Connect with us

Hi, what are you looking for?

သတင်း

ထိန်းချုပ်နယ်မြေများ ပိုမိုခိုင်မာတောင့်တင်းအောင် ကြိုးစားရန် NUGပြည်ထောင်စုဝန်ကြီးချုပ်ပြော

ဇန်နဝါရီ ၂၆ရက်က ကျင်းပသည့် ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီအစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီးချုပ်က ထိုသို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

ထိန်းချုပ်နယ်မြေများ ပိုမိုခိုင်မာတောင့်တင်းအောင် ကြိုးစားရန် NUGပြည်ထောင်စုဝန်ကြီးချုပ်ပြော
ထိန်းချုပ်နယ်မြေများ ပိုမိုခိုင်မာတောင့်တင်းအောင် ကြိုးစားရန် NUGပြည်ထောင်စုဝန်ကြီးချုပ်ပြော

အစိုးရအနေဖြင့် ရရှိပြီးသား ထိန်းချုပ်နယ်မြေများကို ပိုမိုခိုင်မာတောင့်တင်းအောင် ကြိုးစားရင်း တိုင်းဒေသကြီးများကို ပိုမိုအလေးအနက် ထားအားစိုက်ကာ အဖွဲ့အစည်းအားလုံးနှင့်အတူ ပူးပေါင်းဆောင်ရွက်စေလိုသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုကြောင်း ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားခဲ့ပါတယ်။

ဇန်နဝါရီ ၂၆ရက်က ကျင်းပသည့် ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီအစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီးချုပ်က ထိုသို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

ထိန်းချုပ်နယ်မြေများ ပိုမိုခိုင်မာတောင့်တင်းအောင် ကြိုးစားရန် NUGပြည်ထောင်စုဝန်ကြီးချုပ်ပြော
ထိန်းချုပ်နယ်မြေများ ပိုမိုခိုင်မာတောင့်တင်းအောင် ကြိုးစားရန် NUGပြည်ထောင်စုဝန်ကြီးချုပ်ပြော

မကြာခင်ရက်ပိုင်းအတွင်း စစ်အာဏာရှင် တော်လှန်ရေး (၂)နှစ် ပြည့်တော့မည်ဖြစ်ပြီး စစ်ကောင်စီ၏ ရက်စက်ဖိနှိပ်မှု ခံနေရသည့် ပြည်သူများအတွက် ယင်းကာလမှာ အလွန်ကြာရှင်ကြောင်း ပြည်ထောင်စု ဝန်ကြီးချုပ်က ပြောသည်။

“တော်လှန်‌ရေးကာလအတွင်း အုပ်ချုပ်‌ရေးယန္တရားတည်ဆောက်ရတာက မလွယ်ကူပေမဲ့လည်း ယခုပုံစံတစ်မျိုး နောက်ပုံစံတစ်မျိုး ပြည်သူများ စိတ်ရှုတ်ထွေးမှုများ မရှိစေရေး အတွက် အစိုးရအဖွဲ့ဝင် တာဝန်ရှိသူများ စနစ်တကျ စီမံနိုင်ဖို့လိုအပ်တယ်”ဟု ပြည်ထောင်စုဝန်ကြီးချုပ်က ပြောသည်။

Public Service Announcement

Public Service Announcement

ထိန်းချုပ်နယ်မြေများ ပိုမိုခိုင်မာတောင့်တင်းအောင် ကြိုးစားရန် NUGပြည်ထောင်စုဝန်ကြီးချုပ်ပြော
ထိန်းချုပ်နယ်မြေများ ပိုမိုခိုင်မာတောင့်တင်းအောင် ကြိုးစားရန် NUGပြည်ထောင်စုဝန်ကြီးချုပ်ပြော

အကြမ်းဖက်စစ်အုပ်စုက တော်လှန်ရေးအင်အားစုများအကြား သွေးခွဲ သပ်လျှိုပြီး နည်းမျိုးစုံဖြင့် ကြိုးစားနေ၍ တော်လှန်ရေးအင်အားစုများ အချင်းချင်း လုံခြုံရေးကို အထူး အတိပြုကြရန်လည်း ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောသည်။

အစိုးရအဖွဲ့ဝင်များနှင့် တော်လှန်ရေးအင်အားစုများကို အသက်အန္တရာယ်မရှိစေရေး ပိုမို ဂရုစိုက်ကြရန်လည်း ၎င်းက ထပ်မံ ပြောကြားသည်။

ယခု အစည်းအဝေးသို့ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဗဟိုဖော်ဆောင်မှု ကော်မတီ ဥက္ကဌ ပြည်ထောင်စုဝန်ကြီးချုပ် နှင့် ပြည်ထောင်စုဝန်ကြီးများ၊ ဒုဝန်ကြီး များ၊ အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

သတင်း

စစ်ဆင်ရေးမှာ ကျဆုံးခဲ့ရတဲ့ ရဲဘော် ၃ဦး ဦးညွှတ်အလေးပြုကြောင်း ဖော်ပြ

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

Facebook