Connect with us

Hi, what are you looking for?

သတင်း

သံတောင်(၁၃)မိုင်မြို့ရှိ နေအိမ်များ မီးရှို့ခံရ

စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် သံတောင်(၁၃)မိုင်မြို့ပေါ်ရှိ ဒေသခံများ၏ နေအိမ်အနည်းဆုံး(၃)လုံး မီးလောင်ပျက်စီးခဲ့ကြောင်း သံတောင်ဒေသခံများက ဆိုသည်။

သံတောင်(၁၃)မိုင်မြို့ရှိ နေအိမ်များ မီးရှို့ခံရ
သံတောင်(၁၃)မိုင်မြို့ရှိ နေအိမ်များ မီးရှို့ခံရ

သံတောင်မြို့ပေါ်တွင် ယနေ့ညနေပိုင်း၌ စစ်ကောင်စီတပ်က နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများကပြောသည်။

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၂)နယ်မြေ တောင်ငူ-သံတောင်(၁၃)မိုင်ကားလမ်းတွင် ယနေ့နံနက်အစောပိုင်းက စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများကြား တိုက်ပွဲဖြစ်ပွားပြီးနောက် ယင်းကဲ့သို့မီးရှို့ခြင်းဖြစ်သည်။

ယနေ့ ဖေဖေါ်ဝါရီလ(၄)ရက်နေ့ နံနက်အစောပိုင်း၌ တောင်ငူမြို့အနီးရှိ တောင်ငူ-သံတောင်(၁၃)မိုင်ကားလမ်း (၅)မိုင်တွင် သံတောင်မြို့ဘက်မှ ဆင်းလာသည့် စစ်ကောင်စီကားတန်းကို တော်လှန်ရေးအင်အားစုများက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။

” ဒီကနေ့မနက်အစောကြီး (၅)မိုင်မှာ တိုက်ပွဲဖြစ်တယ်။ ဘောဂလိ သံတောင်ဘက်ကနေ ဆင်းလာတဲ့ စစ်ကားကို တော်လှန်ရေးအဖွဲ့ဘက်က ပစ်တာပေါ့။ (၅)မိုင်က တောင်ငူနဲ့ နည်းနည်းပိုနီးတယ်” ဟု သံတောင်ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

တိုက်ပွဲဖြစ်ပွားပြီးသည့်နောက် ယနေ့ ညနေပိုင်းတွင် စစ်ကောင်စီတပ်ဘက်မှ သံတောင်(၁၃)မိုင်မြို့ပေါ်ရှိ ဒေသခံများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သလို ရဟတ်ယာဉ်တစ်စီးလည်း လာရောက်ပျံဝဲနေကြောင်း ဒေသခံများထံမှ သိရသည်။

“လက်နက်ချင်းချတာ မနိုင်တော့ အိမ်တွေ မီးပတ်ရှို့၊ သူတို့တတ်တာ ဒါပဲ” ဟု သံတောင်ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် သံတောင်(၁၃)မိုင်မြို့ပေါ်ရှိ ဒေသခံများ၏ နေအိမ်အနည်းဆုံး(၃)လုံး မီးလောင်ပျက်စီးခဲ့ကြောင်း သံတောင်ဒေသခံများက ဆိုသည်။

သံတောင် (၁၃)မိုင်မြို့တွင် ပြီးခဲ့သည့် ဇန်နဝါရီလ(၂၇)ရက်ကစ၍ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများအကြား စစ်ရေးပဋိပက္ခဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က သံတောင်မြို့ထဲကို လက်နက်ကြီး၊ လက်နက်ကြီးငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ရာ ဘာသာရေးအဆောက်ဦးနှင့် ဒေသခံများ၏ နေအိမ်အဆောက်အဦးများ ထိခိုက်ပျက်စီးခဲ့သလို အရပ်သားများကိုလည်း စစ်ကောင်စီတပ်က ဖမ်းဆီးနှိပ်စက်မှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်၏ ယခုလို လူ့အခွင့်အရေးချိုးဖောက်ဆောင်ရွက်မှုများနှင့် စစ်ရေးလှုပ်ရှားမှုများကြောင့် သံတောင်မြို့ခံပြည်သူလူထုအများအပြား ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သံတောင်ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်‌တချို့မှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နေအိမ်တွေအထိ ရေဝင်တာတွေ ဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းက နေအိမ်တွေအပြင် ဒေသခံတောင်သူသူတွေရဲ့ မျိုးမြေပဲတွေကိုပါ မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က စစ်ရှောင်ပြည်သူတွေရဲ့ နေအိမ်တွေ အလုံးလိုက် စျေးဖြတ်ပြီးရောင်းချနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့ပေါ်ကို အာဏာသိမ်းစစ်တပ်က မီးရှို့ဖျက်ဆီးသွားပြီး ပြည်သူအချို့ ဖမ်းဆီးသတ်ဖြတ်ခံထားရကြောင်း ဒေသခံတွေက ပြောပါတယ်။