Connect with us

Hi, what are you looking for?

သတင်း

ကရင့်အမျိုးသားတော်လှန်ရေးနေ့

(၇၄)နှစ်မြောက် ကရင့်အမျိုးသားတော်လှန်ရေးနေ့ အခမ်းအနားကို ယနေ့ ဇန်နဝါရီ(၃၁)ရက်တွင် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဗဟိုဌာနချုပ်၌ ဂုဏ်ပြုကျင်းပခဲ့သည်။

ဓာတ်ပုံ-ကရင်လူငယ်အစည်းအရုံး(KYO)

ကေအဲန်ယူ ဗဟိုဌာနချုပ်တွင် ကျင်းပပြုလုပ်သော ကရင့်တော်လှန်ရေးနေ့ အခမ်းအနားကို တက်ရောက်လာသော ဧည့်သည်တော်များ၊ ခေါင်းဆောင်များမှ ကရင်အမျိုးသားအလံတော်အား အလေးပြုခြင်းဖြင့် အစီအစဉ်စတင်ခဲ့ပြီး ကေအဲန်ယူ ဒုတိယဥက္ကဌ ပဒိုစောကွယ်ထူးဝင်း၊ တွဲဖက်အထွေထွေအတွင်းရေးမှူး (၂) ပဒိုစောလှထွန်း၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ပဒိုစောသမိန်ထွန်းနှင့် စအောင်မျိုးထက်တို့မှ ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခြင်း၊ သဝဏ်လွှာဖတ်ကြားခြင်း၊ မိန့်ခွန်းပြောကြားခြင်းများ လုပ်ဆောင်ခဲ့သည်။

ထို့နောက် (၇၄) နှစ်မြောက် ကရင်အမျိုးသားတော်လှန်ရေးနေ့သို့ ပေးပို့သော ကရင်လူငယ်အစည်းအရုံး၏ သဝဏ်လွှာနှင့် ကရင်အမျိုးသမီးအစည်းအရုံး၏ သဝဏ်လွှာအား ဖတ်ကြားခဲ့ပြီး ကေအဲန်ယူ ဗဟိုကော်မတီဝင် ပဒိုစောကလယ်စေးမှ အသိပေးကြေညာခြင်းနှင့် ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း၊ တော်လှန်ရေးနေ့အစီအစဉ်ကို ကရင်အမျိုးသားသီချင်းဖြင့် သီဆိုကာ ရုတ်သိမ်းခဲ့ကြောင်း KYO ၏ ထုတ်ပြန်ထားချက်မှ သိရသည်။

ကေအဲန်ယူ ဥက္ကဌ ဗိုလ်ချုပ်ကြီးစောမူတူးစေဖိုးက ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီးတည်ဆောက်နိုင်ရေး၊ မိမိတို့ ကရင်အမျိုးသားများနှင့် ပြည်သူလူထုတစ်ရပ်လုံးအတွက် တရားမျှတမှု၊ တန်းတူညီမျှမှုနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်များအတွက် ပြီးမြောက်အောင်မြင်သည်အထိ ကြိုးပမ်းအားထုတ်ကြရမည်ဖြစ်သလို မိမိတို့၏ ကြိုးပမ်းအားထုတ်မှုများ ပိုမိုအားကောင်းစေရေးနှင့် အောင်မြင်ရေးအတွက် အခြားသော လူမျိုးများ၊ အစုအဖွဲ့များနှင့် လက်တွဲလုပ်ဆောင်ကာ ကြိုးပမ်းအားထုတ်ကြရမည်ဟု ကရင့်တော်လှန်ရေးနေ့မိန့်ခွန်း၌ တိုက်တွန်းပြောကြားထားသည်။

ဆက်စပ်သတင်းများ

သတင်း

CRPH သည် မွန်တော်လှန်ရေး ခေါင်းဆောင်များနှင့် တိုင်းရင်းသားတို့၏ဆန္ဒဖြစ်သည့် စစ်မှန်သောငြိမ်းချမ်းရေးကိုရယူပြီး လွတ်လပ်၍သာတူညီမျှသည့် ပြည်ထောင်စုကြီးတည်ဆောက်နိုင်ရေး တိုင်းရင်းသားညီနောင်များ နှင့်အတူတကွ လက်တွဲကြိုးပမ်းသွားမည်ဖြစ်ကြောင်း ကတိပြုသည်။

News

အခမ်းအနားတွင်စစ်ဦးစီးချုပ်ကကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လ၏ မန့်ခွန်းကိုရှင်းလင်းတင်ပြခဲ့ပြီးနောက် မဟာမိတ် တိုင်းရင်းသား ညီနောင်အဖွဲ့များမှ ပေးပို့သည့် သဝဏ်လွှာကိုဖတ်ကြားခဲ့သည်ဟု KIA သတင်းနှင့်ပြန်ကြားရေးဌာနကဖော်ပြသည်။

Facebook