းမဲ့ပစ်ခတ်ခဲ့ရာ CNA တပ်သား (၅)ဦး ကျဆုံးခဲ့ပြီး ဆေးရုံ၊ ဆေးခန်းနှင့် အိုးအိမ်အများအပြား ပျက်စီးခဲ့သည်။

Public Service Announcement

Public Service Announcement

ထို့ပြင် ဇန်နဝါရီ၇ ရက်၊ ၈ရက်၊ ၂၂ရက်နှင့် ၂၃ရက်များ၌ မင်းတပ်မြို့နယ်အတွင်း ကျေးရွာများရှိ ဆေးရုံ၊ ဆေးခန်းများ၊ စာသင်ကျောင်းများ၊ စစ်ဘေးရှောင်စခန်းများနှင့် ပြည်သူ့နေအိမ်များအပေါ် ရည်ရွယ်ချက်ရှိရှိဖြင့် လေယာဉ်ဖြင့် ဗုံး(၈)ကြိမ် ကြဲချခဲ့သောကြောင့် အပြစ်မဲ့ပြည်သူများ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ပြည်သူ့အိုးအိမ်များစွာ ပျက်စီးဆုံးရှုံးခဲ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

ဖက်ဒရယ်ဒီမိုကရေစီစနစ်ပေါ်ထွန်းရေး၊တရားမျှတမှုရရှိရေးနဲ့စစ်အာဏာရှင်စနစ်အပြီးတိုင်ချုပ်ငြိမ်းရေးတို့အတွက် မဟာမိတ်များနဲ့အတူဆက်လက်ကြိုးပမ်းမယ်ဟု​​ကြေညာ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

CNO/CNDFဟာ​တော်လှန်​ရေးကိုဆက်လုပ်ဆဲဖြစ်ပြီး အနာဂါတ်တွင်လည်းဆက်လက်​တော်လှန်မည်ဖြစ်သလို မကြာခင်သတင်းထုတ်ပြန်မည်ဟု ​တာဝန်ရှိသူအသိ​ပေး