Connect with us

Hi, what are you looking for?

သတင်း

ရေဦး-ဒီပဲယင်းလမ်းပိုင်းတွင်စစ်​ကောင်စီတပ်ကို​PDFများတိုက်ခိုက်

စစ်ကောင်စီစစ်ကြောင်းသည် ယမန်နေ့ည ၁၀ နာရီခန့်တွင် ဒီပဲယင်းမြို့နယ် ညောင်လှကျေးရွာအတွင်း ဝင်ရောက်သွားပြီး ယနေ့(ဇန်နဝါရီ ၂၅ရက်)နံနက်ပိုင်းအထိ ညောင်လှကျေးရွာအတွင်း ရှိနေသေးကြောင်း​ဒေသတွင်းသတင်းရင်းမြစ်များက​ပြောသည်။

(စစ်​ကောင်စီတပ်ကိုတိုက်ခိုက်​နေ​သော PDF များ။ ဓါတ်ပုံ- ​ရေဦးPDF)
(စစ်​ကောင်စီတပ်ကိုတိုက်ခိုက်​နေ​သော PDF များ။ ဓါတ်ပုံ- ​ရေဦးPDF)

အင်အား၁၀၀ ကျော်ပါသောစစ်ကောင်စီစစ်ကြောင်းကို ရေဦး-ဒီပဲယင်းလမ်းပိုင်းတွင်ပြည်သူ့ကာကွယ်ရေးတပ်များက ယမန်နေ့ကမိုင်းဆွဲတိုက်ခိုက်မှုနှစ်ကြိမ်စလုံးချက်ကောင်းထိမှန်ခဲ့ပြီး စစ်ကောင်စီတပ်သေဆုံးမှုများပြားခဲ့ကြောင်း တိုက်ပွဲဝင်PDFအချို့ကပြောသည်။

“တိုက်ပွဲနှစ်ကြိမ်ဖြစ်တာ။ မိုင်းကွင်းထဲနှစ်ကြိမ်စလုံးရောက်တော့သူတို့(စစ်ကောင်စီ)ဘက် အထိအခိုက်အရမ်းများတယ်။ အတိအကျတော့မသိနိုင်ဘူး”ဟုရေဦးမြို့မှပြည်သူ့ကာကွယ်ရေးတပ်မ​တော် တပ်ဖွဲ့တစ်ဦးကပြောသည်။

စစ်ကောင်စိစစ်ကြောင်းကို ရေဦး-ဒီပဲယင်းလမ်းပိုင်းတစ်နေရာတွင် ဇန်နဝါရီ ၂၄ရက် နံနက်က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ မိုင်းဆွဲပြီးသည်နှင့်တပြိုက်နက် လက်နက်မျိုးစုံဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းဖြစ်ပြီး ဒီပဲယင်းနှင့်ရေဦး မြို့မှ ပြည်သူ့ကာကွယ်ရေးတပ်များကပူးပေါင်း‌တိုက်ခိုက်ခဲ့​​ခြင်းဖြစ်သည်။

Public Service Announcement
Public Service Announcement

“ရေဦး၊ ဒီပဲယင်း ပကဖ နှင့် PDF တို့ပူးပေါင်း‌ဆောင်ရွက်မှုအတွက် အင်မတန်မှကျေနပ်တယ်။စစ်​ေ-များအတွက် မြို့ထဲက လူမှုကူညီရေးကားပါ ဆွဲခေါ်ဖို့ စီစဉ်ခဲ့ရတယ်လို့ သတင်းရတယ်။စစ်ခွေးအချို့ ဘက်ပြန်ခေါက်ပြီး ဆေးကုနေရတယ်” ဟု ရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီစစ်ကြောင်းသည် ယမန်နေ့ည ၁၀ နာရီခန့်တွင် ဒီပဲယင်းမြို့နယ် ညောင်လှကျေးရွာအတွင်း ဝင်ရောက်သွားပြီး ယနေ့(ဇန်နဝါရီ ၂၅ရက်)နံနက်ပိုင်းအထိ ညောင်လှကျေးရွာအတွင်း ရှိနေသေးကြောင်း​ဒေသတွင်းသတင်းရင်းမြစ်များက​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။

သတင်း

ဗိုလ်မှူးအဆင့်အပါအဝင်၉ဦးသေဆုံး ၊လက်နက်မျိုးစုံ ၆ လက်နဲ့ခဲယမ်း​တွေရ၊​ဟောင်ဝစ်ဇာကိုမသယ်နိုင်လို့ဖျက်ဆီးခဲ့