Connect with us

Hi, what are you looking for?

သတင်း

ရွှေဘိုမြို့နယ်တိုက်ပွဲ Black Wolfအဖွဲ့ ရဲဘော်သုံးဦးကျဆုံး

ရဲဘော် သုံးဦးကျဆုံးခဲ့၍ အထူးဝမ်းနည်းပြီး စစ်ကောင်စီတပ်အား လက်တုံ့ပြန်သွားမည်ဟု BLACK WOLF – ARMY က အသိပေးသည်။

(BLACK WOLF - ARMY မှ ရဲဘော်များအား တွေ့ရစဉ်)
(BLACK WOLF - ARMY မှ ရဲဘော်များအား တွေ့ရစဉ်)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ရွှေဘို-မန္တလေးလမ်းပိုင်း ဘုန်းဘွဲ့ကျေးရွာအနီးတွင် စစ်ကောင်စီတ​ပ်နှင့်တိုက်ပွဲဖြစ်ပွားရာ ရဲဘော် သုံးဦးကျဆုံးခဲ့ကြောင်း BLACK WOLF – ARMYတပ်ဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ယမန်နေ့ (ဖေဖော်ဝါရီ ၁ရက်)မွန်းလွဲ ၁ နာရီခန့်က ရွှေဘိုမြို့နယ် ၊ ဘုန်းဘွဲ့ကျေးရွာအနီးတွင် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်နှင့် ထိတွေ့တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားခဲ့ရာ နာရီဝက်ခန့်ကြာမြင့်ခဲ့ကြောင်း BLACK WOLF – ARMYတပ်ဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

အဆိုပါတိုက်ပွဲတွင် တပ်စုမှူး ရဲဘော်ပိုင်ကြီး၊ (တပ်စုမှူး )၊ Fundrising and Photographer ရဲဘော်ခန့်သီဟနှင့် ရဲဘော် ဝင်းစိုးတို့ ကျဆုံးခဲ့ကြောင်း အထက်ပါတာဝန်ခံက ပြောသည်။

“ရဲဘော် သုံးဦးက လက်နက်ကြီးထိပြီး ကျတာပါ။”ဟု BLACK WOLF – ARMY တပ်ဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်သည် ရွှေဘိုမြို့မှ ခြေလျင်စစ်ကြောင်းဖြင့် ထွက်ခွာလာခြင်းဖြစ်ပြီး တိုက်ပွဲဖြစ်ပွားပြီးနောက် ဘုန်းဘွဲ့ကျေးရွာ ရွှေဓားကြောင်း တောင်ဘက်မှ စိုင်နိုင်လေး ရွာဘက်သို့ လက်နက်ကြီးများ ပစ်ခတ်ဝင်ရောက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

ရဲဘော် သုံးဦးကျဆုံးခဲ့၍ အထူးဝမ်းနည်းပြီး စစ်ကောင်စီတပ်အား လက်တုံ့ပြန်သွားမည်ဟု BLACK WOLF – ARMY က အသိပေးသည်။

တိုက်ပွဲဖြစ်စဥ်နှင့် စစ်အုပ်စုဘက်ကထိခိုက်မှုအ​ခြေအနေကို BLACK WOLF – ARMY က အသေးစိတ်ထုတ်ပြန်ခြင်းမရှိသေးပေ။

ရွှေဘို-မန္တလေးလမ်းမကြီးပေါ်တွင် စစ်ကောင်စီတပ်သည် လမ်းပိုင်းအချို့၌တပ်စွဲထားပြီး ခရီးသွားများအား ခြိမ်းခြောက်ငွေတောင်းခြင်း၊ ရွှေဘိုနှင့်ဝက်လက်နယ်များရှိ ကျေးရွာများအား စစ်ကြောင်းထိုးခြင်းများ ပြုလုပ်နေသည်။

ဆက်စပ်သတင်းများ

သတင်း

ဝိုင်းမော်တွင် အင်အားထောင်ချီစုစည်းကာ KIA သိမ်းပိုက်ထားသည့် ပန်ဝါ၊ ချီဖွေ၊ ကန်ပိုက်တီကို ထိုးစစ်ဆင်ရန် စစ်ကောင်စီပြင်ဆင်နေဟုဆို

သတင်း

စစ်ကိုင်းတိုင်း၊တမူးမြို့နယ်၊ပန်းသာရွာအနီးရှိ ခမိတ်ရွာ၌ ယမန်နေ့ညပိုင်းတွင်တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့ပြီး ​ဒေသခံပြည်သူများလေကြောင်းအန္တရာယ်သတိပြုကြရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက သတိပေးသည်။

သတင်း

ကရင်ပြည်နယ်၊ ကျုံဒိုး - ကော့ကရိတ်လမ်းပိုင်းမှာ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ် စစ်ကြောင်း လန်ကျပြီး အထိနာနေတယ်လို့ ကော့ကရိတ်ဒေသက PDFစစ်ကြောင်းမှူးတစ်ဦးက ပြောပါတယ်။

သတင်း

ကရင်ပြည်နယ် ၊ ကျုံဒိုး - ကော့ကရိတ် လမ်းပိုင်းကို စိုးမိုးနိုင်ဖို့အတွက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် ၊ ခွဲထွက် DKBA တို့နဲ့ KNU ပူးပေါင်းတပ်တွေကြားတိုက်ပွဲဖြစ်နေပြီး စစ်ကောင်စီတပ်က နေ့စဉ်နီးပါး လေကြောင်းကနေ တိုက်ခိုက်နေတယ်လို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။