Connect with us

Hi, what are you looking for?

သတင်း

ထားဝယ်အထူးစီးပွားရေးဇုန်တပ်စွဲမည့် စစ်ကောင်စီတပ်ကို ကာကွယ်ရေးအဖွဲ့တိုက်ခိုက်

ထားဝယ်မြို့မြောက်ဘက် (၁၈)မိုင်ခန့်အကွာ ထားဝယ်အထူးစီးပွားရေးဇုန်ကို လုံခြုံရေးပေးနေသည့် စစ်ကောင်စီ၏ ရဲကင်းစခန်းကို ဒေသခံကာကွယ်ရေးအဖွဲ့ ၅ခုက ပြီးခဲ့သည့် ဒီဇင်ဘာ ၂၄ ရက်က ဝင်ရောက်တိုက်ခိုက်ခဲ့သေးသည်။

ထားဝယ်အထူးစီးပွားရေးဇုန်တစ်နေရာအား တွေ့ရစဉ်၊ ဓာတ်ပုံ - CJ
ထားဝယ်အထူးစီးပွားရေးဇုန်တစ်နေရာအား တွေ့ရစဉ်၊ ဓာတ်ပုံ - CJ

တနင်္သာရီတိုင်း၊ ထားဝယ်အထူးစီးပွားရေးဇုန်တွင် တပ်စွဲရန်လာသည့် စစ်ကောင်စီတပ်ကို ဒေသခံကာကွယ်ရေးတပ်များက တိုက်ခိုက်သဖြင့် ယနေ့ နံနက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်က အထူးစီးပွားရေးဇုန်တွင် ဘန်ကာဆောက်ပြီး တပ်စွဲရန်ဆောက်လုပ်ရန်ပြင်ဆင်နေချိန်တွင် ဒေသခံကာကွယ်ရေးတပ်များက စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့်နီးစပ်သူတစ်ဦးက ပြောသည်။

“ရေတပ်က စစ်ကောင်စီတပ်သားတွေနဲ့ ရဲတွေက အခိုင်အမာ ဘန်ကာတွေဆောက်ဖို့လုပ်နေတာကို ဝင်တိုက်ခိုက်ခဲ့ပါ”ဟု ဒေသခံတစ်ဦးက ပြောသည်။

တိုက်ပွဲဖြစ်ချိန် နာရီဝက်ခန့်ကြာမြင့်ပြီး ဒေသခံကာကွယ်ရေးတပ်များက အထိအခိုက်မရှိဘဲ ပြန်လည်ဆုတ်ခွာသွားသည်ဟု ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

တိုက်ခိုက်ချိန်တွင် စစ်ကောင်စီတပ်သား ၁၀ဦးခန့်ရှိပြီး သုံးဦးထက်မနည်းသေဆုံးခဲ့ကြောင်းလည်း ကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့်နီးစပ်သူကပြောသည်။

စစ်ကောင်စီတပ်က အထူးစီးပွားရေးဇုန် အဝင်ဝတွင် တပ်စွဲရန် ပြင်ဆင်နေဆင်နေချိန်တွင် ကာကွယ်ရေးတပ်များက လက်နက်ကြီးများဖြင့်ပါ ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု အခြားဒေသခံတစ်ဦးကပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်သည် ကံပေါက်မောရဝတီရေတပ်စခန်းမှ စစ်ကားများဖြင့် အထူးစီးပွားရေးဇုန်ရှိရာ နဘုလယ်ဒေသကို ယနေ့ နေ့လယ်ပိုင်းစတင်ပြီး အင်အားဖြည့်တင်းနေသည်ဟုလည်း ဒေသခံများက ဆိုသည်။

ထားဝယ်မြို့မြောက်ဘက် (၁၈)မိုင်ခန့်အကွာ ထားဝယ်အထူးစီးပွားရေးဇုန်ကို လုံခြုံရေးပေးနေသည့် စစ်ကောင်စီ၏ ရဲကင်းစခန်းကို ဒေသခံကာကွယ်ရေးအဖွဲ့ ၅ခုက ပြီးခဲ့သည့် ဒီဇင်ဘာ ၂၄ ရက်က ဝင်ရောက်တိုက်ခိုက်ခဲ့သေးသည်။

အင်အား ၂၀ကျော်ရှိသည် အဆိုပါရဲကင်းစခန်းကို ၁နာရီကျော်ကြာ စီးနင်းတိုက်ခိုက်ခဲ့သော်လည်း ခံစစ်အခိုင်အမာပြင်ထား၍ ကာကွယ်ရေးတပ်များက တိုက်ခိုက်သိမ်းနိုင်ခဲ့ခြင်းမရှိပေ။

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် မောင်မယ်ရှောင်ရွာအနီး တိုက်ပွဲမှာ စစ်တပ်က ၁၂ဦးသေဆုံးပြီး လက်နက် ၈လက် သိမ်းရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က ထုတ်ပြန်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။