Connect with us

Hi, what are you looking for?

သတင်း

စစ်အာဏာရှင်စနစ်ဆိုးကို အပြီးတိုင်ဖြုတ်ချရေး အတူတကွ ကြိုးပမ်းနိုင်လိမ့်မည်ဟု ယုံကြည် ကြောင်း ကရင့်တော်လှန်ရေးနေ့သို့ NUG ကာကွယ်ရေး သဝဏ်လွှာပို့

ယနေ့ (ဇန်နဝါရီ ၃၁ရက်)တွင် ကျရောက်သည့် (၇၄)နှစ်မြောက်ကရင့်တော်လှန်ရေးနေ့သို့ သဝဏ်လွှာပေးပို့ ခဲ့ခြင်းဖြစ်သည်။

(၇၁)နှစ်မြောက်ကရင့်တော်လှန်ရေးနေ့အခမ်းအနားကျင်းပနေစဉ်၊ဓာတ်ပုံ - KNU
(၇၁)နှစ်မြောက်ကရင့်တော်လှန်ရေးနေ့အခမ်းအနားကျင်းပနေစဉ်၊ဓာတ်ပုံ - KNU

တိုင်းရင်းသားပြည်သူလူထုတရပ်လုံး၏ ဘုံရည် မှန်းချက်ပန်းတိုင်ဖြစ်သော စစ်အာဏာရှင် စနစ် ဆိုးကို အပြီးတိုင်ဖြုတ်ချပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဌာန်းခွင့်၊ တန်းတူရေးနှင့် တရားမျှတမှုတို့ကို အပြည့်အဝအာမခံသည့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုကိုထူထောင်နိုင်ရန် အတူတကွ လက်တွဲညီစွာဖြင့် ကြိုးပမ်းအားထုတ်နိုင်လိမ့်မည်ဟု အလေးအနက် ယုံကြည်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနကရင့်တော်လှန်ရေးနေ့သို့ သဝဏ်လွှာပေးပို့သည်။

ယနေ့ (ဇန်နဝါရီ ၃၁ရက်)တွင် ကျရောက်သည့် (၇၄)နှစ်မြောက်ကရင့်တော်လှန်ရေးနေ့သို့ သဝဏ်လွှာပေးပို့ ခဲ့ခြင်းဖြစ်သည်။

Public Service Announcement
Public Service Announcement

ကရင်အမျိုးသားပြည်သူလုထုတရပ်လုံး လေးစားဂုဏ်ယူတန်ဖိုးထားရသည့် နေ့ထူးနေ့မြတ် ဖြစ်သည်နှင့် အညီ အမျိုးသားညီညွတ်ရေး အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် ကရင့်တော်လှန်ရေးနေ့ကို ကရင်အမျိုးသားများနှင့် ထပ်တူဂုဏ်ပြုဦညွှတ်ကြိုဆိုသည်ဟု ဖော်ပြသည်။

ကရင့်တော်လှန်ရေးခရီးအတွင်း ကရင်ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်များကို ကာကွယ် စောင့်ရှောက်ရင်း အသက်၊ကိုယ်လက်အင်္ဂါ စွန့်လွှတ်ပေးဆပ်ခဲ့ရသည့် ကရင့်အာဇာနည်ခေါင်းဆောင်ကြီးများ၊ ကရင့်သူရဲကောင်းများနှင့် ကရင်ပြည်သူများကိုလည်း လေးနက်စွာအောက် မေ့ဦးညွှတ် ဂုဏ်ပြုအပ်သည်ဟု သဝဏ်လွှာ၌ ပါရှိသည်။

Public Service Announcement

Public Service Announcement

ယနေ့အချိန်အခါသည် ကရင်အမျိုးသားများနှင့် အတူ တိုင်းရင်းသားပြည်သူလူထုတရပ်လုံး ကြုံတွေ့ခံစားနေရသည့် စစ်အာဏာရှင်စနစ်ဆိုးနှင့် အကြမ်းဖက်စစ်တပ်၏ ဆိုးသွမ်းယုတ်မာသော လုပ်ရပ်များကို ကျော်လွှားနိုင်ရန် တစ်တိုင်းပြည် လုံး အာဏာသိမ်းစစ်ကောင်စီအားဟန်ချက်ညီစွာဖြင့် ရွပ်ရွပ်ချွံချွံ ခုခံတွန်းလှန်နေသော ကာလဖြစ် ကြောင်း ဖော်ပြထားသည်။

KNUဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးကလည်း ခုခံတော်လှန်ရေး မုချအောင်မြင်ရမည်ဖြစ် ကြောင်း၊ ပန်းတိုင်ပြီးမြောက်အောင်မြင်သည်အထိဆုံးခန်းတိုင်အောင် ကြိုးပမ်းအားထုတ်ကြန်ရန်နှင့် အတူတကွ ပူးပေါင်းလုပ်ဆောင်ကြရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေး PDF တပ်ဖွဲ့စည်းပုံ ပြောင်းလဲချိန် လွှဲပေးရမယ့် ဘဏ္ဍာရေးနဲ့ရွှေလုပ်ငန်းဆိုင်ရာ စာရင်းတွေ ဖျက်ဆီးခဲ့ဟု ဖော်ပြ

သတင်း

စစ်သားတွေကို မူးယစ်ဆေးရောင်းချပြီး ပျော်အောင်ထား လိုရာစေခိုင်းနေဟု အလင်းဝင်လာတဲ့ စစ်မှုထမ်းတပ်သား ဖွင့်ဟ

ဆောင်းပါး

စစ်တပ်က​တော်လှန်​ရေးတပ်ဖွဲ့​တွေသိမ်းပိုက်ထိန်းချုပ်ထားတဲ့​ဒေသ​တွေကို အင်အားအများအပြားနဲ့တန်ပြန်ထိုးစစ်ဆင်လာတာမှာ ​တော်လှန်​ရေးတပ်​တွေရဲ့ခုခံတိုက်ခိုက်မှု​ကြောင့် ​ဒေသအနှံအပြားမှာတိုက်ပွဲ​တွေပြင်းထန်​နေပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF)မှာ စစ်မဟာဗျူဟာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီကို ဖွဲ့စည်းထားပြီး အဲဒီ ကော်မတီမှာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးနဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ ၄ ဖွဲ့က စစ်ရေးခေါင်းဆောင် ၂ဦးစီ စုစုပေါင်း ၁၀ဦး ပါဝင်တယ်လို့ SCEF အဖွဲ့ဝင် ချင်းအမျိုးသားတပ်ဦး(CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။