Connect with us

Hi, what are you looking for?

သတင်း

မြင်းခြံတွင် စစ်ကြောင်းထိုးရန်လာသည့် စစ်ကောင်စီတပ်အား မိုင်းဆွဲတိုက်ခိုက်

ဇန်နဝါရီ ၂၉ ရက် မွန်းလွဲပိုင်းကလည်း မြင်းခြံမြို့နယ်၊ နဘူးအိုင်ရွာမှ ထွက်ခွာလာသော စစ်အုပ်စုလိုက်ပါလာသည့် ပါကျဲရိုးကားတစ်စီးအား မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ကားပေါ်ပါ စစ်ကောင်စီအုပ်စုထိခိုက်မှုများရှိနိုင်ကြောင်း ရွှေခြံသားပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

မြင်းခြံတွင် စစ်ကြောင်းထိုးရန်လာသည့် စစ်ကောင်စီတပ်အား မိုင်းဆွဲတိုက်ခိုက်
မြင်းခြံတွင် စစ်ကြောင်းထိုးရန်လာသည့် စစ်ကောင်စီတပ်အား မိုင်းဆွဲတိုက်ခိုက်

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် စစ်ကြောင်းထိုးရန်အတွက် ထော်လာဂျီဖြင့်ခေါက်တုံ့ ခေါက် ပြန်ပို့နေသည့် စစ်ကောင်စီတပ်အား ပဒေသာမိုင်းဖြင့် မိုင်းဆွဲတိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုများရှိကြောင်း နဂါးနီပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ)ခေါင်းဆောင် ကိုမိုင်းမိုက်က ပြောကြားသည်။

ယမန်နေ့ (ဇန်နဝါရီ၃ဝ ရက်)နံနက် ၉ နာရီခန့်က မြင်းခြံမြို့နယ်၊ ပျိုးကန်ကျေးရွာမှ ဓူဝံရွာဘက်သို့စစ်ကြောင်းထိုးရန်အတွက် ထော်လာဂျီယာဥ်ဖြင့် စစ်ကောင်စီတပ်သား ၃၀ခန့်ကို နှစ်ကြိမ်ခွဲကာ ပို့ဆောင်ခဲ့သည်။

ပထမအခေါက် ပို့ဆောင်မှုကို စောင့်ကြည့်ကာ လွှတ်ပေးလိုက်ပြီး ဒုတိယအခေါက်တွင် နှစ်ဆင့်ကွဲ ပဒေသာမိုင်း (၁၅)လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း၊ ထော်လာဂျီမှာ ထိုးရပ်ပျက်စီးသွားသည်အထိ တည့်တည့်ထိမှန်သွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ဝ ဦးခန့်ထိခိုက်သေဆုံးနိုင်ကြောင်း နဂါးနီပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင်က ပြောသည်။

Public Service Announcement
Public Service Announcement

“ယုန်တိုးကနေလာတာဗျ။ ပျိုးကန်မှာတစ်ညအိပ်တယ်။ အင်အားအတိအကျကို အရင်နေ့တွေကတည်းက အတိကျသိထားတာပါ။ ပထမအခေါက် ကနည်းတယ်ဗျ။ ပထမအခေါက်လွှတ်ပေးလိုက်ရတယ်ဆိုတာကလည်း ​နောက်မှာ ကျန်သေးတယ်လေ။ ခွဲလိုက်ရင် ကျွန်တော်တို့ပိတ်မိမှာ။ အဲဒါကြောင့် နောက်ကျန်တာဦးစားပေးခဲ့တာပါ။”ဟု ကိုမိုင်းမိုက်က ပြောသည်။

Public Service Announcement

Public Service Announcement

ထိုစစ်ကောင်စီတပ်သည် ယမန်နေ့ညက စံပြရွာ၌ ညအိပ်ခဲ့ပြီး ယနေ့အထိတပ်စွဲထားကာ ရွာအားမီးရှို့မည်ဟု ခြိမ်းခြောက်ထားကြောင်း ဒေသခံများက ပြောသည်။

ဇန်နဝါရီ ၂၉ ရက် မွန်းလွဲပိုင်းကလည်း မြင်းခြံမြို့နယ်၊ နဘူးအိုင်ရွာမှ ထွက်ခွာလာသော စစ်အုပ်စုလိုက်ပါလာသည့် ပါကျဲရိုးကားတစ်စီးအား မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ကားပေါ်ပါ စစ်ကောင်စီအုပ်စုထိခိုက်မှုများရှိနိုင်ကြောင်း ရွှေခြံသားပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်လက်အောက်ခံအုပ်ချုပ်ရေးမှူးအဖွဲ့တွေကလည်း ရပ်ကွက်တိုင်းကို အိမ်ထောင်စုဇယားတောင်းပြီး ငွေကောက်ခံဖို့ စီစဉ်နေ

သတင်း

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ သီတာယုမွန်ရဲ့ ပျူစောထီးတွေနဲ့ စစ်သားတွေက ကျေးရွာတွေက ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌စစ်ဘေးရှောင် ပြည်သူနေအိမ်တွေက တံခါးရွက်‌နဲ့သွပ်တွေကို ဖြုတ်ခိုးနေတယ်လို့ ‌ ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊မင်းတုန်းအနောက်ခြမ်းကတဆင့် ရခိုင်ရိုးမပေါ် စစ်ကြောင်းထိုးဖို့ ပေါ်တာဆွဲခံထားရတဲ့ စစ်မှုထမ်းတပ်သားသစ်တွေအနေနဲ့ စစ်အုပ်စုအရာရှိတွေကို ရှင်းလင်းနိုင်ခဲ့ရင် ကျပ်သိန်း ၁၀၀ ကနေ ၁၀၀၀ အထိ ရာထူးအဆင့်ပေါ်မူတည်ပြီး ဆုပေးမယ်လို့ သရက်ခရိုင်ပကဖ(ပြည်သူ့ကာကွယ်ရေးအဖွဲ့)တာ၀န်ခံကိုဗဟိန်းက ပြောကြားလိုက်ပါတယ်။

သတင်း

မန္တလေးတိုင်း၊မြင်းခြံမြို့နယ်၊စံပြကျေးရွာက စစ်တပ်အထိုင်စခန်းကိုတော်လှန်ရေးပူးပေါင်းတပ် တွေက ဒီနေ့မနက်ပိုင်းမှာ တိုက်ခိုက်သိမ်းယူနိုင်ခဲ့တယ်လို့ မြင်းခြံမြို့နယ်၊ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) သတင်းပြန်ကြား ရေးတာဝန်ခံက​ပြောပါတယ်။