Connect with us

Hi, what are you looking for?

သတင်း

အသံတိတ်သပိတ်မှာ ပူးပေါင်းပါဝင်ကြဖို့ မန္တလေးတော်လှန်ရေးအင်အားစုတွေတိုက်တွန်း

သပိတ်သတ်မှတ်ချိန်ဖြစ်တဲ့ ဖေဖော်ဝါရီလ ၁ ရက် မနက် ၁၀ နာရီကနေ ညနေ ၃ နာရီအထိ လူထုအနေနဲ့အင်တိုက်အားတိုက်ပါဝင်ပေးကြဖို့ တိုက်တွန်းထားတာပါ။

အသံတိတ်သပိတ်မှာ ပူးပေါင်းပါဝင်ကြဖို့ မန္တလေးတော်လှန်ရေးအင်အားစုတွေတိုက်တွန်း
အသံတိတ်သပိတ်မှာ ပူးပေါင်းပါဝင်ကြဖို့ မန္တလေးတော်လှန်ရေးအင်အားစုတွေတိုက်တွန်း

စစ်တပ်အာဏာသိမ်း ၂ နှစ်ပြည့်မှာ ပြုလုပ်မယ့် အသံတိတ်သပိတ်မှာ လူထုတွေ ပူးပေါင်းပါဝင်ပေးကြဖို့ စစ်အာဏာရှင်ဆန့်ကျင်ရေး ကျန်းမာရေးမိသားစု (မန္တလေး) ကတိုက်တွန်းလိုက်ပါတယ်။

သပိတ်သတ်မှတ်ချိန်ဖြစ်တဲ့ ဖေဖော်ဝါရီလ ၁ ရက် မနက် ၁၀ နာရီကနေ ညနေ ၃ နာရီအထိ လူထုအနေနဲ့အင်တိုက်အားတိုက်ပါဝင်ပေးကြဖို့ တိုက်တွန်းထားတာပါ။

ဒီတခေါက် အသံတိတ်သပိတ်ဟာ အာဏာသိမ်းပြီးနောက် ၄ ကြိမ်မြောက်ဖြစ်ပြီး ၂ နှစ်ကြာမြင့်လာပေမယ့် စစ်တပ်အုပ်ချုပ်လို့မရသေးတာကို ပြသတဲ့အပြင် စစ်ကောင်စီရဲ့ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း တညီတညွတ်တည်းထုတ်ဖော်ပြသတာလို့ ကျန်းမာရေးမိသားစု (မန္တလေး) က ဆော်သြပါတယ်။

Public Service Announcement
Public Service Announcement

ဒါကြောင့် လူထုအနေနဲ့ ဒီတခေါက်သပိတ်မှာလည်း အင်တိုက်အားတိုက်ပါဝင်ပေးဖို့လိုတယ်လို့ ကျန်းမာရေးမိသားစု (မန္တလေး) ရဲ့ CDM ဆရာဝန်ဒေါက်တာစိုးသူရဇော်ကပြောပါတယ်။

Public Service Announcement

Public Service Announcement

မန္တလေး PDF ကလည်း လူထုသွေးမအေးသေးကြောင်း ၊ခုခံတော်လှန်စိတ်မလျော့သေးကြောင်း သပိတ်မှာပါဝင်ရင်း ပြသဖို့ တိုက်တွန်းပါတယ်။

အသံတိတ်သပိတ်ကိုတန်ပြန်တဲ့အနေနဲ့ စစ်အုပ်စုဘက်ကလည်း အာဏာသိမ်းနှစ်ပတ်လည်ထောက်ခံပွဲတွေ ကိုကျင်းပဖို့စီစဉ်ထားသလို သပိတ်ကိုလှုံဆော်သူတွေကိုဖမ်းမယ်လို့ လှုမှုကွန်ရက်ကနေ ခြိမ်းခြောက်တာတွေရှိလာနေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ ကျောက်တော်ကြီးဘုရားပွဲမှာ ဆိုင်ခန်းခတွေ စျေးအဆမတန် မြင့်တက်သွားလို့ စျေးသည်တွေ အခက်အခဲတွေ့နေပါတယ်။

သတင်း

မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ကန်တော်ကြီးကန်ပတ်လမ်းမှာအမျိုး သားတစ်ဦးရဲ့ ရုပ်အလောင်းကို မနေ့ ( စက်တင်ဘာလ ၁၈ ရက်) နေ့ခင်းပိုင်းက မြို့ခံတွေ တွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

ပေါ်တာစွဲခံထားရပြီး မန္တလေးနန်းတွင်းမှာ ချုပ်နှောင်ခံထားရတဲ့ လူငယ်တွေကို ပုသိမ်ကြီးနယ်က ခလရ(၁၁၆)နဲ့ (၁၁၉)တပ်ရင်းကို ပို့လိုက်ပြီလို့ မြို့ခံတွေက ပြောပါတယ်။

Facebook