Connect with us

Hi, what are you looking for?

သတင်း

ငါန်းဇွန်တွင် ညကင်းပတ်ထွက်လာ​သော စစ်ကောင်စီတပ်ကို တိုက်ခိုက်

ဖေဖော်ဝါရီ ၃ ရက် မွန်းလွဲပိုင်းကလည်း ငါန်းမြာ-ငါန်းဇွန်လမ်းပိုင်း သားကျင်ရွာအနီးတွင် စစ်ကောင်စီယာဥ်တန်း မိုင်းဆွဲခံခဲ့ရသေးသည်။

(ငန်းဇွန်မြို့နယ်ကို Google Map.တွင်​တွေ့ရမှု)
(ငန်းဇွန်မြို့နယ်ကို Google Map.တွင်​တွေ့ရမှု)

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်တွင် ညကင်းပတ်ထွက်လာသည့် စစ်ကောင်စီအုပ်စုကို မိုင်းဆွဲတိုက်ခိုက်ရာ အများအပြားသေဆုံးကြောင်း ဒေသတွင်း တော်လှန်ရေးအင်အားစုများက ပြောသည်။

ဖေဖော်ဝါရီ ၄ ရက်နေ့ ည ၁၂ နာရီ ၁၅ မိနစ်ခန့်က ငါန်းဇွန်မြို့၊ အရှေ့ဘက် မြို့နှင့် ၃ မိုင်အကွာ ငွေစင်ကုန်းရွာနှင့် ညောင်ပင်ကြီးရိုးရွာကြား ငါန်းဇွန်-တံတားဦးသွား ကားလမ်းပေါ်တွင် ကားတစ်စီး၊ ဆိုင်ကယ် ၅ စီးဖြင့် ကင်းလှည့်လာသော ၁၀ ဦးပါ စစ်ကောင်စီတပ်ဖွဲ့ ကင်းလှည့်ယာဥ်တန်းအား မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသတွင်း တော်လှန်ရေးအင်အားစုများက ပြောသည်။

ထိုယာဥ်များပေါ်တွင် စစ်ကောင်စီတပ်၊ ရဲနှင့် ပျူများပါဝင်ပြီး မိုင်းဆွဲပြီးနောက် လက်နက်ကြီးဖြင့် ၂ ချက်ပစ်ကာ တိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးအင်အားစုများက ပြောသည်။

ထို့နောက် လက်နယ်ငယ်များဖြင့်ပါထိပ်တိုက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ မိနစ် ၂၀ ခန့် ကြာမြင့်ခဲ့ကြောင်း မန္တလေးခရိုင်၊ အမှတ် ( ၅ ) တပ်ရင်း Myitnge PDF အဖွဲ့ တာဝန်ခံက ပြောသည်။

Public Service Announcement

Public Service Announcement

“လက်လုပ်ဆွဲမိုင်းနဲ့ တိုက်ခိုက်ခဲ့တာပါ။ ငါန်းဇွန်ကနေ ၁၄ မိုင်လမ်းမပေါ် ထွ​က်လာတာ။ တံတားဦးဘက်လောက်အထိ ပတ်ကင်းထွက်တဲ့အဖွဲ့ပါ။”ဟု မန္တလေးခရိုင်၊ အမှတ် ( ၅ ) တပ်ရင်း Myitnge PDF အဖွဲ့ တာဝန်ခံက ပြောသည်။

Public Service Announcement
Public Service Announcement

ထိုစစ်ဆင်ရေးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၉ ဦး နေရာတွင်သေဆုံးပြီး ၁ ဦး ပြင်းထန်ဒဏ်ရာရရှိကြောင်း၎င်းကဆိုသည်။

တိုက်ပွဲဖြစ်ပွားနေချိန်အတွင်း ငါန်းဇွန်မြို့နှင့် တံတားဦးမြို့မှ စစ်ကောင်စီတပ်များသည် ကားများဖြင့်အင်အားများ တပ်ကူချက်ချင်းရောက်လာပြီး လက်နက်ကြီးလက်နက်ငယ်များ ပစ်ခတ်ခဲ့သည်ဟု Myitnge PDF အဖွဲ့ တာဝန်ခံက ပြောသည်။

“သွေးကွက်တွေမြင်ရတဲ့ ဒေသခံများရဲ့ပြောစကားအရရယ်၊ ရဲဘော်တွေနဲ့ ပေ ၁၀၀ အကွာမှာ ရင်ဆိုင်တိုက်ပွဲ ဖြစ်တာလေ။၉ ယောက်မှာ တစ်ယောက်ကမသေတာကြောင့် လက်နက်ကောက်ဖို့ အဆင်မပြေသွားတာ။”ဟု ငါန်းဇွန်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)၏ တာဝန်ခံကဆို သည်။

ထို့ကြောင့် လက်နက်မကောက်နိုင်တော့ဘဲ ပြန်ဆုတ်ခဲ့​သည်ဟုဆိုသည်။ စစ်​ကောင်စီတပ်​သေဆုံးထိခိုက်မှုကို People’s Spring ကသီးခြားအတည်မပြုနိုင်ပါ။

ထိုစစ်ဆင်ရေးကို ငါန်းဇွန်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) ၏ ညှိ့နှိုင်းကွပ်ကဲမှု နှင့်အတူ မြင်းခြံခရိုင်ရင်း ၆ ( ငါန်းဇွန် )၊ စစ်ကိုင်းခရိုင် ရင်း ၂၊ မန္တလေးခရိုင် ရင်း ၅ MNPDF ( မြစ်ငယ်)၊ ဇာမဏီပြောက်ကျားတပ်ဖွဲ့(ငါန်းဇွန်)၊ နောင်ရိုးအထူးပြောက်ကျားတပ်ဖွဲ့၊ဒေါင်းဖိုက်တာပြောက်ကျားတပ်ဖွဲ့၊ ခုနှစ်စင်ကြယ်ပြောက်ကျားတပ်ဖွဲ့၊TGYR ပြောက်ကျားတပ်ဖွဲ့၊ မီးနဂါးပြောက်ကျားတပ်ဖွဲ့၊ special task foce၊ ပြည်သူ့အင်အား၊ LPDF ( စဥ့်ကိုင်)၊ MSPDF(မြောင်)တပ်ရင်းတပ်ဖွဲ့၊ ငါန်းဇွန် local အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးသည်။

ဖေဖော်ဝါရီ ၃ ရက် မွန်းလွဲပိုင်းကလည်း ငါန်းမြာ-ငါန်းဇွန်လမ်းပိုင်း သားကျင်ရွာအနီးတွင် စစ်ကောင်စီယာဥ်တန်း မိုင်းဆွဲခံခဲ့ရသေးသည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

စစ်သား ၁၄ ဦး အညံ့ခံ၊ လက်နက်ခဲယမ်းတွေသိမ်းရ၊စစ်ရာဇဝတ်မှုကျူးလွန်သူတွေကိုစစ်ဥပ​ဒေနဲ့အ​ရေးယူမည်

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။