Connect with us

Hi, what are you looking for?

သတင်း

PCGခေါင်းဆောင် ဘွဲ့တံဆိပ်ပေးအပ်မှု စစ်ကောင်စီက သူ့ဘက်ပါလာစေရန် စည်းရုံးခြင်းဖြစ်ဟု KIA တာဝန်ရှိသူ သုံးသပ်

KIA အနေဖြင့်လည်း ယခုနောက်ပိုင်းတွင် စစ်ကောင်စီတပ်နှင့် ညှိနှိုင်းမှုမပြုသည့် သဘောကို တွေ့ရသည်ဟု ၎င်းက ဆိုသည်။ ထို့ကြောင့် တိုက်ပွဲများလည်း ဆက်လက်ပြင်းထန်လာနိုင်သည်ဟု ကချင်သတင်းရင်းမြစ်က ပြောသည်။

PCGခေါင်းဆောင် ဘွဲ့တံဆိပ်ပေးအပ်မှု စစ်ကောင်စီက သူ့ဘက်ပါလာစေရန် စည်းရုံးခြင်းဖြစ်ဟု KIA တာဝန်ရှိသူ သုံးသပ်
PCGခေါင်းဆောင် ဘွဲ့တံဆိပ်ပေးအပ်မှု စစ်ကောင်စီက သူ့ဘက်ပါလာစေရန် စည်းရုံးခြင်းဖြစ်ဟု KIA တာဝန်ရှိသူ သုံးသပ်

ကချင်ပြည်နယ် မြစ်ကြီးနားအခြေစိုက် ငြိမ်းချမ်းရေးဆွေးနွေးရေးအကျိုးဆောင်အဖွဲ့(PCG) ခေါင်းဆောင် ဦးယွပ်ဇော်ခေါင်ကို စစ်ကောင်စီက ဘွဲ့တံဆိပ်ပေးခြင်းမှာ စစ်ကောင်စီက သူ့လူအဖြစ် စည်းရုံးမှုဖြစ်နိုင်ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA) သတင်းနှင့် ပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက သုံးသပ် ပြောကြားသည်။

စစ်ကောင်စီတပ် အာဏာသိမ်းပြီးနောက်ပိုင်း ဧရာ၀တီ မြစ်ဖျားအစ မေခနှင့် မလိခ ပေါင်းဆုံရာ မြစ်ဆုံတွင် စက်ယန္တရားကြီးများ အသုံးပြုပြီး ရွှေတူးဖော်မှု လုပ်ဆောင်နေသည့် ကချင်သူဌေး တစ်ဦးလည်း ဖြစ်သည့် ဦးယွပ်ဇော်ခေါင်ကို စစ်ကောင်စီ ခေါင်းဆောင်မင်းအောင်လှိုင်က ယခုလအစောပိုင်းတွင် သီရိပျံချီဘွဲ့ ပေးအပ်ခဲ့သည်။

PCG အနေဖြင့် ယခင်သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်၊ NLD အစိုးရ လက်ထက်များ၌ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် အစိုးရ အကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲများဖြစ်မြောက်ရေး ဆောင်ရွက်ခဲ့ပြီး နှစ်ဖက်အကြား ပဋိပက္ခများဖြစ်ပါကလည်း ကြားဝင်ညှိနှိုင်းဆောင်ရွက် ခဲ့သည်။ စစ်ကောင်စီတပ် အာဏာသိမ်းကာလ အစတွင်လည်း ကချင်ပြည်သူလူထုများအား စစ်ကောင်စီတပ်က မတရားဖမ်းဆီးမှုများနှင့်ပတ်သက်ပြီး PCGက ကြားဝင်ညှိနှိုင်းဆောင်ရွက်ခဲ့သည်။ သို့ရာတွင် ကချင်ဘာသာရေးခေါင်းဆောင် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC) ဥက္ကဋ္ဌ ဒေါက်တာခလမ်ဆမ်ဆွန် ဖမ်းဆီးခံရမှုတွင် PCGက ကြားဝင်ညှိနှိုင်းဆောင်ရွက်ခဲ့မှု မတွေ့ရပေ။

PCGအဖွဲ့၏ အခြေအနေနှင့်ပတ်သက်ပြီး ကချင်သတင်းရင်းမြစ်က “PCG အဖွဲ့တွေက KIA ဘက်က သိပ်မသုံးတော့တဲ့ ပုံစံမျိုးရှိတယ်။ ဘာလို့လဲဆို ဟိုတစ်နေ့က ဆုကိုလက်ခံပြီးနောက်ပိုင်းမှာပေါ့နော်။ အဲဒါဆိုတော့ ဒီလို ပဋိပက္ခဖြစ်လို့ရှိရင် ကြားကနေဖြေရှင်းပေးမယ့် အဖွဲ့တွေကလည်း တစ်ဖွဲ့လျော့သွားတဲ့ ပုံစံမျိုးရှိတာပေါ့” ဟု မှတ်ချက်ပြုသည်။

Public Service Announcement

Public Service Announcement

KIA အနေဖြင့်လည်း ယခုနောက်ပိုင်းတွင် စစ်ကောင်စီတပ်နှင့် ညှိနှိုင်းမှုမပြုသည့် သဘောကို တွေ့ရသည်ဟု ၎င်းက ဆိုသည်။ ထို့ကြောင့် တိုက်ပွဲများလည်း ဆက်လက်ပြင်းထန်လာနိုင်သည်ဟု ကချင်သတင်းရင်းမြစ်က ပြောသည်။

PCG ခေါင်းဆောင်အား စစ်ကောင်စီက ဘွဲတံဆိပ်ပေး ခဲ့ခြင်းနှင့်ပတ်သက်၍ KIA သတင်းနှင့် ပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ၏ သဘောထားကို မေးမြန်းရာ စစ်ကောင်စီအနေဖြင့် လက်ရှိအချိန်တွင် စည်းရုံးရေး လုပ်နေသည့် ကာလ ဖြစ်ကြောင်း၊ ရွေးကောက်ပွဲ ကျင်းပနိုင်ရန် ကျေးရွာများရှိ အဓိက တာဝန်ရှိသူများ၊ လူထုအပေါ် ဩဇာညောင်းသူများကို စစ်ကောင်စီက စည်းရုံးရေး လုပ်နေကြောင်း ပြောကြားသည်။

“နောက်တစ်ခုရှိတာက သူက လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်တဲ့ သူတွေကိုလည်း သူတို့က သူတို့လူအဖြစ် ပြန်စည်းရုံးနေတဲ့ အချိန်ကာလဖြစ်နေတယ်လို့ တွေ့ရပါတယ်။ ဒါကြောင့် သူတို့က အဲဒီ ဘွဲ့တံဆိပ်တွေ ပေးပြီးမှ သူတို့လူအဖြစ် ပြန်ပြီးမှ သူတို့ဘက်က စည်းရုံးလာတဲ့ သဘောမျိုးနဲ့ ချီးမြှင့်တာလည်း ဖြစ်နိုင်တယ်လို့ ကျနော်ကတော့ သုံးသပ်ပါတယ်”ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

KIO/KIA ဝန်ထမ်းများ၊ ကချင်အဆိုတော်များ၊ ကချင်ပြည်သူလူထုများ ၁၀၀ကျော် သေဆုံးထိခိုက်မှုရှိခဲ့သည့် ဖားကန့် အနမ့်ပါဒေသ လေကြောင်းတိုက်ခိုက်ခံရမှုအပြီး လအနည်းငယ် အကြာတွင် PCG ခေါင်းဆောင် ဦးယွပ်ဇော်ခေါင်က စစ်ကောင်စီ ခေါင်းဆောင်မင်းအောင်လှိုင်က ပေးအပ်သည့် ဆုကို လက်ခံရယူခဲ့ခြင်းလည်း ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေ များလာပြီး စစ်တပ် ဆုံးရှုံးမှုများလာလို့ အများပြည်သူ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ကချင်ပြည်နယ် ခေါင်လန်ဖူးမြို့နယ် မြန်မာ-တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် ၃၀ ဒေသက စစ်တပ်နဲ့ ပြည်သူ့စစ် ပူးပေါင်းတပ်စွဲထားတဲ့ရဟတ်ယာဉ်ကွင်းပါ တပ်စခန်းဟာ စစ်ရေးအရ အရေးပါတာကြောင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်ဟာ ၃ကြိမ်တိုင်ထိုးစစ်ဆင်ခဲ့ရကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်တပ်ကဗုံးအလုံး​ရေ​ထောင်ချီကြဲ​ပေမယ့်ရေ​ကြောင်းနဲ့ကုန်း​ကြောင်းတိုက်ပွဲမှာရှုံး

သတင်း

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ် မြန်မာ-တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် ၃၀ အမတ်ပေါ် ဒေသက စစ်တပ်ရဲ့ ဗျူဟာစခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က စက်တင်ဘာ ၁၈ရက်မှာ သိမ်းပိုက်ရရှိခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က အသိပေးပါတယ်။