Connect with us

Hi, what are you looking for?

သတင်း

ခုခံတွန်းလှန်စိတ်မလျော့ကြောင်းပြသရန် အသံတိတ်သပိတ်တွင် ပြည်သူအားလုံးပါဝင်ကြရန် မန္တလေး PDF တိုက်တွန်း

“အခုလိုမျိုး အာဏာသိမ်းထားတာ ၂နှစ်တာကာလအတွင်းမှာ ပြည်သူတွေရဲ့ ခုခံတွန်းလှန်စိတ် လျော့ကျမသွားဘူးဆိုတာကို ဆက်လက်ပြသဖို့အတွက် အသံတိတ်သပိတ်မှာပြည်သူအားလုံး ပါဝင်ပေးကြဖို့ တိုက်တွန်းချင်ပါတယ်”ဟု မန္တလေး PDF ရဲမေက ပြောသည်။

(မန္တလေး PDF မှ ရဲဘော်များ စစ်ရေးလေ့ကျင့်နေစဥ်)
(မန္တလေး PDF မှ ရဲဘော်များ စစ်ရေးလေ့ကျင့်နေစဥ်)

စစ်ကောင်စီ အာဏာသိမ်းထားသည်မှာ (၂)နှစ်ပြည့်နေ့ ဖေဖော်ဝါရီ ၁ရက် ပြုလုပ်မည့် အသံတိတ်သပိတ်တွင် ပြည်သူအားလုံး ပူးပေါင်းပါဝင်ကြရန် မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်မတော်က တိုက်တွန်းလိုက်သည်။

နွေဦးတော်လှန်ရေး (၂)နှစ်ပြည့်အဖြစ် စစ်ကောင်စီ၏ တရားမဝင်အတုအယောင် ရွေးကောက်ပွဲကို ပြည်သူတစ်ရပ်လုံးက လုံး၀ဆန့်ကျင် တိုက်ဖျက်ပြီး စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်သည်အထိ အဆုံးထိ တွန်းလှန်ပုန်ကန်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံသာမက တစ်ကမ္ဘာလုံးသို့ဆန္ဒဖော်ထုတ်သည့်အနေဖြင့် ဖော်ဆောင်သော တိတ်ဆိတ်ငြိမ်သက်ခြင်း သပိတ်ကို လာမည့် ၂၀၂၃ ဖေဖော်ဝါရီ ၁ရက် နံနက် ၁၀နာရီမှ ညနေ ၃နာရီအထိ ပြုလုပ်သွားမည်ဖြစ်သည်။

အဆိုပါ အသံတိတ် သပိတ်တွင် လူတန်းစားအလွှာအသီးသီးရှိ ပြည်သူတစ်ရပ်လုံးမှ အင်တိုက် အားတိုက် ပူးပေါင်းပါဝင်ကြရန် ရှေ့တန်းရောက် မန္တလေးပြည်သူ့ကာကွယ်ရေးတပ်မတော် ရဲမေမှ တိုက်တွန်းစကား ပြောကြားချက်ကို မန္တလေး PDFက ယနေ့ နံနက်တွင် ဖော်ပြခဲ့သည်။

Public Service Announcement
Public Service Announcement

“အခုလိုမျိုး အာဏာသိမ်းထားတာ ၂နှစ်တာကာလအတွင်းမှာ ပြည်သူတွေရဲ့ ခုခံတွန်းလှန်စိတ် လျော့ကျမသွားဘူးဆိုတာကို ဆက်လက်ပြသဖို့အတွက် အသံတိတ်သပိတ်မှာပြည်သူအားလုံး ပါဝင်ပေးကြဖို့ တိုက်တွန်းချင်ပါတယ်”ဟု မန္တလေး PDF ရဲမေက ပြောသည်။

Public Service Announcement

Public Service Announcement

ယခု သပိတ်မှတဆင့် ဆက်လက်၍ တော်လှန်ရေးကာလ၌ ပြည်သူများ နိုင်ရာကဏ္ဍမှ ပါဝင်ပေးကြရန်လည်း တိုက်တွန်းခဲ့သည်။

“အတိတ်ဆိတ်ဆုံးသော ငြိမ်သက်မှုဟာ အကျယ်လောင်ဆုံးသော ကြွေးကြော်သံဖြစ်တယ်ဆိုတဲ့အတိုင်းပဲ လာမယ့် ဖေဖော်ဝါရီ ၁ရက်နေ့မှာ ပြုလုပ်မယ့် အသံတိတ်သပိတ်မှာ ပြည်သူတွေအားလုံးက ပူးပေါင်းပါဝင်ပေးကြဖို့ တိုက်တွန်းချင်ပါတယ်”ဟု မန္တလေး PDF ရဲမေက ပြောသည်။

စစ်ကောင်စီက ပြည်သူ့အာဏာကို မတရားသဖြင့်သိမ်းဆည်းထားသည်မှာ ဖေဖော်ဝါရီ ၁ရက်တွင် (၂)နှစ်ပြည့်တော့မည်ဖြစ်ရာ ယင်းနေ့မည် နွေဦးတော်လှန်ရေးအင်အားစုများက အသံတိတ်သပိတ် ပြုလုပ်ရန် စီစဉ်နေခြင်းဖြစ်သည်။ ယခင်ပြုလုပ်ခဲ့သည့် အသံတိတ်သပိတ်များတွင် ပြည်သူလူထု တစ်ရပ်လုံးပါဝင်ခဲ့သည်။ စစ်ကောင်စီတပ်က အဆိုပါ အသံတိတ်သပိတ်များ မအောင်မြင်စေရန် နည်းမျိုးစုံဖြင့် ခြိမ်းခြောက်နေသည့်ကြားက ပြည်သူများက အသံတိတ်သပိတ်၌ ပါဝင်ခဲ့ကြသည်ကို တွေ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်သားအ​လောင်း၃၀​ကျော်ရပြီးစစ်တပ်စစ်​ကြောင်း​နောက်ပြန်ဆုတ်သွား

သတင်း

ရဲကွန်မန်ဒို စစ်ကြောင်းမှူးပါဒဏ်ရာအပြင်းအထန်ရဟုသာယာ၀တီခရိုင်စစ်ရေးတာ၀န်ရှိသူ​ပြော

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

အမြန်လမ်းက တောင်ငူ - အုတ်တွင်းမြို့လမ်းပိုင်းက ကျေးရွာတွေမှာ တိုက်ပွဲထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Facebook