Connect with us

Hi, what are you looking for?

သတင်း

ရွာတွေနဲ့ လူနေရပ်ကွက်တွေကိုရှောင်ပြီး တိုက်ပွဲဖော်ကြဖို့ မွန်ပြည်သစ်ပါတီ တိုက်တွန်း

မွန်ပြည်သစ်ပါတီဟာအပစ်ရပ် NCA လက်မှတ်ထိုးထားတဲ့အဖွဲ့ပြီး အာဏာသိမ်းစစ်ကောင်စီနဲ့ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးမှုပြုလုပ်ထားပါတယ်။

ဇန်နဝါရီလ နောက်ဆုံးပတ်အတွင်း ကမ်းနီရွာကိုတွေ့ရစဉ်
ဇန်နဝါရီလ နောက်ဆုံးပတ်အတွင်း ကမ်းနီရွာကိုတွေ့ရစဉ်

လက်နက်ကိုင်တပ်တွေအနေနဲ့ အများပြည်သူနေထိုင်ရာကျေးရွာတွေနဲ့ ရပ်ကွက်တွေကိုရှောင်ရှားပြီး တိုက်ပွဲဖော်ကြဖို့ မွန်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ဖြစ်တဲ့ မွန်ပြည်သစ်ပါတီက ထုတ်ပြန်ချက် ထုတ်ပြီးတိုက်တွန်းလိုက်ပါတယ်။

ကရင်ပြည်နယ်၊ကော့ကရိတ်မြို့နယ်ထဲက မွန်တိုင်းရင်းသားတွေအများဆုံးနေထိုင်တဲ့ ကမ်းနီရွာနဲ့အနီးတဝိုက်မှာ စစ်ကောင်စီတပ်နဲ့ကော်သူလေးအာမီလက်အောက်ခံ Lion Battalion Commando စစ်ကြောင်းတို့ကြား တိုက်ပွဲဖြစ်ပြီးနောက် မွန်ပြည်သစ်ပါတီဘက်က အခုလိုထုတ်ပြန်လာတာပါ။

အဲဒီတိုက်ပွဲဖြစ်စဉ်အတွင်း ဒေသခံလူထုရဲ့နေအိမ် အလုံး ၄၀ နီးပါး ထိခိုက်ပျက်စီးခဲ့တာရှိတယ်လို့ မွန်ပြည်သစ်ပါတီဘက်ကဆိုပါတယ်။

Public Service Announcement
Public Service Announcement

ဗိုလ်စောအယ်စေးဝါး ဦးဆောင်တဲ့ Lion Battalion Commando အဖွဲ့ က ကမ်းနီရွာက အုပ်ချုပ်ရေးမှူးအိမ်နဲ့ ပြည်သူ့စစ်အိမ်တွေကိုမီးရှို့ရာကနေ ကျေးရွာထဲကနေအိမ်တွေ ကူးစက်လောင်ကျွမ်းခဲ့တယ်လို့ မွန်ပြည်သစ်ပါတီက ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

Public Service Announcement

Public Service Announcement

အလားတူပါပဲ ညောင်ရိပ်သာရွာမှာလည်း တိုက်ပွဲဖြစ်စဉ်ကြောင့် နေအိမ် ၁၈ လုံးမီးလောင်ခဲ့တယ်လို့ မွန်းပြည်သစ်ပါတီက ပြောပါတယ်။

စစ်ကောင်စီရဲ့လက်နက်ကြီးကျည်ကြောင့်လည်း ကမ်းနီနဲ့ညောင်ရိပ်သာရွာက နေအိမ်တွေ ပျက်စီးထိခိုက်တာရှိတယ်လို့ မွန်ပြည်သစ်ပါတီက ထုတ်ပြန်ချက်မှာထည့်သွင်းထားတာတွေ့ရပါတယ်။

ဒီဖြစ်စဉ်တွေကြောင့် လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ စစ်ဘက်ဆိုင်ရာကျင့်ဝတ်တွေလိုက်နာပြီး လူနေကျေးရွာတွေ ၊ရပ်ကွက်တွေအနီး တိုက်ပွဲမဖော်ဖို့ မွန်ပြည်သစ်ပါတီက တိုက်တွန်းပါတယ်။

Lion Battalion Commando စစ်ကြောင်းရဲ့ ပြန်ကြားရေးတာဝန်ခံက နေအိမ်တွေကို သူတို့စစ်ကြောင်း မီးမရှို့ကြောင်းနဲ့ စစ်ကောင်စီဘက်ကပစ်တဲ့ လက်နက်ကြီးကျည်ကြောင့် နေအိမ်တွေမီးလောင်ပျက်စီးခဲ့တာလို့ရှင်းထားပါတယ်။

ဒီလိုအခြေအနေတွေ ထပ်မံကြုံတွေ့ရရင်ဒေသတွင်းနေထိုင်ကြတဲ့ မွန်တိုင်းရင်းသားတွေအနေနဲ့လုံခြုံရေးအစီအမံတွေကြိုတင်ပြင်ဆင်ထားကြဖို့နဲ့ မွန်ပြည်သစ်ပါတီနဲ့ပူးပေါင်းဆောင်ရွက်ကြဖို့ထုတ်ပြန်ချက်မှာ အသိပေးတာတွေ့ရပါတယ်။

မွန်ပြည်သစ်ပါတီဟာအပစ်ရပ် NCA လက်မှတ်ထိုးထားတဲ့အဖွဲ့ပြီး အာဏာသိမ်းစစ်ကောင်စီနဲ့ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးမှုပြုလုပ်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။